Links

clock

Tuesday, December 4, 2012

ဟောင်ပွာဟောင်ပွာနဲ့ဒေါ်စု ခုတော့ကြေးနီစီမံကိန်းထဲ ပက်လက်မြောတာ့မလား



ဆားလင်းကြီးမြို့နယ်ကလက်ပန်းတောင်းတောင် ကိစ္စမှာ ဒေါ်စုကြည်ကိုအဘယ်ကြောင့်
စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ခန့်အပ်ခဲ့သည်ကိုပြည်သူတွေစဉ်းစားမိကြမလားမသိပါဘူး။ဟိုက
မငြိမ် ဒီကရှုပ်ဖြစ်နေတဲ့ကြားက နိုင်ငံသယံဇာတတူးဖော်ဖို့ လက်ပံတောင်းတောင်က ကြေးနီစီမံကိန်း
ကို သပိတ်စခန်းများသေချာစွာဖွင့်လှစ်၍ သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။သဘာဝတို့စဉ်းစားမိသ
Photo: လက်ပံတောင်းတောင် ကိစ္စစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီမှ ၁၂ နာရီအထိ နေပြည်တော်တွင်ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးသို့ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ၁၁ဦး တက်ရောက်ခဲ့ပြီးဆွေးနွေးချက်များကိုယနေ့ည ပြည်တွင်းသတင်းအစီအစဉ်တွင်ထုတ်ပြန်သွားရန်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်ကပြောသည်။ ဓာတ်ပုံ- Sinpauk

လောက်တွင် များများစားစားမပြောလိုတော့ပါ၊ လူသိများတဲ့ မြစ်ဆုံကိစ္စ၊ ထားဝယ်ရေနက်စီမံကိန်း
နှင့် ယခုလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတို့တွင် ၄င်းကိစ္စအားလုံးသည် နိုင်ငံတော်အတွက်
တိုးတက်ရာတိုးတက်ကြောင်းအခြေပြု၍ဆောင်ရွက်ခဲ့သည်ကိစ္စရပ်များသာဖြစ်ခဲ့ပါသည်။အစိုးရကိုမ
ကျေနပ်ချက်တွေနဲ့ ပြည်သူကိုမြှောက်ပေး၊ ကြားထဲကနိုင်ငံရေးအဖွဲ့အစည်းများအမြတ်ထုတ်သွားကြ
တဲ့ဒီကိစ္စတွေကိုသေချာစမ်းစစ်ကြည့်ပါက မိမိနိုင်ငံ၏အကြိုးစီးပွားသာဆုတ်ယုတ်ခဲ့သည်ကိုတွေ့ရ
မည်ဖြစ်ပါသည်။ယခုလက်ပန်တောင်းတောင် ကိစ္စတွင်နိုင်ငံတော်အစိုးရမှာ ဒီမိုကရေစီနည်းလမ်းအ
ရ ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ဆန္ဒပြမည်ကိုကြိုတင်သတင်းပို့ခြင်းတို့မရှိသည့်အပြင် သပိတ်စခန်းများ
စနစ်တကျဖွင့်လှစ်ကာ အစိုးရကိုအခက်တွေ့စေရန်အတွက်ရည်ရွယ်ချက်ရှိရှိအဖွဲ့အစည်းအချို့၏လှုံ
ဆော်မှုတို့ကြောင့် တဖြည်းဖြည်းဆန္ဒပြမှုတို့ကြီးထွားလာခဲ့ခြင်းဖြစ်ပါသည်။ယင်းအဖြစ်အပျက်ကို
နိုင်ငံတော်အစိုးရမှ စည်းကမ်းစနစ်တကျဖြင့် ငြိမ်းချမ်းစွာဆန္ဒပြရန် ပြောဆိုခဲ့သော်လည်း ပို၍ဆိုးလာ
သည့်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထားရှိခဲ့ရပါသည်။ထိုမျှနှင့်မရသည့်အခါ မျက်ရည်ယိုဗုံး၊မီးခိုး
ဗုံးတို့သုံး၍ လူစုလူဝေးအားခွဲရသည်အထိရှိလာခဲ့ပါသည်။ထိုကဲ့သို့ပြုလုပ်ခဲ့ရသည်မှာလည်း ဆန္ဒပြ
သူတို့၏ ငြိမ်းချမ်းစွာဆန္ဒပြမှုမဟုတ်ပဲ၊ စည်းမဲ့ကမ်းမဲ့နိုင်လွန်းသည့်အပြုအမူတို့ကြောင့်ဖြစ်သည်ကို
သေချာလေ့လာကြည့်ပါကသိမြင်နိုင်မည်ဖြစ်ပါသည်။ထိုကဲ့သို့မပြုလုပ်ခင် နိုင်ငံတော်အစိုးရမှ အကြိမ်
ကြိမ် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ရေဒီယိုနှင့် ဆန္ဒပြမှုဖြစ်ပွားရာနေရာဒေသတို့တွင် ပြည်သူအများသိရှိ
စေရန်အလို့ငှာ တရားဥပဒေနည်းအရပင် လူစုခွဲရန်နှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန် ကြေငြာခဲ့ပါ
သည်။သို့သော် ပြည်တွင်းပြည်ပ မီဒီယာသမားများမှ ယင်းအဖြစ်အပျက်ကိုမသိကျိုးကျွန်ပြုကာ လုံ
ခြုံရေးအဖွဲ့များမှ ထိမ်းသိမ်းခဲ့ရသည့်အဖြစ်အပျက်ကိုသာမီးမောင်းထိုး၍ပြသခဲ့ပါသည်။
ယင်းကဲ့သို့ မီဒီယာများမှ အစိုးရအပေါ်မရရသည့်နေရာမှထိုးနှက်ဖြုတ်ချတိုက်ခိုက်နေ
သည်အတွက် မီဒီယာသမားတို့၏အမေခေါ်(ဒေါ်စုကြည်) အား ယင်းကိစ္စအတွက်စုံစမ်းစစ်ဆေးရေး
ကော်မရှင်အဖွဲ့ဥက္ကဌအဖြစ်စေခိုင်းကာ ဖြေရှင်းဖော်ထုတ်စေခဲ့ပါသည်။လက်ပန်တောင်းတောင် ကြေး
နီစီမံကိန်းဆန္ဒပြမှုသည့် ရိုးရှင်းသောကိစ္စတစ်ခုမဟုတ်ပါ။အဖက်ဖက်မှ အကြံအစည်မျိုးစုံဖြင့်တဖက်
လှည့်သွေးထိုးလှုံဆော်မှုဖြင့် နိုင်ငံရေးလှည့်ကွက်ပင်ဖြစ်နိုင်ပါသည်။ယခု ဒေါ်စုကြည်ကဥက္ကဌဖြစ်ပြီး
စုံ့စမ်းစစ်ဆေးသောအခါ ဆန္ဒပြသူများနှင့် လှုံ့ဆော်သူတို့မှာ ခုတ်ရာတခြား ရှာရာတစ်ခြားဖြစ်ပြီး၊
ဆက်လက်ဆန္ဒပြပါကလည်း ကိုယ့်လူကိုထိမည်၊ မပြပါကလည်းအလဟဿဖြစ်တော့မည်ဖြစ်ပါ
သည်။တဖန် ဒေါ်စုကြည်ဖက်မှလည်း ယင်းကိစ္စကိုမဖြေရှင်းနိုင်လျှင် ကမ္ဘာ့အလည်တွင်သိက္ခာကျ
တော့မည်ဖြစ်ပြီး ဖြေရှင်းနိုင်ပါကလည်း ပြည်သူတို့၏အမုန်းတရားမှာ သူမအပေါ်သို့ကျရောက်လာ
မည့်အရေးပင်ဖြစ်ပါသည်။သို့ပါသော်လည်း လွှတ်တော်တက်ချင်လှပါသောဒေါ်စုကြည် လွှတ်တော်
ကခိုင်းသည့်တာဝန်နှင့် ပြည်သူကတောင်းသည့်အခွင့်အရေးတို့ကြားတွင်ပဲလှော်ကြားဆားညပ်ဖြစ်
တော့မည်မှာဧကန်မလွဲဖြစ်ပါသည်။ယင်းကိစ္စကို သူမဖြေရှင်းနိုင်လျှင် နိုင်ငံတော်အစိုးရသည်ကိစ္စတစ်
ခုဖြေရှင်းနိုင်မည်ဖြစ်ပြီး သူမ မဖြေရှင်းနိုင်ပါကလည်း ဒေါ်စုကြည်သာလျှင်အဓိကတာဝန်ယူဖော်
ထုတ်သည့်ကိစ္စဖြစ်သောကြောင့်အပြစ်ရှိလျှင်ဒေါ်စုကြည်ကသာ အဓိကတာဝန်ရှိသူဖြစ်နေပါပြီ။ထို့
ကြောင့် ကြေးနီစီမံကိန်းကြား ပေကြောင်ကြောင်နဲ့ရောက်လာတဲ့ဒေါ်စုကြည် ဘယ်လိုပြန်ပြီးရုံးထွက်
နိုင်မလဲဆိုတာပြည်သူအများစောင့်ကြည့်စေလိုပါသည်။

