ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာန၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်မြို့နယ်
မီးသတ်စခန်းမှ အရာရှိတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် စုံမ်စးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
"မီးခိုးတွေ အူပြီးထွက်လာတာတော်တော် ကြာနေပြီ။ နောက်မှ မီးလောင်နေမှန်း သိတာ" ဇွဲကပင်ဆောင်အနီးတွင် ဈေး
ရောင်းချနေသူ ဈေးသည်တစ်ဦးက ပြောသည်။
ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဇွဲကပင်ဆောင်သို့ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ပြောပြပေးနိုင်ခြင်း မရှိကြောင်း
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကို စုံစမ်းနေသေးကြောင်း ပြန်လည်ပြောကြားသည်။
ယင်းမီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မီးသတ်ယာဉ်စုစုပေါင်း ၁၇ စီး မီးသတ်အင်အား ၁၂ ကျော်ဖြင့်
မီးငြှိမ်းသတ်ခဲ့ကြောင်း လှိုင်မြို့နယ်မီးသတ်စခန်းမှ ထုတ်ပြန်သည်။
7Days News













No comments:
Post a Comment