သမိုင်းတွင်ချင်ရင် သမိုင်းတွင်အောင်လုပ်ပါ
***************************
သမိုင်းဆိုတာ ပြင်လို့မရသလို အမှားဆိုတာလည်းပြင်ဆင်လို့မရနိုင်ပါဘူး
အတ္တနာဟိ အတ္တနော နာထော ဟုဘုရားဟောပါဠိတော်ထဲမှာ ရှိပါတယ်။ မိမိပြုမူတဲ့ ကောင်း
မွေ ဆိုးမွေကို မိမိကိုယ်တိုင်သာပြန်လည်ခံစားရပါတယ်ဆိုတာပါ။ ယခု ဒေါ်စုကြည်က ၅၉(စ)မ
ပြင်လို့ လူထုလှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေကိုတိုက်တွန်းနှိုးဆော်နေပါတယ်။ ၅၉(စ) မပြင်တာ တပ်မတော်ကလို့တစ်ထစ်ချသတ်မှတ်ထားပါတယ်။ တကယ်တော့ ဒေါ်စုကြည်ဟာ မိမိပြုလုပ်ခဲ့
သည့် ကံ(အလုပ်)ကြောင့် ထိုကံကို သူမ ပြန်လည်ခံစားရခြင်းဖြစ်ပါတယ်။ ကောင်းတာလုပ်ရင်
ကောင်းတာခံစားရသလို မကောင်းတာလုပ်ရင်တော့ မကောင်းသလိုခံစားရမှာမလွဲမသွေပါပဲ။
တိုင်းတစ်ပါးသားကို လင်လုပ်အမျိုးတော်ခဲ့လို့ ယခုလို ၅၉(စ) နဲ့ညိနေခဲ့တာသူမရဲ့ကံ (အလုပ်)
ကြောင့်သာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်စုကြည်လုပ်တဲ့ကံ(အလုပ်)ကြောင့် အပြစ်မဲ့ပြည်သူတွေ
ကျောင်းသားတွေ အချုပ်ထဲထောင်ထဲရောက်ကုန်ကြသလို သူတို့ရဲ့မိဘတွေလဲ မျက်ရည်နဲ့မျက်
ခွက် သားသမီးအတွက်ရတက်ပွေနေရပါတယ်။
ပြည်သူငါးသန်းကျော် ဒေါ်စုကြည်ရဲ့နောက်မှာရှိပါတယ်လို့ဆိုတာဟာ ဒေါ်စုကြည်က
ပြည်သူကိုအားကိုးပြီး အာဏာရယူချင်တဲ့သဘောထားကိုပြသနေတာပါပဲ။ တကယ်တော့ ပြည်
သူတွေရဲ့နောက်မှာ ဒေါ်စုကြည်ကရပ်တည်ပေးရမှာပါ။ ပြည်သူတွေအတွက် အားကိုးအားထား
ပြုလောက်တဲ့မဏ္ဍိုင်ဖြစ်နေရမှာပါ။ ပြည်သူတွေအတွက်ကျောရိုးသဖွယ် ပြည်သူတွေမှီခိုအား
ထားရမဲ့သူဖြစ်သင့်တာပါ။ ဒါပေမယ့် ပြည်သူတွေက ဒေါ်စုကြည်ကိုအားမကိုးရပဲ ပြည်သူတွေ
ကိုအသုံးပြုပြီး နိုင်ငံတကာက ပေးတဲ့ဆုကြီးတွေတက်ယူခဲ့တယ်။ ဆုငွေတွေလက်မှာတပွေ့တ
ပိုက်နဲ့ပေါ့။ ပြည်သူတွေ ချွေးနဲ့သွေးနဲ့ နေပူကျဲတဲမှာစိုက်တဲ့စပါးတစ်တင်းကို နိုင်ငံခြားကိုတင်ပို့
မယ်ဆိုရင်တောင် တစ်သောင်းပြည့်အောင်မရပါဘူး။ ဒါပေမယ့် ဒေါ်စုအပျင်းပြေထိုးတဲ့သိုးမွှေး
ဆွယ်တာလေးက သိန်းရာချီရခဲ့ပါတယ်။ပြည်သူတွေအတွက်ပါလို့အမြဲပြောနေခဲ့တဲ့ဒေါ်စုကြည်
