Links

clock

Thursday, July 9, 2015

လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း ဇူလိုင် ၂၀ တွင် တင်သွင်းနိုင်ပြီ

လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်း ဇူလိုင် ၂၀ တွင် တင်သွင်းနိုင်ပြီ
*******************************************************************************
လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်မှစ၍ သြဂုတ်လ ၈ ရက်အထိ တင်သွင်းနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ 

ကြေညာချက် အပြည့်အစုံမှာ …..


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂၉/၂၀၁၅)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၇ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

လွှတ်တော် အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာလိုက်သည်-

(က) လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

(ခ) လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)

(ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက် ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆို လပြည့်ကျော် ၁၁ ရက် (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)

(ဃ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့် နေ့ရက်
၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၂ ရက်မှ ဝါခေါင်လဆန်း ၆ ရက်အထိ (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်မှ ၂၁ ရက် အထိ)

ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
7 Day Daily

No comments:

Post a Comment