1 comment:

  1. ကို​ရ​င်ြေ​ပာချင်တာ​ဒီ​ဆန္ဒျ​ပ​တာ​ေ​တြ​ဟာ​ျ​ပည္သူ​ေ​တြ​ရဲ့​သေ​ဘာ​ထား​လို့​ဆု​ိခ်င္တာ​လား။ နု​ိင္ငံ​ေ​ရး​သ​မားမ်ား​အကြက္က်က်​ကစား​ကြက္နဲ့​ျ​ပည္သူ​ေ​တြ​ရဲ့​သေ​ဘာ​ထား​ကြာ​တ​ယ​္ေ​နာ်။ ကို​ယ်ေ​ရး​တာ​ဘယ်ေ​ရာက်လဲ​အရ​င်ြ​က​ည့်ြ​ပီး​ေ​သေ​သ​သတ္သတ္လု​ပ်ြ​က​ပါ။မစ်စ်အဲ​ရစ်အ​မှန်ထု​တ်ေ​ဖာ်​နိုင်ရ​င် သူ့​လူ​ေ​တြ​မီ​ဒီ​ယာ​ဆို​တာ​ေ​တြ​ဖြေ​န​တာ​ေ​တြ့​မွာ​ေ​ပါ့။ အဲ​ေ​တာ့​သူ​မေ​ျ​ပာ​သူ့​တာ​၀​န​္။ျ​ပည္သူ​ေ​တြ​နဲ့​ေ​တာ့​မ​ဆိုင္ဘူး​ထင္ပါ့။

    ReplyDelete