Links

clock

Monday, December 31, 2012

မာန်ထောင်နေသည့်ဟိုမရောက်ဒီမရောက်အစ်မအစ်မဖြစ်နေသည့်မင်းသားမင်းသမီးများကိုသိက္ခာချသည့်ပွဲနှင့် အကောင်းဆုံးရုပ်ရှင် အကယ်ဒမီဆုပေးပွဲအပြင် အဆိုးဆုံးရုပ်ရှင်ကိုပါရွေးချယ်သင့်


၂၀၁၁ ရုပ်ရှင်အကယ်ဒမီဆုရရှိသူစာရင်းများစာရင်း
 -၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ ရုပ်ရှင် တည်းဖြတ် ဆု ကို ထာဝရအလင်းတန်း ရုပ်ရှင် ဇာတ်ကားဖြင့် ဟိန်းထက် (လယ်ဝေး) က ရရှိသွားသည်။
 ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ ရုပ်ရှင် ဓါတ်ပုံဆု ကို ပန်းကြာဝတ်မှုန် ရုပ်ရှင် ဇာတ်ကားမှ ဦးတင့်ဆန်းက ရရှိသွားသည်။

 
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် တေးဂီတဆု ကို ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့် ဇော်မျိုးထွဋ် က ရရှိသွားသည်။
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် အသံ တည်းဖြတ်ဆု ကို ပန်းကြာဝတ်မှုန် ဇာတ်ကားဖြင့် အကယ်ဒမီ န်းဦး က ရရှိသွားသည်။
- ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် အမျိုးသား ဇာတ်ပို့ဆု ကို ထာဝရအလင်းတန်း ဇာတ်ကားဖြင့် ဟာသ သရုပ်ဆောင် မော့စ် က ရရှိသွားသည်။
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် အမျိုးသမီး ဇာတ်ပို့ဆု ကို  ရင်ကွဲနာ ရုပ်ရှင်ဇာတ်ကားဖြင့် ချစ်စနိုးဦး က ရရှိသွားသည်။
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ဇာတ်ညွှန်းဆု ကို ထာဝရအလင်းတန်း ဇာတ်ကားဖြင့် မြင့်ဆောင် နှင့် စိုးကျော်ဆန်း က နှစ်ယောက် ပူးတွဲ ရရှိသွားသည်။
-အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အား နောင်နောင်မှ ထာဝရအလင်းတန်းများ ရုပ်ရှင်ဇာတ်ကားဖြင့်ရရှိသွားပါသည်။
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ထာဝရအလင်းတန်း ဇာတ်ကားဖြင့် မယ်လိုဒီ က ရရှိသွားသည်။
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေး မှ ရရှိသွားသည်။
-၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး  ရုပ်ရှင် ဒါရိုက်တာဆုအား ဒါရိုက်တာ ထွန်းအောင်ဇော်မှရရှိသွားသည်။
-၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် “ထာဝရအလင်းတန်များ” ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ တည်းဖြတ်ဆု၊ တေးဂီတဆု စုစုပေါင်း ထူးချွန်ဆု ၇ ဆုဖြင့် အများဆုံးရရှိ အောင်ပွဲခံခဲ့သည်။
From MEG       
          ၂၀၁၁ ခုနှစ်အတွက်အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မြို့၌ပြန်လည်ကျင်းပပြီး ဆင်ဆာမဲ့ရုပ်ရှင်လောက၏ပထမဆုံးသောအကယ်ဒမီဆုပေးပွဲလည်းဖြစ်ပါသည်။ပရိတ်သတ်အများ၏ မျှော်လင့်တောင့်တမှုသည် ၂၀၁၁ခုနှစ်ရဲ့အကောင်းဆုံးအကယ်ဒမီဆုပေးပွဲကတော့မကျေနပ်ချက်များစွာဖြင့်ပြီးဆုံးသွားခဲ့ပါသော်လည်း ၎င်းဆုပေးပွဲ၏နောက်ကွယ်တွင်ဘယ်လိုအခြေအနေများဖြင့်ဘယ်သူတွေရသွားပါသည်လည်းဆိုသည့်မေးခွန်းမျိုးကိုပ
သတ်အားလုံးအပြင် ရုပ်ရှင်လောကသားများကပင်မေးမြန်းလာခဲ့ကြပါသည်။ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းနှင့်တာဝန်ရှိသူအားလုံး၏ အကယ်ဒမီဆုေ၇ွးချယ်ပေးမှုက ယခင့်ယခင်နှစ်တွင် အမျိုးသမီးဇာတ်ဆောင်ဆုမပေး၍ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ခြင်းထက်ပိုမိုသွားခဲ့ပါသည်။

