Links

clock

Wednesday, July 8, 2015

7 July ကဗြိတိန်မှာလည်းအမှတ်တရရှိခဲ့ပေမယ့် မြန်မာပြည်နဲ့တော့ကွာပါတယ်









လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က လန်ဒန်မြို့က ဘတ်စ်ကားနှင့် မြေအောက်ရထားတွေပေါ်မှာ
အစ္စလာမ်မစ်တွေရဲ့ အကြမ်းဖက်ဗုံးဖောက်ခွဲမှုဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ မြေအောက်ဘူတာ
ရုံ ၃ ခုနှင့် ဘတ်စ်ကားတစ်စီးပေါ်မှာ ဗုံး ပေါက်ကွဲခဲ့ရာမှာ လူ ၅၂ ဦးသေဆုံးခဲ့ပါတယ်။ ဒီသေ
ဆုံးမှုနှင့်ပတ်သက်ပြီး စိန့်ပေါလ်ဘုရားရှိခိုးကျောင်းမှာအောက်မေ့ဖွယ်အခန်းအနားကိုကျင်းပ
ခဲ့ပြီး ယင်းအခမ်းအနားကို သေဆုံးသူတွေရဲ့မိသားစုဝင်တွေတက်ရောက်ခဲ့သလိုဗြိတိန်ဝန်ကြီး
ချုပ် ဒေးဗစ်ကင်မရွန်ကလည်း ဟိုက်ဒ်ပါ့ခ် ပန်းခြံမှာ သေဆုံးသူတွေအတွက် ပန်းခွေချ
ဂုဏ်ပြု
ခဲ့ပါတယ်။ အဲဒီနေ့ကတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ပဲဖြစ်ပါတယ်။
    ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့၁၉၆၂ ခုနှစ်က ရန်ကုန်မြို့ ကျောင်းသားသမဂ္ဂ
အဆောက်အဦးဖြိုခွဲဖျက်စီးခံရမှုကိုအောက်မေ့ဖွယ်အခမ်းအနားအဖြစ် ထိုအဆောက်အဦးအ
တွက် လွမ်းသူ့ပန်းခွေချဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် လှည်းတန်းလမ်းဆုံအနီးစံရိပ်ငြိမ်ကားမှတ်
တိုင်ကနေရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ချီတက်ပြီး အောက်မေ့ဖွယ်အခန်းအနား
ကျင်းပခဲ့ကြပါတယ်။ ထိုအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းသား
တွေရဲ့သဘောတူညီချက်က တက္ကသိုလ်ဝန်းမြက်ခင်းပြင်မှာပဲကျင်းပဖို့ပါ။ ဒါပေမယ့်ကျောင်း
သားများဟာကတိမတည်ပဲ ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။
အဲဒီနေ့ကတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ပဲဖြစ်ပါတယ်။
    ထို့နေ(၇-၇-၂၀၁၅)ရက်နေ့ တစ်နေ့ထဲတွင်ပင် ဗြိတိန်နိုင်ငံက အစ္စလာမ်မစ်တွေ
ကြောင့်သေဆုံးခဲ့ရသူ ၅၂ ဦးအတွက် အောက်မေ့ဖွယ်အခမ်းအနား ၊နောက်တစ်ခုက မြန်မာ
နိုင်ငံက အဆောက်အဦးဖြိုခွဲခံခဲ့ရလို့အောက်မေ့ဖွယ်အခမ်းအနား၊ ဗြိတိန်က လူအတွက်ပန်း
ခွေချဂုဏ်ပြုခြင်း၊ မြန်မာက သက်မဲ့အဆောက်အဦးအတွက် ပန်းခွေချဂုဏ်ပြုခြင်း၊ ဗြိတိန်နိုင်
