Links

clock

Thursday, July 9, 2015

Ashin Khema Nanda ရဲ့ Post လေးကိုပြန်ဖြေပေးလိုက်ပါတယ်။

ငါ့ညီ
စစ်ဗိုလ်တစ်ယောက်ကို မင်းတွေ့တဲ့အခါ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေဆီကနေ
စစ်တပ်အုပ်ချုပ်တဲ့ငါတို့နိုင်ငံက
ဘာလို့ ခခယယနဲ့ စစ်လက်နက်တွေ ဝယ်နေရတာလဲလို့ မင်းမေးလိုက်ပါ။
******************************************************
ငါ့ညီ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေဆီကနေ
စစ်တပ်အုပ်ချုပ်တဲ့ငါတို့နိုင်ငံကဘာလို့လက်နက်တွေဝယ်ယူနေရလည်းသိလား
အေး....
ငါတို့နိုင်ငံက ပညာရှင်အရပ်သားတွေက နိုင်ငံကိုမချစ်ပဲ
ပြည်ပနိုင်ငံတွေထွက်ခွာပြီးအလုပ်အကြွေးပြုနေလို့ဆိုတာ မင်းသဘောပေါက်လား။
******************************************************

******************************************************
ငါ့ညီ
စစ်ဗိုလ်တစ်ယောက်ကို မင်းတွေ့တဲ့အခါ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေဆီကို
စစ်တပ်အုပ်ချုပ်တဲ့ ငါတို့နိုင်ငံက စစ်ဗိုလ်တွေ ဘာလို့ စစ်ပညာသွားသင်နေရတာလဲလို့ မင်းမေးလိုက်ပါ။
******************************************************
ငါ့ညီ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေဆီကို
စစ်တပ်အုပ်ချုပ်တဲ့ ငါတို့နိုင်ငံက စစ်ဗိုလ်တွေ ပညာသင်သွားတာဘာလို့လည်းဆိုတာ
မမေးခင် တပ်မတော်ကိုစတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပါဝင်တဲ့ ရဲဘော်
(၃)ကျိပ် တွေဟာ ဂျပန်တွေဆီကနေစစ်ပညာသင်ယူနိုင်ခဲ့လိုအင်္ဂလိပ်ကိုမောင်းထုတ်
အဲဒီဂျပန်တွေကိုနှင်ထုတ်နိုင်ခဲ့တာဆိုတာ မင်းသဘောပေါက်လား။
******************************************************
******************************************************

ငါ့ညီ
စစ်ဗိုလ်တစ်ယောက်ကို မင်းတွေ့တဲ့အခါ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေကို
စစ်တပ်အုပ်ချုပ်တဲ့ငါတို့နိုင်ငံက
ဘာလို့ ကြောက်ရွံ့နေရတာလဲလို့
မင်းမေးလိုက်ပါ။
******************************************************
ငါ့ညီ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေကို
စစ်တပ်အုပ်ချုပ်တဲ့ငါတို့နိုင်ငံက
ကြောက်ရွံ့နေတာမရှိဘူး
စစ်တပ်ကကြောက်တာတစ်ခုပဲရှိတယ် ဒို့တိုင်းပြည်ကပြည်သူတွေ (ဒုက္ခခံစားရမဲ့အရာတွေ
တိုင်းတပါးရဲ့ကျွန်ဖြစ်မှာကိုပဲ) အဲဒါမင်းသဘောပေါက်လား။
******************************************************
******************************************************

ငါ့ညီ
စစ်ဗိုလ်တစ်ယောက်ကို မင်းတွေ့တဲ့အခါ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေရဲ့ စစ်တပ်ထက်
စစ်တပ်အုပ်ချုပ်တဲ့ငါတို့နိုင်ငံက စစ်တပ်က
ဘာလို့ အဖက်ဖက်က နိမ့်ကျစုတ်ပြတ်နေရတာလဲဆိုတာ
မင်းမေးလိုက်ပါ။
******************************************************
ငါ့ညီ
အရပ်သားအုပ်ချုပ်တဲ့နိုင်ငံတွေရဲ့စစ်တပ်ထက်
စစ်တပ်အုပ်ချုပ်တဲ့ငါတို့နိုင်ငံက စစ်တပ်က
ဘာလို့နောက်ကျရလည်းဆိုတာသိချင်နေမှာပေါ့
တိုင်းပြည်တွင်း (၈၈)ခုနှစ်ကလိုပြည်ပျက်ခါနီးအခြေအနေမျိုးမှာ တပ်မတော်က၀င်ထိန်းပေးခဲ့
ရတယ်။ ဒီတော့ တပ်မတော်ကခေါင်းဆောင်တွေဟာ သူ့တပ်မတော်သားတွေအတွက် Admin
လို့ခေါ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေပြည့်စုံစွာမပေးနိုင်ဘူး။ တိုင်းပြည်နဲ့ပြည်သူတွေငြိမ်းချမ်းစွာ
နေနိုင်ဖို့သူတို့တပ်မတော်ဘက်ကို ကောင်းကောင်းထောက်ပံ့မပေးနိုင်ခဲ့ဘူး ဒါကြောင့်အဖက်
ဖက်က နိမ့်ကျခဲ့ရတယ်။ ထပ်ပြောပြမယ် ခုချိန်မှာလည်းအဲလိုတပ်မတော်မဖြစ်အောင်တပ်မ
တော်ကခေါင်းဆောင်တွေကြိုးစားနေတာမင်းတို့မသိတာလား၊ ဒါပေမယ့် ဟိုအမယ်အိုကြီးက
လွန်ခဲ့တဲ့ (၆) ပွင့်ဆိုင်ဆွေးနွေးပွဲမှာတုံးက တပ်မတော်အတွက်စစ်အသုံးစရိတ်ကို ၂၀၁၄ ခုနှစ်
မှာ ၂၃.၂% နှုန်းကနေ ၃%ထိလျှော့ချဖို့ပြောခဲ့တယ်လေ။ အဲဒီလိုလူတွေကြောင့် ဒို့နိုင်ငံကစစ်
တပ်က အဖက်ဖက်ကနိမ့်ကျနေရတာ သဘောပေါက်လား။
*******************************************************
*******************************************************

ငါ့ညီ
မင်းမေးတာတွေ သူဖြေချင်မှ ဖြေလိမ့်မယ်။
ဒါပေမယ့်
ငါတို့က တိုင်းပြည်ကို အသက်ပေးပြီး ကာကွယ်နေရတာလို့ သူ ပြန်ပြောလိမ့်မယ်။ (မိုးသု-မန္တလေး)
*******************************************************
ငါ့ညီ
ငါတို့ကမင်းတို့မေးတာတွေကိုဖြေချင်ပါတယ်ကွာ
မင်းတို့မမေးတော့ငါတို့မဖြေနိုင်ဘူး
ဒီတော့ မင်းတို့က ငါတို့ဘ၀ကိုနားမလည်ဘူး
ခုလိုမေးတာကျေးဇူးတင်ပါတယ်ကွာ.........
ဒါပေမယ့်
ငါ့ညီ
ငါတို့က တိုင်းပြည်ကိုအသက်ပေးပြီး ကာကွယ်နေရသူတွေဆိုတာ အမှန်ပါပဲကွာ။

No comments:

Post a Comment