          ၂၀၁၁ ခုနှစ်အကယ်ဒမီဆုပေးပွဲတွင်ရုပ်ရှင်ကားတစ်ကားတည်းဖြင့် တက်သစ်စ မင်းသားလို့တောင်မတွင်ကျယ်သေးသည့်  နောင်နောင်မှအကောင်းဆုံးအမျိုးသာဇာတ်ဆောင်ဆုကိုရရှိသွားခဲ့
ပါသည်။”နောင်နောင်ဆိုတာမင်းသားလား”ဟုတောင်မေးယူရသည့်ပရိတ်သတ်များ၏ရင်ထဲတွင်မည်ကဲ့သို့ခံစားနေရမည်နည်း။သရုပ်
ဆောင်ကောင်း၍ရသင့်ရထိုက်သောကြောင့်ရရှိသွားခြင်းဖြစ်ပါသည်။ပထမဆုံးရုပ်ရှင်ကားနှင့်ပင်အကယ်ဒမီရရှိ
သွားသည်မှာ ကာယကံရှင်ကိုယ်တိုင်၏ကျိုးစားမှု၊ သရုပ်ဆောင်ကောင်းမှုတို့ကြောင့်ဖြစ်ပါသော်လည်း တဖက်ကပြန်ကြည့်လျင်တော့ ရုပ်ရှင်လောကမှာလည်းနာမည်ကြီး၊ဇာတ်ကားတွေလည်းအများကြီးရိုက်၊ ပရိတ်သတ်၏အထင်ကြီးအားပေးမှုကိုရရှိနေသည့်သရုပ်ဆောင်များမှာ နောက်မှပေါက်တဲ့ရွှေကြာပင်လောက်အရည်အချင်းမ
ရှိ၍ဟုသတ်မှတ်လာနိုင်ပါသည်။ရုပ်ရှင်ကားတွေအများကြီးရိုက်ပြီး အကယ်ဒမီမရရှိခဲ့သည် မင်းသားတို့၏သိက္ခာကို တစ်စစီချေဖျက်ပြစ်လိုက်သည်ကတော့ ၂၀၁၁ ခုနှစ်အတွက်အကယ်ဒမီဆုပေးပွဲကြီးသာဖြစ်ပါသည်။ယခုနောက်ပိုင်းရုပ်ရှင်ကားများတွင်ဆင်ဆာမရှိတော့သည့်နောက် ဇာတ်ကားများထွက်ပေါ်လာလျှင် (၁၀)တွင် (၅)ကား၊ (၄)ကားလောက်ကဟာသဖြစ်နေလေတော့ အကယ်ဒမီဆုရရှိပြန်တော့လည်း ဇာတ်ကားနှစ်ကားလောက်
ကိုသာပတ်ချာလည်ပေးနေသည်ကတော့မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားနေသည်ကိုကိုယ်စားပြုနေသလိုလို
ဖြစ်လာပါတယ်။ထို့ပြင် ကိုရီးယားလိုလို ဂျပန်လိုလိုဖြင့် အတုခိုးထားသည့်ဇာတ်ကားများ၊ Sexy ဇာတ်ကားများ၊ထွက်ပေါ်လာပြီး အတုခိုးမှားနေသည့်ရုပ်ရှင်လောကသားများအတွက် အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံးဆုများကိုသာမက အသုံးမကျသော ပရိတ်သတ်မကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားများကိုပါ ရွေးချယ်ထုတ်ပြသင့်ပါ
သည်။ထိုမှသာ ပရိတ်သတ်တို့အတွက်အနှစ်သာရမရှိသောဇာတ်ကားများအရှက်ရစေမည်ဖြစ်ပါသည်။

No comments:

Post a Comment