Links

clock

Wednesday, July 8, 2015

ဂျပန်သို့ ဗိုလ်လောင်းများ စေလွှတ်ရေး ဂျပန်သံတမန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဆွေးနွေး


**********************************************************************
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်အစိုးရ၏ အထူး သံတမန်နှင့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သည့် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ်ဟောင်း ဖြစ်သူ Mr. Shigery IWASAKI ၊ ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း(USA) ၏ ဥက္ကဋ္ဌ အမေရိကန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်သူ Mr. Dennis C. Blair တို့ ပါဝင်သောအဖွဲ့တို့ မနေ့က နေပြည်တော်တွင် တွေ့ဆုံကာ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု တိုးမြှင့်ရေး ကိစ္စရပ်များ ၊ အရာရှိကြီးများ ချစ်ကြည်ရေး ခရီးစဉ် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ ကာကွယ်ရေး တက္ကသိုလ်တွင် မြန်မာဗိုလ်လောင်းများ တက်ရောက် သင်ကြားမှု ကိစ္စရပ်များ၊ ဂျူဒိုနှင့် လှံစွပ်ထိုးစသည့် အားကစားများ မြှင့်တင်ရေးအတွက် နည်းပြများ စေလွှတ်ရေး၊ ဝတ်စုံများ ကူညီထောက်ပံ့ရေး ကိစ္စရပ်များ၊ ဒုက္ခသည်များ ကူညီထောက်ပံ့မှု ကိစ္စရပ်များနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်ဟုသိရပါသည်။

No comments:

Post a Comment