ရွေးကောက်ပွဲဝင်/မ၀င် မဆုံးဖြတ်ရသေးဘူးဆိုရင်လည်း ၀င်မနေပါနဲ့တော့အန်တီ
*******************************************************
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကိုနိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပမယ်လို့ ရွေးကောက်
ပွဲကော်မရှင်ကကြေငြာခဲ့ပါပီ။ ဒီလိုကြေငြာပြီးတဲ့အချိန်မှာ ပါတီကြီးတစ်ခုကတော့စည်းရုံးရေး
တွေစတင်လုပ်ဆောင်နေပါပြီ။ စည်းရုံးရေးလုပ်ဆောင်ရာမှာလည်း မဲအနိုင်ရရေး သူ့ဗျူဟာနဲ့
သူကွင်းဆင်းစည်းရုံးနေကြတာပါ။ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေလည်းတင်သွင်း
ဖို့ပြင်ဆင်နေပါတယ်။ အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီကိုလည်းမည်သို့မည်ပုံယှဉ်ပြိုင်ရမည်
ကိုကြိုတင်စီမံထားနေကြပါပြီ။ အင်အားကြီးပါတီနှစ်ခုရှိရာမှာ ယခုလက်ရှိအာဏာရပြည်ခိုင်ဖြိုး
ပါတီက ရွေးကောက်ပွဲအတွက်တက်ကြွစွာကြိုတင်ပြင်ဆင်မှုတွေရှိနေပေမယ့်လည်း အတိုက်
အခံပါတီဖြစ်တဲ့ NLD ပါတီကတော့လှုပ်ရှားမှုမတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲဝင်/မ၀င်ဆိုတာ
ကိုတောင်အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။ ဒါဟာ NLD ရဲ့ဗျူဟာလား ဒါမှမဟုတ် ရွေး
ကောက်ပွဲမ၀င်ပဲ ပြည်သူလူထုကိုလမ်းပေါ်ထုတ်ပြီး ရွေးကောက်ပွဲကိုဖျက်ဆီးဖို့အတွက်လား
ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ များမကြာသေးမှီကပဲ ဒေါ်စုကြည်ပြောထားတဲ့ ၅၉(စ) ပြင်
ဆင်မပေးပါက နိုင်ငံရေးလှုပ်ရှားမှုအတွက်ကြိုတင်ပြင်ဆင်းထားပါတယ်ဆိုတဲ့အချက်ပါ။ နိုင်ငံ
ရေးလှုပ်ရှားမှုဆိုတာ လူထုအုံကြွအောင်လုပ်ဆောင်မှု၊ အတိုက်အခံတို့အပေါ်မီဒီယာပိုင်းဖြင့်
ထိုးနှက်တိုက်ခိုက်မှု၊ နောက်ကွယ်တွင်အတိုက်အခံတို့၏ အားနည်းချက်များကိုနည်းမျိုးစုံဖြင့်
ဖော်ပြမှု စတာတွေဖြစ်ပါတယ်။ ဒါပေမယ့် သူပြောတဲ့နိုင်ငံရေးလှုပ်ရှားမှုဆိုတာတော့ ဒီ့ထက်ပို
ပြင်းထန်နိုင်ပါတယ်။ ဘာလို့ဒီလိုတပ်အပ်ပြောနိုင်လဲဆိုတော့ ခုနကပြောထားခဲ့တဲ့ အတိုက်အ
ခံပါတီအပေါ်မီဒီယာပိုင်းနှင့်တိုက်ခိုက်ခြင်း၊ နောက်ကွယ်တွင် အတိုက်အခံတို့၏အားနည်းချက်
ကိုနောက်ကွယ်ကနေဖော်ထုတ်ခြင်း တို့က NLD ပါတီအမြဲလုပ်ဆောင်နေတဲ့အရာဖြစ်လို့ ဒီအ
ချက်တွေလုပ်ဆောင်မှာမဟုတ်တော့ပါဘူး။ ကျောင်းသားတွေကိုကိုးကိုင်လှုပ်ရှားတာလည်း
အောင်မြင်မှုမရှိတဲ့အတွက် ဒီ့ထက်ဆိုးဝါးတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆူပူအုံကြွမှုဖြစ်
အောင် လုပ်ဆောင်လာနိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်လာလျင် အစိုးရကိုအပြစ်ပုံချမယ်။ တိုင်းပြည်
ဒီမိုကရေစီလမ်းကြောင်းနောက်ပြန်လှည့်နေတာ အစိုးရကြောင့် သူသမ္မတမဖြစ်လို့၊ စစ်တပ်
ကြောင့် ဆိုပီးအပြစ်တင်ပါလိမ့်မယ်။
ဒေါ်စုကြည်ရဲ့အကြံနိုင်ငံနှင့်ပြည်သူတွေအပေါ်ကို ဒီလောက်ထိရက်စက်ယုတ်မာ
လိမ့်မယ်လို့မည်သူကထင်ထားပါမလဲ။ ဒီတစ်သက်သမ္မတဖြစ်ခွင့်လေးဆုံးရှုံးသွားတာလေး
အတွက်နှင့် မစားရတဲ့အမဲသဲနဲ့ပက်တော့မည်လား။ သဲနဲ့ပက်လည်း အပက်ခံရတာ ပြည်သူ
တွေပဲဖြစ်မှာပါ။ ဒါကြောင့်ဒေါ်စုကြည်ရယ် ရွေးကောက်ပွဲဝင်ဖို့မဆုံးဖြတ်ရသေးရင်လည်း ၀င်
မနေပါနဲ့တော့ ထွက်သာထွက်လိုက်ပါတော့။ ပြောရရင် လင်ယောက်ျားရှိတဲ့၊ သားသမီးတွေ
ယောက်္ခမတွေနေတဲ့တိုင်းပြည်အထိပါ။ ကျုပ်တို့ပြည်သူတွေက အားကိုးရာမဲ့လို့ ဗိုလ်ချုပ်ရဲ့
သမီးဆိုပီးအားကိုးခဲ့ကြတာပါ။ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်အဆိုးမခံနိုင်
ဘူး။ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်တော့မလုပ်စေလိုပါ။















No comments:
Post a Comment