Links

clock

Thursday, July 16, 2015

ရွေးကောက်ပွဲ ၃ လ နောက် ဆုတ်ပေးဖို့ တောင်သူလယ်သမား ပါတီ တောင်းဆို

ရွေးကောက်ပွဲ ၃ လ နောက် ဆုတ်ပေးဖို့ တောင်သူလယ်သမား ပါတီ တောင်းဆို
******************************************************

၂၀၁၅ ရွေးကောက်ပွဲကို ၃ လ နောက်ဆုတ်ပေးဖို့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာပေးပို့တောင်းဆိုလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားခဲ့တဲ့ မဲပေးနိုင်သူစာရင်းတွေမှာ အမှားအယွင်းတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ မနေ့က စာပေးပို့တောင်းဆိုလိုက်တယ်လို့ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဌ ဦးကျော်စွာစိုးက ပြောပါတယ်။

"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်လိုက်တဲ့စာကတော့ ရွေးကောက်ပွဲကို နောက်ရွှေ့ပေးဖို့ဆိုတဲ့ အကြောင်း မဲစာရင်းတွေက တနိုင်ငံလုံးမှာ မှားနေတယ်၊ မှားနေတဲ့ ပုစ္ဆာကြီးကိုတွက်ရင် ထွက်လာတဲ့ရလာဒ် ကလည်း အမှားကြီးဘဲဖြစ် ပါလိမ့်မယ်၊ ၃ လလောက် နောက်ဆုတ်ပေးပါ၊ ကျနော်တို့လည်း ရွေးကောက်ပွဲ ကော်မ ရှင်နဲ့ ပူးပေါင်းပြီးတော့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပေးပါမယ်၊ မှန်လာတဲ့ မဲစာရင်းပေါ်မှာ ပြိုင်ရတဲ့အခါကျမှ ကျနော်တို့ ရလာဒ်ကောင်းကထွက်လာပါလိမ့်မယ်၊ ပြီးပြီးရော ရွေးကောက်ပွဲကို ပြိုင်ရရင်တော့ ကျနော်တို့ တိုင်းသူပြည်သားတွေ အများကြီးနစ်နာသွားပါလိမ့်မယ် ဆိုပြီးတော့ ကျနော်မနေ့က စာတင်ထားပါတယ်"
ပေးပို့တဲ့စာထဲမှာ မဲစာရင်း အမှားအယွင်းတွေကို ပြင်ဆင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မိမိတို့ ပါတီက ပူးပေါင်းလုပ်ဆောင်ရွက်လိုကြောင်း တင်ပြထားတယ်လို့ ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားခဲ့ပြီးဖြစ်ပါတယ်။
by;rfa

No comments:

Post a Comment