Links

clock

Saturday, January 5, 2013

စိုးရိမ်မိတယ် စုကြည်ရယ်

KIA ခေါင်းဆောင်တွေနဲ့ ကိုမြအေးတို့ တိုးတိုးတိတ်တိတ်ပူးပေါင်းကြံစီနေပုံ

မယောင်ရာဆီလူး အာလေးနဲ့တင်နိုင်ငံရေးအမြတ်ထုတ်မယ့် မယ်တော်ကြီးဒေါ်စုရဲ့ပါတီဝင်
များဆန္ဒပြပုံကိုအံ့သြ၍မဆုံးဖြစ်မိပါတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်ပွဲများသည် KIA တို့ဘက်မှ
ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကိုပါထိခိုက် တိုက်ခိုက်လာသည့်အတွက် တပ်မတော်မှစစ်ရေးအရ
တုံ့ပြန်တိုက်ခိုက်နေရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအတိုက်အခံများကတော့ အခြေကျကျသိပေမယ့်
နိုင်ငံရေးအမြတ်ထုတ်လိုဇောနှင့် စစ်ပွဲတွေကိုပဲမနှစ်သက်လို့ရပ်ခိုင်းသလိုလို၊ ကချင်ပြည်သူတွေကိုပဲစာ
နာလို့တားမြစ်သလိုလိုလုပ်လာပါတယ်။အကယ်၍သာ ကချင်ပြည်နယ်က တိုက်ပွဲများမဖြစ်စေလိုပါက
KIA တို့အား မိုင်းထောင်ဖောက်ခွဲခြင်း၊ရထားလမ်းကားလမ်းတံတားများဖျက်စီးခြင်း၊ တပ်မတော်ဘက်
သို့ထိုးစစ်များဆင်နွှဲခြင်း၊ ကချင်တိုင်းရင်းသားဒုက္ခသည်များအား အနှောင့်အယှက်ပေးခြင်း၊
ကချင်ပြည်သူများကိုမိုင်းထောင်ဗုံးခွဲသတ်ဖြတ်ခြင်း စသည့်လုပ်ရပ်တို့ကိုမလုပ်စေရန်သာအရင်ရပ်တန့်
ခိုင်းလိုက်ပါ။ကချင်ပြည်နယ်ဟာ ချက်ခြင်းငြိမ်းချမ်းသွားပါလိမ့်မည်။ထိုသို့လည်းမလုပ် လုပ်ပြန်တော့
လည်းေ-ာက်တလွဲ မြောက်ပိုင်းကချင်မှာဖြစ်တဲ့စစ်ပွဲကို တောင်ပိုင်းကော့သောင်းမြို့မှာဆန္ဒပြတာ For
Show ကြီးဖြစ်နေမှန်းသိသာလွန်းလှပါတယ်။ကချင်ပြည်နယ်မှာ NLD ရုံးခွဲဖွင့်လှစ်မထားဘူးဆိုလျင်
တော့တစ်မျိုးတစ်ဖုံဖြစ်နိုင်ပါသေးတယ်။ သို့သော် NLD ပါတီဝင်ခြင်းအတူတူ အခြားမြို့နယ်တွေကပါတီ
ဝင်တွေက ကချင်စစ်ပွဲများကိုမရပ်တန့်စေချင်တာလား ကချင်ပြည်နယ်ကတိုက်ပွဲတွေကြားမှာ ဆန္ဒမပြ
ရဲလို့လားမသိတော့ပါ။ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး တပ်မတော်နှင့် KIA စစ်မျက်နှာကြားသွား၍
ဆန္ဒပြကြပါလား။ဒါမှမဟုတ် လိုင်ဇာထိသွားပြီးဆန္ဒပြကြပါလား။ ဒါမှမဟုတ်ရင်လည်း  (၈၈)
မျိုးဆက် ကိုမြအေးတို့လို လိုင်ဇာထိသွားပြီးဂမ်ရှောင်တို့ ဂွမ်မော်တို့နှင့် တိုးတိုးတိတ်တိတ်ကြံစီပြီးနိုင်ငံ
ရေးအမြတ်ထုတ်တာမှ နည်းနည်းလောက်ကြားကောင်းပါအုံးမယ်။မယ်တော်ကြီးဒေါ်စု မယ်လည်း ခုမှ
ခြံထဲက လွှတ်လိုက်တဲ့နွားမ အလကားမနေရသလို ကချင်ဘက်လည်းမလှည့်နိုင်ဘူး၊ ရခိုင်ကျတော့
လည်းဥရောပသွား၊ ကျေးနီတောင်လည်းအဖြေကတိတိကျကျမထွက်သေး ဟိုစပ်စပ်ဒီစပ်စပ်နှင့် ပဲပိစပ်
ဖြစ်နေပါပြီ။ ဒါနဲ့များသမ္မတကလုပ်ချင်သေးတယ်။ကျေးနီတောင်ကိစ္စလောက်ကိုတောင် အချိန်တော်
တော်ကြာ မဖြေရှင်းနိုင်သေးတာ သမ္မတလုပ်ချင်သေးတယ်။ အောက်ကလူတွေကလည်း သားသမီးပီသ
လွန်းတော့ မြောက်ဖျားက စစ်ပွဲကို တောင်ဖျားမှာသွားဆန္ဒပြလေသတဲ့။ဒီပါတီနဲ့ဒီဥက္ကဌ ရီလည်းရီရပါ
တယ်။ ဒေါ်စုကြည်သာသမ္မတဖြစ်လျင်တော့ နိုင်ငံကြီးဇောက်ထိုးမိုးမျှော်ဖြစ်ကုန်မှာ စိုးရိမ်မိပါသေးတယ်
ဒေါ်စုကြည်ရယ်။

2 comments:

  1. ဟုတ်တယ်...သောက် အဘွားကြီး ကြည့်လို.ကိုမရဘူး

    ReplyDelete
  2. အဲဒီ ကောင်မကြီး ကိုတော့ ဘာမှကို မပြောချင်တော့ဘူး။....ထွီ...

    ReplyDelete