Links

clock

Sunday, January 20, 2013

ကာမိုင်းရဲစခန်းအား ကေအိုင်အေ သောင်းကျန်းးသူ အဖွဲ့များ အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲသတင်း



ကာမိုင်းရဲစခန်းအား KIA မှ ၀င်ရောက်ပစ်ခတ်   ကာမိုင်း၊ ဇန်န၀ါရီလ ၁၉ ရက်  ယနေ့မနက် ၅ နာရီခန့်မှစပြီး ကေအိုင်အေမှ ကာမိုင်းရဲစခန်းအား ၀င်ရောက်စီနင်း တိုက်ခိုက် ဖျက်စီးသွား သည်ဟု သိရှိရပါသည်။ မနက် ၅ နာရီ ခန့်တွင် ကေအိုင်အေအဖွဲ့ ၁၀၀ ကျော်ခန့် ကာမိုင်းသို့ ရောက်ရှိလာပြီး ကာမိုင်းရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ကာမိုင်းရဲစခန်းတွင် ရဲအင်အား ၃၂ ဦးသာရှိပြီး ကေအိုင်အေ၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အင်အားမမျှသဖြင့် ဆုတ်ခွာသွားခဲ့ပါသည်။ ကေအိုင်အေ မှ ၅ နာရီလောက်မှ ၇ နာရီခွဲ အထိ တိုက်ခိုက် နေတာဖြစ်ပြီး ရဲတွေ ဆုတ်သွားတဲ့အတွက် ကေအိုင်အေ မှ ရဲစခန်းအတွင်းသို့ ၀င်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့သည်။ ကေအိုင်အေများက ရဲစခန်းအတွင်းမှ အဆောက်အဦ ၆ လုံးနဲ့ ကားတစ်စီး ကို မီးရှို့ ဖျက်ဆီး ခဲ့သည်။ ကေအိုင်အေ၏ ကာမိုင်းရဲစခန်း တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦးအပါအ၀င် ၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။ လျှပ်စစ်ဌာနမှ ၀န်ထမ်း ၂ ဦး ပျောက်ဆုံးနေကာ ကေအိုင်အေတွေ ဖမ်းဆီးသွားသည်ဟု ယူဆရ ကြောင်း၊ ပျောက်ဆုံးနေသည့် လျှပ်စစ်ဝန်ထမ်း ဦးသိန်းလွင်၏ ဇနီး ဒေါ်စန်းငွေ၏ ယာပေါင်တွင် ကေအိုင်အေမှ ပစ်ခတ်ခဲ့သော လက်နက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေမှ ရဲစခန်းအား စိတ်ကြိုက် မီးရှို့ဖျက်ဆီးပြီး ၈ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကာမိုင်းရဲစခန်းအနီးရှိ ဒေသခံ တစ်ဦးမှ ပြောဆိုခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှစပြီး အစိုးရတပ်ဖွဲ့တွေကို မိမိကိုယ်ကို ကာကွယ်ရုံ သာလုပ်ဆောင်ရန်၊ အပစ်ရပ်ရန် အမိန့်ထုတ်ထားသည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ကေအိုင်အေမှ ၄င်းကြေညာချက်ကို လက်တလုံးခြားလုပ်ဆောင်ပြီး ၅ နာရီမှာ ရဲစခန်းကို ၀င်တိုက်တာလား… ? ဒါမှမဟုတ် ကေအိုင်အေမှ အပစ်အခတ်ရပ်စဲမှုကို မလိုလား၍ အကြမ်းဖက် တိုက်ခိုက်မှုများ  ဆက်လက်ဆောင်ရွက်နေတာလားဟု ၄င်း ဒေသခံမှ ဆက်လက်ပြောကြား ပါသည်။


၂၀၁၃ ဇန်နဝါရီ ၁၉ ရက်နေ့ ကာမိုင်းရဲစခန်းအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ တိုက်ခိုက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒဏ်ရာရ ရဲအရာရှိ ၁ ဦး၊ ရဲတပ်သား ၄ ဦး၊ ကျဆုံး ၂ ဦး၊ ပျောက်ဆုံး ၁ ဦးနှင့် သေနတ် ၃ လက် ဆုံးရှုံးကြောင်း၊ ရဲစခန်းနှင့် လူနေအိမ်များ၊ အရပ်ကား အချို့အား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိပါသည်။
ကာမိုင်းရဲစခန်းအား KIA မှ ၀င်ရောက်ပစ်ခတ်

