Links

clock

Monday, July 13, 2015

စောကျော်သက် တပ်မတော်ရဲ့ထိုးစစ်ကိုကြောက်ရွံ့နေပြီ



စောကျော်သက် တပ်မတော်ရဲ့ထိုးစစ်ကိုကြောက်ရွံ့နေပြီ

       ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်းက ကိုယ့်လူမျိုးအချင်းချင်းစစ်ခင်းရမှာကို ထိတ်
လန့်မိကြောင်း ကရင်အမျိုးသားမီဒီယာကိုပြောကြားလိုက်ပါတယ်။ ၎င်းတို့စခန်းချတပ်
စွဲထားသည့်နေရာကို တပ်မတော်မှ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေခြင်းကို ခုခံရန်အင်

အားလျော့နည်းလာခြင်း၊ ကရင်အမျိုးသားနယ်ခြားစောင့်တပ် BGF မှလည်းတပ်မ
တော်နှင့်အတူထိုးစစ်ဆင်ရာတွင် အဓိကနေရာမှာပါဝင်နေခြင်းကြောင့် ထိုကဲ့သို့ပြော
ကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။ ကရင်အမျိုးသားနယ်ခြားစောင့်တပ်မှလည်း စောကျော်
သက်လိုကရင်အမျိုးသားတစ်ယောက်ရှိနေတာဟာ ကရင်အမျိုးသားတွေအတွက် သိ
က္ခာကျစရာဖြစ်ပီး အယှက်ရစရာဖြစ်နေကြောင်း၊ ဒါ့ကြောင့် စောကျော်သက်နှင့်စော
ဆန်းအောင်တို့နှစ်ယောက်လုံးအသေရအောင်တိုက်ခိုက်မည်ဖြစ်ကြောင်းပြောဆိုထား
ပါတယ်။ လက်ရှိအခြေအနေတွင် DKBA တပ်ဖွဲ့အား တပ်မတော်နှင့် နယ်ခြားစောင့်
တပ် BGF တို့မှ လမ်းဟောင်းနှင့် လမ်းသစ်နှစ်ခုလုံးတွင် စနစ်ကျကျနေရာယူလျက်
ဝန်းရံပိတ်ဆို့ထားကြောင်းသိရပါတယ်။

No comments:

Post a Comment