ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းရှိ Cherry FM သီချင်းတောင်းနေရာကို တွေ့ရစဉ်
ပြည်ခိုင်ဖြိုးပါတီ ပူးတွဲ ဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရတဲ့
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရဲ့သားဖြစ်သူ ဦးတိုးနိုင်မန်း
မိသားစုပိုင်တဲ့ ချယ်ရီ FM အသံလွှင့် လုပ်ငန်းတွေကို ဒီနေ့ ညနေ ၆ နာရီကစပြီး
ပြန်လည် ထုတ်လွှင့်ခွင့် ရရှိခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးနဲ့ ချယ်ရီ FM အသံလွှင့်ဌာန တာဝန်ရှိသူတွေ
နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူချက် ရရှိခဲ့တာဖြစ်ပါတယ်။
အသံလွှင့် ဌာနတစ်ခုအနေနဲ့ ဘက်မလိုက်ဘဲ သတင်းမီဒီယာ ကျင့်ဝတ်တွေကို လိုက်နာ
မှာဖြစ်ကြောင်း သဘောတူ တာကြောင့် အခုလိုထုတ်လွှင့်ခွင့်ရတာလို့ ချယ်ရီ FM
အသံလွှင့်ဌာန အထွေထွေ မန်နေဂျာ ဦးသန်းထွေးဇော်က ပြောပါတယ်။
"ဒီနေ့ညနေ ၆ နာရီမှာ ချယ်ရီFM အစီအစဉ်တွေကို နားထောင်လို့ရပါပြီ၊ ကျနော်တို့ဖက်ကတော့ ကျင့်ဝတ်ဆိုင် ရာတွေကို လိုက်နာရမှာလေးတွေကို ဆွေးနွေး ပါတယ်၊ လိုက်နာသင့်တဲ့အချက်တွေဖြစ်တဲ့အတွက် ဒါကိုလည်း ကျနော်တို့ လက်ခံပါတယ်၊ ၃ လ ရပ်နားတာတွေတော့ ပျက်ပျယ်သွားပြီပေါ့နော်၊ ကျနော်တို့ အရင်ပုံစံတိုင်းဘဲ ကျနော်တို့ဆောင်ရွက်သွားမှာပါ"
ချယ်ရီ FM အသံလွှင့်ဌာနဟာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွေမန်းရဲ့ သားဖြစ်သူ ဦးတိုနိုင်မန်းရဲ့ ဇနီးပိုင်ဆိုင် တာဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ အကြောင်း အရာတွေ မထုတ်လွှင့်ဖို့နဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုတွေ မလုပ်ဖို့ဆိုတဲ့ အချက် ၂ ချက်ကို တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှာဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဦးရဲထွဋ်က မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောခဲ့ပါတယ်။
သူရဦးရွှေမန်းကို ပါတီ ပူးတွဲဥက္ကဌ တာဝန်ကနေ ဖယ်ရှားပြီးနောက်မှာ ချယ်ရီ FM အသံလွင့်ဌာနက အစီအစဉ်တွေကို ထုတ်လွှင့်လို့မရတော့တာဖြစ်ပါတယ်။
RFA

No comments:
Post a Comment