Links

clock

Sunday, June 1, 2014

သမိုင်းတွင်ခဲ့တဲ့တပ်မတော်သားအချို့ရဲ့ ခံစားချက်စကားများ

source: facebook Htoo Wai
"အဆွေတို့ အနေနဲ့  မိတ်ဆွေလို လာလည်ရင် ကျွုန်ပ် တို့ စခန်းကို ကျွန်ပ် ကိုယ်တိုင်
လိုက်လည်လှည့်ပတ်ပြသပါမည်။ ရန်သူလိုလာရင်တော့ အရိုးကျေကျေအရေခမ်းခမ်း
ကျွန်ပ် တို့ က ပြန်တိုက်မည်။"

(စစ်သူကြီးမဟာဗန္ဒုလ- ဓနုဖြူစခန်း)
"စစ်တို့ ၏သဘောသည် အင်အားနည်းသည်များသည်ပဓါနမဟုတ်
လုပ်ရည်ကြံရည်နှင့်ရဲစွမ်းသတ္တိသာ အရင်းခံဖြစ်သည်"
( ဘုရင့်နောင်..နောင်ရိုးတိုက်ပွဲ)
"ငါမသေ ငါ့စခန်းမကျစေရဘူး အာမခံတယ်။"
( O-7 တောင်ကုန်းမှတပ်စုမှုး ဗိုလ်သူရနေမျိုး)
"ဗိုက်ကလေး ၁၀ မိနစ်တောင့်ထား ငါ သတ်ကွင်းထဲထိလာခဲ့မယ်"
(မိနစ် ၃၀ ခရီးကို ၁၀မိနစ်နှင့်ရောက်အောင်သွားပြီးတပါတ်စဉ်ထဲသူငယ်ချင်းကိုကယ်ခဲ့သော
ထီးမူခီးက ရဲဘော်စိတ်ပြခဲ့တဲ့ တပ်စုမှုးတစ်ယောက် ၏စကား )
"အဘ..၉ နာရီမှာ အဘအတွက် ဘန်ကာတစ်လုံးလက်ဆောင်ပေးမယ် "
(၀ါးခသစ်တိုက်ပွဲက ဗိုလ်မှုးသီဟသူရသန်းဆွေ)
"ကျတော်အပြစ်ကျတော်သိပါတယ် အဘ...ဒီအတွက်လဲ အပြစ်ခံယူဘို့ အသင့်ပါပဲ
ဒါပေမယ့် ကျတော့်ကို နောက်ဆုံးအနေနဲ့ အချိန် ၂၄ ရီလောက်ပေးပါ ကျတော်နဲ့ ကျတော့်တပ်ခွဲ
ဘန်ကောက်ကို ခြေလျင် လျှောက်ပြီး သွားတိုက်မယ် "
(ယိုးဒယားမြန်မာနယ်စပ်က စခန်းမှုး ဗိုလ်ကြီး)
"သို့ ..တပ်မမှုး
နောက်နေ့ မနက် ၉နာရီမှာ ကျတော်စက်ပေါ်မတက်တော့ဘူးဆိုရင် တပ်မတော်ကိုနှုတ်ဆက်ခဲ့ပြီလို့ သတ်မှတ်ပေးပါ။ ဒီညကျတော်နဲ့ ကျတော့်
ဗျုဟာ ဘုရင့်နောင်ဖောင်ဖျက်ပြီ "
(ကွမ်လုံရက်၄၀ တိုက်ပွဲမှ ဗျုဟာမှူး)
"စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ"
(စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိတစ်ဦး)
"ဒီအလံကို လွှင့်ထူနိုင်ဘို့  တောင်ကုန်းအောက်မှာ ငါ့ သူငယ်ချင်းတွေ
ရဲဘော်ရဲဘက်တွေရဲ့ အသက်တွေ ဘယ်လောက်တောင့်စွန့် ခဲ့ရသလဲ
စတေးခဲ့ရသလဲ မင်းတို့ သိလား မင်းတို့ မို့ လို့ ဒီအလံကို မြေမှာချနင်းရက်တယ်ကွာ"
(၁၉၈၈ ခုနှစ် တွင် တပ်မ၂၂မှ ရဲဘော်လေးတစ်ဦးရဲ့  ဆူးလေလမ်းမထက်ကစကားတစ်ခွန်း...အဲစကားပြောချိန်မှာ အသားတွေတဆတ်ဆတ် တုန်နေခဲ့တယ်။ )
ဗိုလ်ချုပ်..ကျတော့်ကို ကျေးဇူးပြုပြီး သူပုန်လို့ သတ်မှတ်ပေးပါ
(ဗိုလ်မှုးကြီးဗထူး)
"ဒီမှာ..နင်တို့ ငါ့သွားကိုသာနှုတ်လို့ ရမယ် ..ငါ့ရဲတပ်မတော်အပေါ်ထားတဲ့သစ္စာကို
ဘယ်တော့မှနှုတ်လို့ မရဘူး "
(သူရ မချစ်ပို)

"အနီးဆုံးရန်သူကိုရှာတိုက်"

(ဗိုလ်ချုပ်အောင်ဆန်း)

"ငါ့သားများစစ်ထဲဝင်ရင်လေ သူ့ ကိုပြောလိုက်စမ်းပါကွာ စစ်တပ်ဆိုတာအမှန်တကယ်သာလိုက်နာနိုင်ရင် တကယ့်ယောက်ကျားကောင်းယောက်ကျားမြတ်တွေကို မွေးထုတ်ပေးတဲ့
ကျောင်းကြီးပေါ့ "
(စစ်သည်တော်ဟောင်းတစ်ဦး)

No comments:

Post a Comment