Links

clock

Wednesday, August 5, 2015

နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားသည် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူ အားလုံးပါဝင်သည့် နိုင်ငံတော်၏ အကျိုးကိုဆောင်ရွက်နေခြင်းဖြစ်



နေပြည်တော် သြဂုတ် ၎
တစ်ဦးနှင့်တစ်ဦး မကြာခဏ ထိတွေ့ပြောဆိုခြင်းဖြင့် တစ်ယောက် သဘော တစ်ယောက်သိပြီး ယုံကြည် မှုပိုမိုရရှိ သည်ကို နှစ်ဦးနှစ်ဖက် လက်ခံထားပြီးဖြစ်ကြောင်း၊ ယင်းသို့ တွေ့ဆုံ၍ အမြင်ချင်းဖလှယ်နိုင်ခြင်း အားဖြင့် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စရပ်များ ခိုင်ခိုင် မာမာနှင့် ရှေ့ဆက်တိုးလုပ်ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်းနှင့် မိမိ အနေဖြင့်
ငြိမ်းချမ်းရေးအောင်မြင် ရမည်ဟု ယုံကြည်ထားပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီတွင် နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်း မဆောင်၌ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြု ချက်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အားတွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များ၊ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (ငြိမ်း ချမ်းရေးကောင်စီ) KNU/KNLA(PC)မှ စောရင်နုနှင့် အဖွဲ့ ဝင်များ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (KKO)မှ စောမူရှေးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် နယ်တပ်မတော် (RCSS/SSA) မှ စိုင်းလနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပြီး တိုင်းပြည်တည်ငြိမ်အေး ချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ဆောင်နိုင်မည်ဟု ခိုင်ခိုင်မာမာ ရပ်တည် ပြောဆိုခဲ့ကြောင်း၊ ယခုသွားနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို အားလုံးက လက်ခံ ပြီးဖြစ်ကြောင်း၊ မိမိသဘောဆန္ဒနှင့် မကိုက်ညီသည့် နိုင်ငံရေးအရ လိုအပ်ချက်များရှိ ကောင်းရှိနိုင်သော်လည်း ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံ၏ ရှေ့ရေး ပေါ်တွင်မူတည်၍ ရပ်တည် နေခြင်းဖြစ်ပြီး အမြတ်ထုတ်ရန်မရှိပါကြောင်း၊ နိုင်ငံ၏ရှေ့ရေးကိုကြည့်ရာ တွင် လည်း အိမ်နီးချင်းနိုင်ငံများ၊ အခြားနိုင်ငံများနှင့် ယှဉ်ပြီးကြည့်ရန် လိုကြောင်း၊ မိမိနိုင်ငံသမိုင်းကြောင်းနှင့် တည်ရှိမှုအနေအထားအပေါ် မူတည်ပြီး နိုင်ငံတကာနှင့်ချိန်ထိုး၍ တိုးတက်အောင် ခံယူလုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုသည် Step တစ်ခုအတွက် ခိုင်မာသည့် ခြေလှမ်းတစ်ခုရမည်ဟု ယုံကြည်ပါ ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏သဘောထားသည် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူ အားလုံးပါဝင် သည့် နိုင်ငံတော်၏ အကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တိုင်းရင်း သားငယ်၊ တိုင်းရင်းသားကြီး၊ လူများ စု၊ လူနည်းစု၊ ဆင်းရဲချမ်းသာ လူနေမှု အဆင့်အတန်းမြင့်မားမှု၊ အားနည်းမှု စသည့်ခွဲခြားမှုများ လုံးဝမရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြတ် မထုတ်ကြဘဲ ပူးပေါင်းဆောင်ရွက် လာခဲ့ခြင်းကြောင့် ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်မည့် လမ်းကြောင်း ဖြောင့်ဖြူးနေပါကြောင်း၊ မိမိတို့အားလုံး မှန်ကန်သည့်လမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းနေ သည်ကို ရဲရဲပြောနိုင်ကြောင်း၊KNU ၏ သဘောထားမှာ NCA လက်မှတ် ထိုးပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု များဖြင့် ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိ အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် KNU မှ အတွင်းရေး မှူး ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စောတာ ဒိုမူး၊ ဥက္ကဋ္ဌ၏နိုင်ငံရေးနှင့် စစ်ရေး အကြံပေး စောထူးထူးလေး၊ KNU/KNLA(PC) အဖွဲ့မှ စောရင်နု၊KKO အဖွဲ့မှ စောမူရှေး၊RCSS/SSA အဖွဲ့မှ စိုင်းလတို့က တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းဆဲဖြစ်သည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ခြင်းလုပ်ငန်းစဉ်၊ ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုခြင်းနှင့် သဘာဝသယံဇာတများ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအာမခံချက်၊ စစ်ရေးအာမခံချက်နှင့် လူမှုရေး အာမခံချက်ဆိုင်ရာများ၊ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲစတင်ရေးဆိုင်ရာ အချိန် ဇယားတို့အား ဆွေးနွေးတင်ပြကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့က လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ် ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက် ဆွေးနွေးရာတွင် နိုင်ငံရေးအာမခံချက် နှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေချိန်တွင် အဓိကမှာ တိုင်းရင်းသားအားလုံး ညီညီ ညွတ်ညွတ်ဖြင့် တိုင်းပြည်တိုးတက် အောင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအကြား လုံးဝခွဲခြား မှုမရှိ၍ နိုင်ငံရေးအာမခံချက်ပေးလို့ ရသည်ဟု ပြောနိုင်ကြောင်း၊ စစ်ရေး အာမခံချက်နှင့်ပတ်သက်၍ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး သည့် အဖွဲ့များနှင့်ပတ်သက်ပြီး အာမခံနိုင်ကြောင်း၊ လက်မှတ်မထိုး သေးသည့် ကျန်ရှိအဖွဲ့များအနေဖြင့် လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူ ဝါဒပါအချက်များကို အလေးထား လိုက်နာပါက ပြဿနာမရှိနိုင်ကြောင်း၊ ယင်းအဖွဲ့အစည်းများ မှန်ကန်စွာ ရပ်တည်နေထိုင်မှုအပေါ်တွင်သာ မူတည်ကြောင်း၊ လူမှုရေး အာမခံချက် ဖြစ်သည့် စားဝတ်နေရေးကိစ္စ၊ စီးပွား ရေးကိစ္စများသည်လည်း မဖြစ်မနေ လုပ်ဆောင်ပေးရမည့် ကိစ္စရပ်ဖြစ်ပါ ကြောင်း၊ အဓိကမှာ ယုံယုံကြည်ကြည် ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ယုံကြည်မှု၊ ရိုးသားမှု၊ ကတိတည်မှု စသည့်အချက်သုံးချက် မှာ အရေးကြီးပါကြောင်း၊ အမှန် တကယ် ရိုးရိုးသားသားနှင့် ငြိမ်းချမ်း အောင်လုပ်ဆောင်ပါက လက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အကောင်းဆုံးဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
MOI

No comments:

Post a Comment