ငံက သေဆုံးမှုဖြစ်ပွားခဲ့တဲ့ ဘူတာတွေမှာမလုပ်ပဲ ဘုရားကျောင်းနဲ့ပန်းခြံမှာလုပ်ပြီး၊ မြန်မာနိုင်
ငံကတော့ အဆောက်အဦဖြိုခွဲခံခဲ့ရတဲ့နေရာမှာပြုလုပ်၊ ပြီးတော့ကတိဖောက်ဖျက် အကြောင်း
အရာမဲ့ စုဝေးလမ်းလျှောက်ခြင်းနှင့် ထိုအောက်မေ့ဖွယ်အခမ်းအနားနဲ့မသက်ဆိုင်သောအ
ကြောင်းအရာများကို ဟောပြောခဲ့ခြင်း၊ ဗြိတိန်နိုင်ငံကဟောပြောမှုကတော့ ၎င်းသေဆုံးမှုမျိုး
နောင်မှာမဖြစ်ပွားအောင် နေ့စဉ်နှင့်အမျှတားဆီးနိုင်ဖို့ဆောင်ရွက်နေကြောင်း ဟောပြောခဲ့
ခြင်း စတာတွေကိုသိခဲ့ရပါတယ်။
    ဒီအောက်မေ့ဖွယ် အခမ်းအနားနှစ်ခုကိုနှိုင်းယှဉ်ကြည့်တဲ့အခါ ဗုံးခွဲတာခြင်းအတူတူ
ပါပဲ။ နေ့ရက်ခြင်းလည်းအတူတူပါပဲ။ ဒါပေမယ့် မတူတဲ့အချက်တွေအများအပြားတွေ့ရပါတယ်။
လူသားများသေဆုံးလို့အောက်မေ့ဖွယ်အခမ်းအနား၊ အဆောက်အဦးပြိုကျလို့အောက်မေ့ဖွယ်
အခမ်းအနား။ အခမ်းအနားနဲ့ပတ်သက်တဲ့ဟောပြောမှု၊ အခမ်းအနားနဲ့မဆိုင်သောဟောပြောမှု
ဝန်ကြီးချုပ်က လွမ်းသူ့ပန်းခွေချ၊ ရာဇ၀တ်သား ဖမ်းဝရမ်းထုတ်ခံထားရသောသူများမှ ပန်းခွေ
ချ၊ လွမ်းမောဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်စွာအခမ်းအနားကျင်းပခြင်း၊ ဆန္ဒပြသောင်းကျန်းမှု
ဆန်ဆန် အလံကိုင်လမ်းလျှောက်ခြင်း စတဲ့ မတူညီသောအချက်များကိုတွေ့ရပါတယ်။ ထူးခြား
တဲ့အချက်ကတော့ အဆောက်အဦးအတွက် လွမ်းသူ့ပန်းခွေချခြင်းပါပဲ။ မြန်မာနိုင်ငံရှိကျောင်း
သားအချို့(အကျင့်စာရိတ္တစည်းကမ်းကောင်းမွန်သောကျောင်းသားများမပါ)မှာ လမ်းဘေးသူ
တောင်းစားအဆင့်လောက်မျှမရှိပါ။ လူအများရှေ့မှာ ပုဆိုးချွတ် အတွင်းခံလှန်ပြတဲ့ကျောင်း
သားမျိုး၊ သူရဲကောင်းဆန်ဆန် လမ်းပေါ်တက်ဆန္ဒပြပြီးရဲက ဖမ်းဝရမ်းထုတ်တော့မှ သရဲဘော
ကြောင်စွာထွက်ပြေးတတ်တဲ့ကျောင်းသားမျိုး၊ ကျောင်းသားပီပီကျောင်းနံရံကိုညစ်ပတ်အောင်
မှုတ်ဆေးသုံးဖျက်ဆီးတဲ့ကျောင်းသားမျိုး၊ တိုက်ခန်းလိုချင်လို့ဆန္ဒပြတဲ့ကျောင်းသားမျိုး၊ မိန်း
ကလေးပီပီ ဆေးလိပ်သောက်တတ်တဲ့ကျောင်းသူမျိုး တွေဖြစ်နေတာကိုတွေ့ရပါတယ်။ ကျောင်းသားဆိုတာ နိုင်ငံရဲ့အနာဂတ်ဆိုမမှားပါဘူး။ ဒီမိုကရေစီပညာရေးလိုချင်လို့ဆန္ဒပြပါ
တယ်ဆိုပြီး ကျောင်းလစ်ပီးထန်းတောသွားမူးနေကြသူတွေသာဖြစ်ပါတယ်။

No comments:

Post a Comment