Links

clock

Tuesday, August 4, 2015

【မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်သစ် H.E. Mr. Hong Liang သည် ရေဘေးဒဏ်သင့်ဒေသများထံ သွားရောက် ၍ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း】


ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဆိုးရွားသောရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရလျက်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးသံအမတ်ကြီး Mr. Hong Liang သည် ယခင်အပတ်ကသမ္မတကြီးဦးသိန်းစိန်ထံသို့ သံအမတ်ခန့်အပ်လွှာပေးအပ်စဉ်က မြန်မာနိုင်ငံရေဘေးအန္တရာယ် ပြင်းထန်ကြောင်း ကြားသိရ၍ချက်ချင်းပင် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရန် စီစဉ်ပြီးရေဘေးဒဏ်ခံပြည်သူများကိုလက်တစ်ဖက်ကမ်းခဲ့ပါသည်။ ထို့ကြောင့် သံရုံးမှ မြန်မာအစိုးရအားတရားဝင်အကြောင်းကြားကာချက်ချင်းကျပ်ငွေ သိန်း၃ရ၀၀ (အမေရိကန်ဒေါ်လာ ၃သိန်းဝန်းကျင်) ကိုကယ်ဆယ်ရေးထောက်ပံ့ငွေအဖြစ် သတ်မှတ်ပြီးကယ်ဆယ်ရေးပစ္စည်းများဝယ်ယူစုစည်းကာစစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် နှင့် မကွေးတိုင်း ပြည်သူ
များအားပို့ဆောင်လှူဒါန်းခဲ့သည်။ ယင်းထောက်ပံ့ငွေထဲတွင် တရုတ်သံရုံးမှသံတမန် မိသားစုလည်း အလှူငွေ များထည့်သွင်း ထားသည်။ တစ်ချိန်တည်းတွင် တရုတ်သံရုံးမှ မြန်မာနိုင်ငံရှိတရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများကိုလည်းတက်ကြွစွာပါဝင်ကြရန် တိုက်တွန်းကာအလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအင်တိုက်အားတိုက်စုစည်းပြီးရေဘေးကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်ပါသည်။ တရုတ်အစိုးရ က သမ္မတဦးသိန်းစိန် ဦးဆောင်သော ကယ်ဆယ်ရေးလုပ်ငန်းကို ထောက်ခံ၍ နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများကိုစီစဉ်လျက်ရှိရုံသာမကရေဘေးဒဏ်ခံဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်းဆက်လက်ကူညီပါမည်။
သံအမတ်ကြီးMr. Hong Liangသည် သြဂုတ်လ ၃ရက်နေ့နှင့်၎ရက်နေ့တွင် စစ်ကိုင်းတိုင်းကလေးမြို့နှင့်ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကိုယ်တိုင်သွားရောက်ပြီးရေဘေးသင့်ဒုက္ခသည်များအားအားပေးရင်းအသုံးအဆောင် ပစ္စည်းများကိုလည်းသွားရောက်လှူဒါန်းမည်။တစ်ချိန်တည်းမှာပင် တရုတ်သံရုံးမှ သံတမန်များအားစေလွှတ် ၍ မကွေးတိုင်းသို့သွားရောက်ပြီးရေဘေးသင့်ဒုက္ခသည် များအတွက် အသုံးအဆောင် ပစ္စည်းများသွားရောက်လှူဒါန်းမည်။ ယခုခရီးစဉ်တွင် သံရုံးသည် စစ်ကိုင်းတိုင်း ကလေးမြို့ ရှိအိမ်ထောင်စု ၁၅၄၅စု နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ အိမ်ထောင်စု ၂၀၀၀၀အတွက်ကူညီ ထောက်ပံ့ ပေး ရန်စီစဉ် ထား ပါသည်။
ရေဘေးသင့်ဒုက္ခသည်များအတွက်အကူအညီပေးရန်အရေးပေါ်အသက်ကယ်ပစ္စည်းများပါဝင်သောအိတ်ထဲတွင် ဆန်၊ဆီ၊ ဆား၊ ပဲ၊ သရေစာမုန့်၊ ခေါက်ဆွဲထုပ်၊သောက်ရေသန့်၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ဆပ်ပြာ၊ ကြိုး၊ အမျိုးသား၊အမျိုးသမီးနှင့် ကလေးများအတွက်အဝတ်အစား၊ဆေး စသောနေ့စဉ် သုံး ပစ္စည်းများပါဝင်သည်။
ရေဘေးဒဏ်ခံဒေသ၏လက်ရှိအခြေအနေနှင့်ဆိုးရွားသောရာသီဥတုအခြေအနေကြောင့် အသုံးအဆောင်ပစ္စည်းများသယ်ပို့ရန်အတွက် အခက်အခဲများစွာဖြစ်စေသည်။ထို့ကြောင့် သယ်ပို့ရန်လွယ်ကူ အောင် အထက်ပါဖော်ပြခဲ့သည့် အရေးပေါ် အသက်ကယ် အိတ်ထဲမှ ဆီ၊ ဆန်နှင့် သောက်ရေသန့်အချို့ကိုထုတ်ပြီးအခြားလမ်းကြောင်းမှတစ်ဆင့်ပို့ဆောင်လိုက်သည်။ ထို့နောက် ယခုချိန်တွင် ကယ်ဆယ်ရေးပစ္စည်းတော်တော်များများသည် ကလေးမြို့ နှင့် စစ်တွေမြို့ သို့ရောက်ရှိနေပါပြီ။
Chinese Embassy in Myanmar

No comments:

Post a Comment