Links

clock

Wednesday, August 5, 2015

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရေဘေး အရေးပေါ်အခြေအနေကြုံ

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့ပတ်တာ ကျော်လုကျော်ခင်အထိ တက်လာသော မြစ်ရေများကို သြဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − MOI)

 ညောင်တုန်း၊ ဟင်္သာတမြို့များအပါအ၀င် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတစ်ခုလုံး ရေလွှမ်းမိုးမှုအန္တရာယ် အမြင့်မားဆုံး ဖြစ်ပေါ်နေကြောင်း မိုးလေ၀သပညာရှင်များက သတိပေးတပ်လှန့်လိုက်သည်။


ညောင်တုန်းမြို့သည် သြဂုတ် ၄ ရက်ညနေက မြို့၏ စိုးရိမ် ရေမှတ် ၂၄ ဒသမ ၅ ပေထက် တစ်ပေထိကျော်လွန်နေသည့်အတွက် လိမ္မော်ရောင်အဆင့်သတ် မှတ်ကြေညာထားသည်။ ရေမှာ မြို့မျက်နှာပြင်ထက်ပျမ်းမျှ ၅ ပေ ကျော်နေသည်။ ထို့ကြောင့် သက် ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များကို ကယ်ဆယ်  ရေးစခန်းများသို့စတင်ရွှေ့ပြောင်း ပေးနေပြီး မြေနိမ့်ပိုင်းရှိ နေအိမ် များမှ ပြည်သူအများစုမှာ ကယ် ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း နေကြောင်း သတင်းရရှိသည်။
ညောင်တုန်း မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း(၁၂) ခုဖွင့် လှစ်ထားပြီး ယမန်နေ့ညနေမှစ၍ ပြောင်းရွှေ့မှုများလုပ်ဆောင်နေ ကြောင်း၊ လူအင်အား ၁၀၀ကျော် ဖြင့် သဲအိတ်တစ်သိန်းခန့်တာဖို့ ခြင်းဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးကွက်ကဲရေးမှူးရုံး မှ ဒေါ်စန္ဒာဦးကပြောသည်။
မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာ အုပ်စု(၄၄) စုအနက် အများစုမှာ စာသင်ကျောင်းများ၊ ဘုန်းကြီး ကျောင်းများတွင် ရွှေ့ပြောင်းနေ ကြကြောင်း၊ ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်များ အဆင် သင့်ရှိသော်လည်း ယာဉ်အရေအ တွက် မသိကြောင်း ၎င်းက ပြော သည်။ နောက်သုံးရက်အတွင်း မြစ်ရေ ပေ၀က်မှ တစ်ပေအထိ မြင့်တက်လာလျှင်လည်း တာရိုး ပေါ်မှ ရေကျော်ခြင်းသာ ဖြစ်နိုင် ပြီး တာရိုးမကျိုးနိုင်ကြောင်း ရေများ ၀င်ရောက်နိုင်သော်လည်း စိုး ရိမ်ရသည့်အဆင့် မရောက်နိုင် ကြောင်း ဒေါ်စန္ဒာဦးကပြောကြားသည်။
ညောင်တုန်းမြို့နှင့် နီးကပ် နေသည့် ဇလွန်မြို့တွင်လည်း ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ် အထက် ၃ ပေခန့်ကျော်လွန်နေပြီး ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲအထိမြင့်တက်လျက်ရှိကြောင်း၊ လာမည့်သုံးရက် အတွင်း အဆိုပါမြို့များတွင် မြစ် ရေ ၆ လက်မအထိ ထပ်မံတိုးလာ နိုင်ကြောင်း မိုးလေ၀သနှင့် ဇလ ဗေဒဦးစီးဌာနက သြဂုတ် ၄ ရက် တွင် ထုတ်ပြန်ကြေညာသည်။
ထို့ကြောင့် ဟင်္သာတမြို့ပေါ်တွင် ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်ထားပြီး မြေနိမ့်ပိုင်းရှိပြည်သူများအား စတင်ရွှေ့ပြောင်းပေးထားကြောင်း ဟင်္သာတမြို့ရောက် 7 Day Daily သတင်းထောက်က သတင်းပေးပို့သည်။
