Links

clock

Thursday, July 9, 2015

ရန်သူ၊ သောင်းကျန်းသူနှင့် သူပုန် ဘာကွာခြားလည်း

ရန်သူ၊ သောင်းကျန်းသူနှင့်  သူပုန် ဘာကွာခြားလည်း
**********************************


    အွန်လိုင်းစာမျက်နှာနှင့် အပြင်လောကမှာပြောနေကြတာတွေတွေ့နေရပါတယ်။ ဘာ
လဲဆိုတော့ သူပုန်နှင့် သောင်းကျန်းသူကို ခွဲခြားမမြင်တတ်ကြလို့ပါ။ မြန်မာဗီဒီယိုဇာတ်လမ်း
တချို့မှာလည်းတွေ့နေရပါတယ်။ ဒီမှာ ပြောပြချင်တာက ဘယ်လိုလူစားမျိုးကိုသောင်းကျန်းသူ
လို့ခေါ်ပြီး ဘယ်လိုလူစားမျိုးကို သူပုန်လို့ခေါ်လည်းဆိုတာကိုပါ။ FB Post တစ်ခုမှာဖတ်လိုက်
ရတယ် အတိုက်အခံပါတီကိုထောက်ခံတဲ့ လူတစ်ယောက်ရေးထားတာပါ။ သူပုန်ဆိုတဲ့အသုံးအ
နှုန်းကိုရေးထားတာတွေ့တယ်။ ဒါပေမယ့် သူပုန်ဆိုတဲ့စကားလုံးကိုသူအဓိပ္ပာယ်သေခြာမသိ
ဘူး။ ရှင်းပြပါ့မယ်။
    သူပုန်လို့သတ်မှတ်ခံရတဲ့အဖွဲ့အစည်း(သို့မဟုတ်)တစ်ဦးတစ်ယောက်ဟာ နိုင်ငံ

