Links

clock

Tuesday, August 4, 2015

နိုင်ငံတော်သမ္မတ၏ စီစဉ်ပေးမှုဖြင့် ကလေးဒေသ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေသားများ ပေးအပ်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ကလေး သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသအတွင်း ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်သမ္မတ၏ စီစဉ်ပေး မှုဖြင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၂၅၈၇)စုသို့ တစ်အိမ်ထောင် လျှင် ထောက် ပံ့ကြေးငွေ ၂၀၀၀၀ ကျပ် စီ ကို သြဂုတ် ၃ရက် ညနေပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ကြေးငွေ ပေးအပ်ရာတွင် အနီးကပ်ကြီးကြပ်ပေးသည့် တိုင်းဒေ သကြီးလမ်းပန်း ဆက်သွယ် ရေး ၀န်ကြီးဌာန ၀န်ကြီးဦးအောင်ဇော်ဦး၊ ခရိုင်စီမံခန့် ခွဲ မှုကော်မတီဥက္ကဌ ဦးမောင်ထူးနှင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီ အဖွဲ့ဝင် ဦးအေးချိုတို့က ရေဘေးကယ်ဆယ်ရေးစခန်း ရှစ်ခုရှိ ကယ်ဆယ်ရေးစခန်း တာဝန်ယူခေါင်းဆောင်သူများထံသို့ ငွေသား ၅၁,၇၄၀,၀၀၀ ကျပ်ကို ပေးအပ်သည်။ ထိုသို့ပေးအပ်ရာတွင် ” ရေကျပြီး မိမိနေအိမ် ကိုပြောင်းရွှေ့ကြမယ် ဆိုရင်လည်း တစ်ပတ်စာ လုံလောက်မယ့် ဆန်ကို ထောက်ပံ့ပေးမယ်။

ဒါ့အပြင် နေရေးထိုင်ရေး အခြေကျပြီးရင်လည်း ခြောက်လစာ ဆန်ထောက်ပံ့ပေး ပါမယ်။ တောင်သူလယ်သမား တွေရဲ့ လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးတွေအပြင် အခြားလိုအပ်တဲ့ လယ်ယာကဏ္ဍတွေကိုလည်း ကူညီ ထောက်ပံ့ပေးပါမယ်” ဟု ဦးအောင်ဇော်ဦးက ပြောကြားသည်။ အဆိုပါကယ်ဆယ်ရေးစခန်း ရှစ်ခုတွင် ရေဘေး သင့်ပြည်သူစုစုပေါင်း (၁၂၄၁၉)ဦးရှိကြပြီး ထောက်ပံ့ ကြေးငွေရရှိသူ ပြည်သူများကလည်း အလွန် ဝမ်းမြောက် လျက်ရှိကြကြောင်း သိရသည်။

MOI

No comments:

Post a Comment