ယနေ့မနက် ၅ နာရီခန့်မှစပြီး ကေအိုင်အေမှ ကာမိုင်းရဲစခန်းအား ၀င်ရောက်စီနင်း တိုက်ခိုက် ဖျက်စီးသွား သည်ဟု သိရှိရပါသည်။ မနက် ၅ နာရီ ခန့်တွင် ကေအိုင်အေအဖွဲ့ ၁၀၀ ကျော်ခန့် ကာမိုင်းသို့ ရောက်ရှိလာပြီး ကာမိုင်းရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ကာမိုင်းရဲစခန်းတွင် ရဲအင်အား ၃၂ ဦးသာရှိပြီး ကေအိုင်အေ၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အင်အားမမျှသဖြင့် ဆုတ်ခွာသွားခဲ့ပါသည်။ ကေအိုင်အေ မှ ၅ နာရီလောက်မှ ၇ နာရီခွဲ အထိ တိုက်ခိုက် နေတာဖြစ်ပြီး ရဲတွေ ဆုတ်သွားတဲ့အတွက် ကေအိုင်အေ မှ ရဲစခန်းအတွင်းသို့ ၀င်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့သည်။ ကေအိုင်အေများက ရဲစခန်းအတွင်းမှ အဆောက်အဦ ၆ လုံးနဲ့ ကားတစ်စီး ကို မီးရှို့ ဖျက်ဆီး ခဲ့သည်။
ကေအိုင်အေ၏ ကာမိုင်းရဲစခန်း တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦးအပါအ၀င် ၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။ လျှပ်စစ်ဌာနမှ ၀န်ထမ်း ၂ ဦး ပျောက်ဆုံးနေကာ ကေအိုင်အေတွေ ဖမ်းဆီးသွားသည်ဟု ယူဆရ ကြောင်း၊ ပျောက်ဆုံးနေသည့် လျှပ်စစ်ဝန်ထမ်း ဦးသိန်းလွင်၏ ဇနီး ဒေါ်စန်းငွေ၏ ယာပေါင်တွင် ကေအိုင်အေမှ ပစ်ခတ်ခဲ့သော လက်နက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေမှ ရဲစခန်းအား စိတ်ကြိုက် မီးရှို့ဖျက်ဆီးပြီး ၈ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကာမိုင်းရဲစခန်းအနီးရှိ ဒေသခံ တစ်ဦးမှ ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတရုံးမှ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှစပြီး အစိုးရတပ်ဖွဲ့တွေကို မိမိကိုယ်ကို ကာကွယ်ရုံ သာလုပ်ဆောင်ရန်၊ အပစ်ရပ်ရန် အမိန့်ထုတ်ထားသည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ကေအိုင်အေမှ ၄င်းကြေညာချက်ကို လက်တလုံးခြားလုပ်ဆောင်ပြီး ၅ နာရီမှာ ရဲစခန်းကို ၀င်တိုက်တာလား… ? ဒါမှမဟုတ် ကေအိုင်အေမှ အပစ်အခတ်ရပ်စဲမှုကို မလိုလား၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေတာလားဟု ၄င်း ဒေသခံမှ ဆက်လက်ပြောကြား ပါသည်။

1 comment:

  1. ရဲတွေခံရမှာပေါ့- အထက်အဆင့်ဆင့် တာဝန်ရှိုသူတွေ တာဝန်မဲ့တာကိုး။
    ရဲတွေကို ၃၂ယောက်မှကျည်ဆံ၁၀၀၀ တစ်ထောင်လောက်သာပေးထားတာကိုး။ စောက်သုံးမကျတဲ့လူကြိးတွေ။ ရဲဝန်ထမ်းတွေ အရမ်းနစ်နာကုန်ပြီ။ လက်နက်ကြိးလက်နက်ငယ် အရံကျည် ပြည့်စုံအောင်လုပ်ပေးထားပါလား။ အားလုံးပြည့်စုံနေရင်ဘာခံမချနိုင်စရာအကြောင်းရှိလဲ။ အခုတော့သက်စောင့်ကျည်ကလေးနဲနဲပဲကျန်တော့တောထဲသွားပုန်းနေပြိး တပ်ကကယ်ထုတ်ခဲ့ရတယ်။ KIAကလဲသတ္တိမရှိဘူး။ အင်အားအပြည့်အစုံရှိထားတဲ့ လုံးခင်းနားက ရဲတပ်ရင်းတွေကိုသွားတိုက်ပါလား။ လုံးခင်းမှာရဲတပ်ရင်းစချထားကတည်းက ရဲတပ်ရင်းနဲ.မင်းတို.kiaတွေ.တိုင်း မင်းတို.kiaတွေပဲ ခံခဲ့ရတာလေ။ ခွန်ဆာကုန်းမှားတုန်က၆ယောက်၊ လယ်ပြင်မှာkiaရောkiaပြည်သူ.စစ်ရောစုစုပေါင်း၃၇ယောက် ပါသွားတယ်မဟုတ်လား။ ထိတွေ.မှု၈ကြိမ်မှာ ရဲတပ်ရင်းက ၂ယောက်ပဲဒဏ်ရာရခဲ့တယ်လေ။ ပြိးတော့ ကံဆီး-ဆိုင်းရာ တပ်ရင်း၆က အခွန်ကောက်ထားတဲ့ငွေ ကား၃စီးတိုက် ဘယ်ရောက်သ။ွားသလဲ။ ရဲတပ်ရင်းကဖြတ်လုသွားတာ ပိုက်ဆံကားတွေ မြစ်ကြိးနားတိုင်းထဲရောက်သွားမှ မင်းတို.သိလိုက်ရတာပါ။ ငွေလုသွားတဲ့ရဲတပ်ရင်းစစ်ကြောင်းပြန်လာတာလမ်းကဖြတ်တိုက်တော့လဲမင်းတို.ပဲခံလိုက်ရတယ်လေ။ ဒါကြောင့် စစ်တပ်နဲ.ရဲတပ်ရင်းတွေကိုမတိုက်ရဲတော့လို. ရဲစခန်းပေါက်စလေးတွေကို လိုက်တိုက်နေတာလားကေအိုင်အေရယ်။

    ReplyDelete