Links

clock

Sunday, May 6, 2012

KIA တို့ရဲ့လူမဆန်သတ်ဖြတ်မှု့သက်သေတွေ


KIA အကြမ်းဖက်သကသ အဖွဲ့တွေ အနေနဲ့ ယခုတလော အတွင်းမှာ ပိုမိုပြီး အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ၂၀၁၂ ဧပြီလ ၂၈ရက်နေ့ကလည်း ၀ိုင်းမော်၊ ဆဒုံးမြို့နယ်ခွဲက အုပ်ချုပ်ရေးရုံးကို KIA အကြမ်းဖက်သကသအဖွဲ့ အယောက်(၃၀)လောက်က ၀င်ရောက်အကြမ်းဖက် စီးနင်းပစ်ခတ်ခဲ့ရာမှာ အုပ်ချုပ်ရေးမှူးနဲ့ အငယ်တန်းစာရေး ()ယောက်သေဆုံးပြီး () ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ကျန်တဲ့ ()ဦးကတော့ လွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။ အခုလို အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းသတ်ဖြတ်ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြုလုပ်တဲ့အတွက် ၀ိုင်းမော်မြို့နေ ပြည်သူလူထုတွေ အတွက် များစွာ ကျီးလန့်စာစား နေထိုင်နေရပြီး ဘယ်အချိန်ဘယ်လိုပေါ်ပေါက်လာမယ်မှန်းမသိရသေးတဲ့ အကြမ်းဖက်မှုတွေ အတွက် ထိတ်လန့်ကြောက်ရွံ့မှုတွေလည်း ဖြစ်ပေါ်နေကြရပါတယ်။ အခုလို အုပ်ချုပ်ရေးမှူးရုံးကိုတောင် ထဲထဲဝင်ဝင် ၀င်ရောက်စော်ကားမှုတွေ ပြုလုပ်ခဲ့တာဟာ ဒေသခံတွေကို စိတ်ဓာတ် ပျက်ပြားစေခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ ဓားစာခံ မိသားစုဝင်တွေ အနေနဲ့လည်း အချိန်ပြည့် စိုးရိမ်ပူပင်နေရကြရတယ်လို့ သိရပါတယ်။

3 comments:

  1. တစ်ဖက်သားကို စောင်းပြီးရေးတာမကောင်းပါဘူး သတင်းရေးရင် မျှတအောင်ရေးတာကောင်းပါတယ်..KIA ကိုပဲအပြစ်တင်သလိုဖြစ်နေတယ် ဒါတော့မတရား မြန်မာစစ်အစိုးရတွေ ကဖမ်းစီးသတ်ဖြတ်တာကြတော့ရော ဘယ်လိုပြောမလဲ သတင်းသမားတို့

    ReplyDelete