Links

clock

Tuesday, October 13, 2015

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်သရက်မြို့နယ်တုတ်ကိုင်းတံတားမျှောပါပျက်စီး



‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မကွေးတိုင်းဒေသကြီး ၊ သရက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်-မင်းလှလမ်း မိုင်တိုင်အမှတ် ၁၄/၅ ပေါ်
ရှိ တံတားအမှတ် ၄/၂၀၁၅ သံဘေလီတံတား ပေ ၂၄၀ ခန့် ၊ တုတ်ကိုင်းတံတားသည် ယနေ့နံနက် ( ၂း၀၀ ) အချိန်တွင် ချောင်းရေစီးကြောင့်မျောပါပျက်စီးခဲ့သည်။ ရေဘွက်အုပ်စု၊ တောမွန်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁/၄ ပေါ်ရှိ တံတားအမှတ် ၁/၁၂ သံကူကွန်ကရစ်တံတား ပေ ၁၄၀ ခန့် စွယ်တော် တံတားအား ချောင်းရေကျော်သဖြင့် သွားလာရေး ပြတ်တောက်လျှက်ရှိ ကြောင်း သိရသည်။
အဆိုပါ တံတားများမျောပါခြင်း၊ ရေကျော်ခြင်းများကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံး ရှုံးမှုမရှိဘဲ ချောင်းရေလျှံခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ ဘေးအန္တာရယ်ကင်း ရှင်းစေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။ သရက်ခရိုင်ရုံး (ပြန်ဆက်)

MRTV

No comments:

Post a Comment