တော်ရဲ့အချုပ်အခြာအာဏာကိုထိပါးလာသူ၊ နိုင်ငံတော်ရဲ့အာဏာကို မတရားနည်းဖြင့်ရယူဖို့
လက်နက်ကိုင်ပြီး အစိုးရကိုတိုက်ခိုက်သူ၊ တိုင်းရင်းသားပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်
ကို ကာကွယ်မှုမရှိပဲ နိုင်ငံတော်ရဲ့ ဒို့တာဝန်အရေးသုံးပါးကိုဖျက်ဆီးဖို့ကြံရွယ်သူတွေကို သူပုန်
လို့ခေါ်ပါတယ်။ ဥပမာ။  ။ အရင်ကတပ်မတော်က တိုက်ထုတ်ခဲ့ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ
(ဗကပ) လိုအဖွဲ့အစည်းမျိုးကို သူပုန်လို့သတ်မှတ်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့သူတို့က
နိုင်ငံတော်ရဲ့အာဏာကိုသိမ်းပိုက်ဖို့ရည်ရွယ်ထားလို့ပါပဲ။ ဗကပ ဟာအစကတော့ပါတီတစ်ခုပါ
ပဲ။ နောက်မှ လက်နက်ကိုင်တောခိုခဲ့ပြီး သူပုန်အဖွဲ့အစည်းတစ်ခုဖြစ်သွားခဲ့တာပါ။
    သောင်းကျန်းသူလို့သတ်မှတ်ခံရတဲ့အဖွဲ့အစည်း(သို့မဟုတ်)တစ်ဦးတစ်ယောက်ဟာ
နိုင်ငံတော်အတွင်း ပြည်သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ငြိမ်းချမ်းမှုကိုနှောင့်ယှက်သူ၊ မတရား
သဖြင့်လက်နက်အားကိုးဖြင့်ရယူသောသူ၊ နိုင်ငံတော်၏ သစ်တော၊ ကျောက်မျက်ရတနာနှင့်
အခြားသောအဖိုးတန်ရတနာများကို မှောင်ခိုနည်းဖြင့်ရောင်းချသူ၊ မိမိလူမျိုးအတွက်လို့အ
ကြောင်းပြပြီး မိမိတို့ကိုယ်ကျိုးစီးပွားရှာ ပြည်သူတွေထံက အတင်းအဓ္ဓမ ဆတ်ကြေးကောက်
ခံနေသောသူများကိုဆိုလိုပါတယ်။ တနည်းအားဖြင့်ဆိုရသော် သောင်းကျန်းသူဟာ တိုင်းပြည်
အာဏာထက် ငွေကြေးကိုပိုမိုမက်မောတတ်ကြပါတယ်။ အဖွဲ့အစည်းတောင့်တင်းခိုင်မာအောင်
လူသစ်စုမယ် မရရင် ရွာသားတွေကိုခြိမ်းခြောက်ခေါ်ဆောင်မယ်။ ဒီလိုမျိုးနဲ့အင်အားတောင့်
တင်းအောင်လုပ်နေသလို တဖက်မှာလည်း မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းခြ၍ငွေကြေးရှာ
ဖွေခြင်း၊ သစ်မှောင်ခိုထုတ်ခြင်း စတာတွေကိုလုပ်ဆောင်ပြီး မိမိတို့အဖွဲ့အစည်းအတွက်နည်း
နည်း ခေါင်းဆောင်ပိုင်းကများများ ဝေစုခွဲယူကြပါတယ်။ သောင်းကျန်းသူများ လူအင်အား
လက်နက်အင်အားတောင့်တင်းလာသောအခါ သူပုန်အဖြစ်သို့ကူးပြောင်းတတ်ကြပါတယ်။
    -" ကျောက်စိမ်းထွက်တဲ့ ကချင်မှာ ဘယ်ကချင်တစ်ယောက်မှကျောက်စိမ်းတကိုယ်
လုံး စီတာမတွေဖူးပါဘူး" လို့လူတစ်ယောက်က FB မှာရေးထားတယ်။ ဟုတ်ကဲ့မတွေ့ရတာကို
ထောက်ခံပါတယ်ဗျာ။ ဘယ်လိုလုပ်တွေ့ရမှာလည်း မှောင်ခိုနည်းနဲ့ တခြားနိုင်ငံကိုခိုးရောင်းနေ
ကြတာကိုး....
    -"တန်ဖိုးကြီး သစ်တောတွေပေါတဲ့ကရင်ပြည်နယ်မှာကျွှန်းသစ်နဲ့တအိမ်လုံး
ဆောက်ပြီးနေတဲ့ ကရင်မတွေ့ဖူးသေပါဘူး" လို့ရေးထားတယ် ဟုတ်ပါတယ် ဒါလည်းခိုးထုတ်
နေတော့အိမ်ကိုကျွန်းသစ်နဲ့မဆောက်တော့ပဲ အင်္ဂတေနှင့်ဆောက်ပြီး ကြွေပြားစီထားကြတာ
မြန်မာပြည်မှာတင်မဟုတ်ဘူး နိုင်ငံခြားမှာပါသူတို့အိမ်တွေရှိတယ်။ KIA တွေသစ်ခိုးထုတ်တဲ့
နေရာတွေရှိပါတယ်။ သူတို့စခန်းနဲ့မနီးမဝေးမှာ သစ်ခွဲစက်(သို့)ချိန်းဇောတွေနဲ့ပါ။ ခုချိန်သွား
ကြည့်ရင် အနှစ်သားတွေမရှိနိုင်ပေမယ့် ဘေးကမကောင်းတဲ့ ပကာသားများစွာခုထိရှိနေပါ
သေးတယ်။ သစ်လုံးအိမ်များစွာလည်းသူတို့ဆောက်လုပ်နေထိုင်နေကြတာ ထိုလူကချင်ပြည်
နယ်ကိုမရောက်ဘူးတာသေချာပါတယ်။
    သူပုန်ပဲဖြစ်ဖြစ် သောင်းကျန်းသူပဲဖြစ်ဖြစ် တိုင်းရင်းသားများရဲ့ ငြိမ်းချမ်းရေး၊ အသက် အန္တရာယ်ထိပါးလာမှုကိုကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး စတာတွေကိုနှောင့်ယှက်
လာသူမှန်သမျှ ထိုသူတွေဟာ တပ်မတော်ရဲ့ရန်သူသာဖြစ်ပါကြောင်းပြောကြားလိုပါတယ်။

No comments:

Post a Comment