အမေရိကန်သည် ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှုအများဆုံးနိုင်ငံဖြစ်သည်ဟု ရုပ်သံအင်တာဗျုးတစ်ခုတွင် မှတ်ချက်ပြုခဲ့သော ကမ္ဘာကျော်ဟောင်ကောင်မင်းသား ဂျက်ကီချမ်းသည် ကမ္ဘာတစ်ဝန်းမှ အွန်လိုင်းအသုံးပြုသူများ၏ ဝေဖန်မှုကို ခံနေရသည်။
”အဂတိလိုက်စားမှုအကြောင်း မင်းပြောမယ်ဆိုရင် တစ်ကမ္ဘာလုံး အနှံ့။ အမေရိကန်ရော အဂတိ လိုက်စားမှု မရှိဘူးလား” ဟု ဂျက် ကီချမ်းက Phoenix TV အင်တာ ဗျူးတစ်ခုတွင် ပြောခဲ့သည်။ သူက ကမ္ဘာပေါ်တွင် အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံ မဟုတ်ဘဲ အမေရိကန်နိုင်ငံသာဖြစ် သည်ဟုပြောဆိုခဲ့ပြီး တိုင်းပြည်ကို ပြည်သူများက မထောက်ခံလျှင် မည်သူထောက်ခံမည်နည်းဟု မေး ခွန်းထုတ်ခဲ့သည်။ ဂျက်ကီချမ်း၏ ရုပ်ရှင်အသစ် CZ12 အကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းလာသော ရုပ်သံအင်တာ ဗျူးကို ဒီဇင်ဘာလက ထုတ်လွှင့် ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက အင်္ဂလိပ်ဘာသာပြန်ကို တင်ထားခဲ့သည်။
ဂျက်ကီချမ်း၏ မှတ်ချက်နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ အွန် လိုင်းအသုံးပြုသူများက ဒေါသတ ကြီး ဝေဖန်တုံ့ပြန်ကြသည်။ အမေရိ ကန်၏ သြဇာကြီး “The Wash-ington Post ” က ဂျက်ကီချမ်း ၏ အမေရိကန်ဆန့်ကျင်ရေးဟု ခေါင်း စဉ်တပ်ရေးသားခဲ့ပြီး အမေရိကန် အများအပြားက ယင်းမှတ်ချက်နှင့် ပတ်သက်၍ အံ့သြတကြီးဖြစ်ခဲ့ရ သည်ဟု ဆိုသည်။
Pouplar Myanmar News














No comments:
Post a Comment