အဲဒီသိုးမွှေးကရတဲ့ သိန်းရာချီတဲ့ငွေတွေဟာ ပြည်သူတွေလက်ထဲ တစ်ကျပ်တစ်ပြားမျှရောက်ခဲ့
ပါရဲ့လား။ ဟောင်းနွမ်းစုပ်ပြတ်နေတဲ့ ခြံအိုကြီးက တံခါးစုပ်ကြီးကို သိန်းထောင်ချီနဲ့ရောင်းခဲ့တာ
ပြည်သူ့အတွက်ပါလို့ပြောတဲ့ဒေါ်စုကြည် အဲဒီငွေတွေပြည်သူ့လက်ထဲ ထမင်းတစ်စေ့အဖြစ်
ရောက်ခဲ့ပါလား။
ဒေါ်စုကြည်ကို အာဏာရူးလို့မပြောပါဘူး။ တော်ပါတယ်။ ဒါပေမယ့် ဒေါ်စုတော်တာ
ပြည်သူအတွက်မပါဘူး။ ဒေါ်စုကြည်ဘ၀က ကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်စုကြည်က
အကျယ်ချုပ်ထဲမှာ ပေါ်ဆန်းဆန်ကိုထမင်းချက်သီးသန့်နဲ့အိမ်ကြီးကြီးမှာ သီးသန့်နေနေရတာ
ပါ။ ဒေါ်စုကြည်အကျယ်ချုပ်ကျတယ်ဆိုတာ နာမည်ပါပဲ။ အပြင်ထွက်လို့မရတာကလွဲပြီး သာမန်
ပြည်သူတစ်ယောက်ထက်ပိုပီး သာယာပါတယ်။ ဒါပေမယ့်ဒေါ်စုက နိုဘယ်လ်ဆုကြီးရခဲ့တယ်
လေ။ ခု ဒေါ်စုကြည်ကြောင့်အချုပ်တို့ထောင်တို့ထဲရောက်ခဲ့တဲ့ကျောင်းသားလေးတွေမှာ ထောင်
ထဲ အချုပ်ထဲမှာဘယ်လိုနေနေရလည်းဒေါ်စု တစ်ချက်လောက်တွေးမိခဲ့လား။ တစ်ခုတစ်လေ
ထောက်ပံ့ပေးခဲ့ဘူးလား။
တစ်ချိန်မှာဒါတွေဟာ ဒေါ်စုကြည်ရဲ့သမိုင်းတွေဖြစ်သွားပါလိမ့်မယ်။ ငြိမ်းချမ်းရေးနို
ဘယ်ဆုရှင်ကြီးတစ်ယောက်ရဲ့တိုင်းပြည်မှာ ပြည်တွင်းစစ်ယခုအချိန်ထိရှိနေတုံးဆိုတာလည်း
ဒေါ်စုကြည်သမိုင်းဖြစ်ပါလိမ့်မယ်။ ဒီလိုသမိုင်းတွေကိုတော့ ကျောင်းဖတ်စာအုပ်မှာ သင်ရိုးညွှန်း
တမ်းအဖြစ် နောင်တစ်ချိန်မှာ ပြဌာန်းမယ်လို့ထင်ပါသလား။ သမိုင်းမှာတော်လွန်းကောင်းလွန်း
ရင် သမိုင်းတွင်သလို သမိုင်းမှာ ဆိုးလွန်းရင်လည်း သမိုင်းတွင်ပါလိမ့်မယ်။ ဒေါ်စုကြည်က ဒေါ်
စုကြည်ရဲ့ဖေဖေလို သမိုင်းမှာ ပြည်သူတွေမှတ်ကျောက်အတင်ခံချင်နေတာဆိုရင်တော့ ဒေါ်စု
ကြည် သမိုင်းကောင်းဖို့အတွက် အခုအချိန်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းမွေသို့မဟုတ်
ဆိုးမွေပေးခဲ့ရမှာပါပဲ။ ဒါဆိုရင် ဒေါ်စုကြည် ယခုလုပ်နေတာ တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်း
မွေလား၊ ဆိုးမွေလား။


















No comments:
Post a Comment