ထို့အပြင် ဟင်္သာတမြို့နယ် တောင်လုံးစုကျေးရွာအုပ်စုတွင် လည်း ရေလွှမ်းမိုးမှုကြောင့် ဧရာ ၀တီမြစ်ကမ်းနံဘေးရှိဖောင်ချောင်း နှင့် အောက်ရွာလေးကျေးရွာနှစ် ရွာရှိ အိမ်ထောင်စု(၁၅၄) စုကို ရေလွတ်ရာသို့ ရွှေ့ပြောင်းထား ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောကြားသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေ သများမှာ ဧရာဝတီမြစ်အတိုင်း အထက်ပိုင်းရှိ မုံရွာနှင့် မကွေး ဘက်မှ ရေများ အများအပြားစီး ၀င်ရောက်လာနိုင်ခြင်းနှင့်အောက် ဘက်ရှိ ဘင်္ဂလားပင်လယ်အော် နှင့် တနင်္သာရီဘက်တွင် မုတ်သုံ လေအားကောင်းမှုကြောင့် မိုးများ ခြင်းဒဏ်များကို ညှပ်ပူးညှပ်ပိတ်ခံ ရကာ ရေလွှမ်းမိုးမှုအန္တရာယ်ဆိုး ရွားလာနိုင်ခြင်းဖြစ်ကြောင်း မိုး လေ၀သနှင့် ဇလဗေဒဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်က သတိပေးသည်။
‘‘အခုအပေါ်ပိုင်းမှာရေက  ကျနေပြီဆိုပေမယ့် မြစ်ဝကျွန်း ပေါ်ကိုလာမယ့် ရေကမနည်းဘူး။ ဒါကို ဂရုပြုဖို့၊ အရေးပေါ်ရွှေ့ ပြောင်း၊ ကယ်ဆယ်ရေးလုပ်ဖို့လို ပါတယ်’’ဟု ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြော သည်။
အထက်ပိုင်းမှရေများ ဧရာ ၀တီတိုင်းဒေသကြီး အတွင်းသို့ ၀င်ရောက်လာလျှင် ညောင်တုန်း မြို့မှာ လက်ရှိအခြေအနေထက်ပိုဆိုးသွားနိုင်ကြောင်း၊ ရွှေ့ပြောင်း၊ ကယ်ဆယ်ရေများ အမြန်လုပ်ရန်လိုကြောင်း ဦးကျော်မိုးဦးက ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဟင်္သာတ၊ ဇ လွန်၊ မအူပင်၊ ညောင်တုန်း၊ မြန် အောင်၊ ကြံခင်း၊ ဓနုဖြူနှင့် လေး မျက်နှာမြို့နယ်များ၌ ရေလွှမ်း မိုးမှုများစတင်ဖြစ်ပေါ်နေသည်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်တနင်္သာရီ ကမ်းရိုးတန်းတို့တွင် မုတ်သုံလေအသစ်တိုးဝင်မှု ဖြစ်ပေါ်နေသည့်အတွက် မိုးများနိုင်ကြောင်း ခန့်မှန်းထားသည်။
ယင်းနေရာများတွင် မိုးများလျှင် တောင်ဘက်ပိုင်းမှ ရေတောင့်ခံအားများ လာမည့် အ တွက် မြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးမှုမှာ အချိန်နှင့် အရှိန်ပိုမို လာနိုင်ကြောင်း ၎င်းက ခန့်မှန်း သည်။
ချင်းတွင်းမြစ်ရေမှာ မုံရွာမြို့ မှ ဟင်္သာတမြို့သို့ ရောက်ရှိရန် ခြောက်ရက်ခန့် ကြာမြင့်မည်ဖြစ် ပြီး ဧရာဝတီ မြစ်ရေမှာလည်း မကွေးမြို့ဘက်မှ စီးဝင်လာနိုင် ကြောင်း၊ လက်ရှိမှာ လပြည့် ကျော်ရက်ဖြစ်သည့်အတွက် ဒီရေ မတက်သည့်အတွက် စိုးရိမ်ရန်မ ရှိသော်လည်း လပြည့်၊ လကွယ် ရက်များတွင် အထက်ဘက် မှ ရေများဝင်လာလျှင်မူ ဒီရေနှင့် တိုက်ဆိုင်သည့်အတွက် မြစ်ဝ ကျွန်းပေါ်ရေကြီးမှုမှာ အလွန်စိုး ရိမ်ရနိုင်ကြောင်း ဦးကျော်မိုးဦးက ပြောသည်။
‘‘ချင်းတွင်းမြစ်ရေကလည်း ဧရာဝတီမြစ်ထဲကို စီးဝင်သွားပြီး အောက်ကိုဆင်းမှာဆိုတော့ မြစ် ၀ကျွန်းပေါ်ကို ရေတွေအများကြီး ဆင်းသွားမှာ စိုးရိမ်ရတယ်’’ဟု ဦးထွန်းလွင်က ပြောသည်။
မြစ်ဝကျွန်းပေါ်ဒေသ၏ ပထ ၀ီအနေအထားအရ မြေပြန့်သာ ဖြစ်ပြီး ရေလွတ်ရာကုန်းမြင့်ရှား ပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့်လည်း ရေကြီးမှုဖြစ်လာလျှင် ပိုမိုထိခိုက် နိုင်ကြောင်း၊ အရေးပေါ် ရွှေ့ ပြောင်းရန် လိုအပ်ကြောင်းဒေါက်တာထွန်းလွင်က သတိပေးသည်။
မြစ်ဝကျွန်းပေါ်ဒေသမှာ ရေ ဖုံးလွှမ်းခံရနိုင်ခြေ အများဆုံးဖြစ် နေကြောင်း၊ ရေဖုံးလွှမ်းမှု အန္တ ရာယ် ဆက်လက်မြင့်မားနေသည့် မြို့ နယ်ဒေသများမှာ သထုံ၊ ခန္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊ မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂလာဒုံ) နှင့် ကျောက်ဖြူမြို့နယ်တို့ဖြစ် ကြောင်း ဒေါက်တာထွန်းလွင်ကခန့်မှန်းသည်။
7 Day

No comments:

Post a Comment