Links

clock

Wednesday, August 19, 2015

ရေဘေးသင့်ဒေသတွင် ကူညီထောက်ပံ့ရင်း တပ်မတော်သား ၁ ဦး ရေထဲမျောပါပျောက်ဆုံး

ရေဘေးသင့်ဒေသတွင် ကူညီထောက်ပံ့ရင်း
တပ်မတော်သား ၁ ဦး ရေထဲမျောပါပျောက်ဆုံး
==========================


၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ ၁၆၁၀ နာရီ
အချိန်တွင် အမှတ်(၉၀၆)စစ်မြေပြင်အင်ဂျင်နီယာ
တပ်ရင်းမှ ဗိုလ်ဇင်မင်းဦး ဦးစီးအဖွဲ့သည် လက်ပံတန်း
မြို့နယ်အတွင်း ကူညီထောက်ပံ့ရေးပစ္စည်းများအား
ဖိုက်ဘာစက်လှေ ၆ စီးဖြင့်သယ်ယူပို့ဆောင်ခဲ့ကြသည်။

လုပ်ငန်းပြီးဆုံး၍ ဖိုးကတိုးရွာမှ ခမုံရွာသို့ မြစ်မခမြစ်
အတိုင်း ပြန်လည်ထွက်ခွာလာရာ ခမုံရွာအနီးသို့ရောက်
ရှိစဉ် စက်လှေပန်ကာအတွင်းသို့ ပီနံအိတ်ခွံညှပ်၍
စက်လှေခါရမ်းပြီး အရှိန်မထိန်းနိုင်သဖြင့် တပ်သား
မျိုးမင်းထိုက်(ပျို)(စက်မောင်း)နှင့် တပ်သားကျော်ထက်လင်း
(ပျို)(အကူ)တို့ ၂ ဦး မြစ်အတွင်းသို့ ပြုတ်ကျ သွားခဲ့ပါသည်။
ကျန်စက်လှေ ၁ စီးဖြင့် တပ်သား မျိုးမင်းထိုက်အား မြစ်
အတွင်းမှ ဆယ်ယူရရှိခဲ့သော်လည်း တပ်သား ကျော်ထက်လင်း
အား ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် ဗိုလ် ဇင်မင်းဦး ဦးစီး၍
ဖိုက်ဘာစက်လှေ ၆ စီးနှင့် ခမုံကျေးရွာမှစက်လှေများ
ဖြင့် ဆက်လက်ရှာဖွေလျက်ရှိပါသည်။
Ko Htun Linn Naing facebook

No comments:

Post a Comment