Links

clock

Tuesday, October 13, 2015

မော်ချီးမြေပြိုမှု ၁၇ ဦးသေဆုံး သုံးဦး ပျောက်ဆုံး

ကယားပြည်နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ရပ်ကွက်တွင် မြေပြိုမှုများဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − Ar Yone Oo)
ကယားပြည်နယ် ဖား ဆောင်းမြို့နယ်ရှိ မော်ချီးဒေသ တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် လူ ၁၇ ဦးမြေပိ သေဆုံးကာ သုံးဦးပျောက်ဆုံးနေ ကြောင်း ကယားပြည်နယ်အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

မော်ချီးကျေးရွာ အုပ်စုမှ (၁၃) ရပ်ကွက်၊ တောင်ပေါ် ရပ်ကွက်နှင့် အောင်ချမ်းသာ ရပ် ကွက်တို့တွင် အောက်တိုဘာ ၁၁ ရက်ညက မြေပြိုမှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၂ ရက် ည ၇ နာရီခန့်အထိ လူ ၁၇ ဦး သေ ဆုံးကြောင်း သတင်းရရှိသည်ဟု ကယားပြည်နယ်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးချစ်လှက ပြောသည်။
‘‘၁၇ ဦးသေတယ်တဲ့။ သုံးဦး ပျောက်နေတယ်။ အစိုးရအဖွဲ့ကို တက်တဲ့စာရင်း။ ကျား၊ မတော့ ခွဲမရသေးဘူး။ ၁၇ ဦးပဲပြောတယ်။ ကယ်ဆယ်ရေးအတွက် ဝန်ကြီး အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ အဲဒီ နေရာရောက်နေတယ်’’ဟု ဦးချစ်လှက ပြောသည်။
မြေပြိုကျသည့် နေရာမှ ဒေ သခံ ၆၀၀ ခန့်ကို အနီးရှိ လိုခါးလို ကျေးရွာ ဘုရားကျောင်းနှင့် စာ သင်ကျောင်းတွင် ယာယီကယ် ဆယ်ရေးစခန်းဖွင့်၍ စောင့် ရှောက်ထားသည်ဟု ကရင်နီပြည် နယ်လူငယ်များသမဂ္ဂမှ သတင်း ရရှိသည်။ သေဆုံးသူများတွင် (၁၀)နှစ်အောက်ကလေးငယ်နှစ် ဦးပါဝင်ပြီး သေဆုံးသူစာရင်းအ တိအကျမရသေးဘဲ ပျောက်ဆုံးနေ သူများလည်း ရှိနေသေးသည်ဟု ကရင်နီပြည်နယ်လူငယ်များသမ  ဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် မြေပြိုမှု ရင်ဆိုင် နေရသည့် ဒေသခံများအတွက် သောက်သုံးရေ၊ အဝတ်အထည် နှင့် ဆေးဝါး များအရေးပေါ်လိုအပ် နေသည်ဟု ကယ်ဆယ်ရေးအဖွဲ့ ဝင်များထံမှ သတင်းရရှိသည်။
‘‘အခုမိုးတိတ်နေတယ်။ မရွာ တော့ဘူး။ မြေမပြိုတော့ပေမယ့် ပြိုနိုင်တဲ့နေရာတွေ ရှိလို့ ဘေး လွတ်ရာသွားနေနေကြရတယ်။ အကူအညီတွေ အများကြီးလိုနေ ပါတယ်’’ဟု ဖားဆောင်းမြို့ဒေသ ခံ ဦးမောင်အုန်းက ပြောသည်။ ယခုကဲ့သို့ ဆိုးဆိုးရွားရွား မြေပြို ခြင်းမှာ ဒေသတွင်းတွင် သတ္တု ကုမ္ပဏီများက ခဲသတ္တုအလွန်အ မင်းတူးဖော်နေခြင်းကြောင့် ဖြစ် သည်ဟု ဒေသခံများက ပြော သည်။     ကယားပြည်နယ်ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးချမ်းမြေ့က အစိုးရအဖွဲ့နှင့်ဆရာ ဝန်များအပြင် ကယ်ဆယ်ရေးလုပ် ဆောင်သူများ မြေပြိုသည့်နေရာ သို့ ရောက်ရှိနေပြီး  အဆက်အ သွယ်မရသေးသောကြောင့် သေဆုံးသူစာရင်းကို အတည်မပြုနိုင် သေးဟု ပြောသည်။
ဖားဆောင်းမြို့နယ်အပါအ ဝင် မော်ချီးဒေသတွင် မိုးသည်း ထန်စွာ နေ့စဉ်ရွာသွန်းနေသည်မှာ သုံးရက်ခန့်ရှိပြီး အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီခန့်က စတင်ကာ မြေပြိုမှုရင်ဆိုင်ရခြင်း ဟု ဒေသခံများက ပြောသည်။
မိုး/ဇလဌာန၏ အောက်တိုဘာ ၁၁ ရက်နေ့လယ် ၂ နာရီအထိ သတင်းထုတ်ပြန်ချက်တွင် နေရာ ကွက်မိုးကြီးနိုင်သည့်ဒေသများ အဖြစ် စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ကို သာ သတိပေးထားပြီး ကယားပြည်နယ်ကိုမူ သတိပေးထားခြင်းမရှိပေ။
မြေပြိုမှုသတင်းများ ထွက် ပေါ်လာသောအချိန်မှပင် ထူးခြား မိုးလေဝသဖြစ်စဉ်ကြောင့် ကယား ပြည်နယ် မော်ချီးကျေးရွာအုပ်စု တွင် မြေပြိုမှုဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
မိုး/ဇလဌာနက အောက်တိုဘာ ၁၃ ရက်အတွက် ခန့်မှန်းချက်တွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်သည်ဟု သတင်းထုတ်ပြန်ထား သည်။
7 Day

No comments:

Post a Comment