Links

clock

Monday, January 6, 2020

အီရန် စစ်ဗိုလ်ချုပ်ရဲ့ ယာဉ်တန်းကို ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ အမေရိကန်တွေရဲ့ MQ-9 Reaper ဆိုတာ....


အီရန် စစ်ဗိုလ်ချုပ်ရဲ့ ယာဉ်တန်းကို ဒုံးကျည်နဲ့ ပစ်ခတ်
တိုက်ခိုက်ခဲ့တဲ့ အမေရိကန်တွေရဲ့ MQ-9 Reaper ဆိုတာ....



Predator B လို့လည်းခေါ်တယ်....
လူလိုက်ပါတာ မဟုတ်ဘဲ ထိမ်းချုပ်ရေး စခန်းကနေ
ထိမ်းချုပ်ပျံသန်းတဲ့ လေယာဉ်ငယ် Unmanned Aerial
Vehicle (UAV) ဖြစ်ပါတယ်....


အမေရိကန် လေတပ် (USAF) အတွက် General Atomics
Aeronautical Systems (GA-ASI) က တာဝန်ယူ
တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်....

အမေရိကန်လေတပ်က အသုံးပြုသလို ဗြိတိန်လေတပ်နဲ့
အီတလီလေတပ်တို့ကပါ အသုံးပြုပါတယ်....

MQ-9 Reaper တစ်စင်းရဲ့ တန်ဘိုးဟာ အမေရိကန်ဒေါ်လာ
၁၅.၉ သန်း ရှိပါတယ်။ တရားဝင် စတင် မိတ်ဆက်ခဲ့တာက
၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့က ဖြစ်ပါတယ်....

MQ-9 မှာ မြင်းကောင်ရေ ၉၅၀ ရှိ တာဘို အင်ဂျင်တစ်လုံး
တပ်ထားပြီး အမြန်ဆုံး တစ်နာရီကို ၄၈၀ ကီလိုမီတာအထိ
မောင်းနှင်ပျံသန်းနိုင်ပါတယ်....

ဒုံးကျည်တွေ တပ်ဆင်နိုင်သလို၊ လေဆာနဲ့ ထိမ်းချုပ်တဲ့
ဗုံးတွေကိုလည်း ပေါင် ၃၈၀၀ အထိ တပ်ဆင်နိုင်ပါတယ်....

ယာဉ်တစ်စင်းလုံးရဲ့ အရှည်ဟာ ၁၁ မီတာ (၃၆ ပေ ၁ လက်မ)
ရှိပြီး၊ တောင်ပံအကျယ်က မီတာ ၂၀ (၆၅ ပေ ၇ လက်မ)
ရှိပါတယ်။ ယာဉ်ချည်းပဲ ၂၂၂၃ ကီလို (၄၉၀၁ ပေါင်) ရှိပြီး
လက်နက်တွေ တပ်ဆင်အပြီး ၄၇၆၀ ကီလို (၁၀၄၉၄ ပေါင်)
အထိ တင်ဆောင်ပျံသန်းနိုင်ပါတယ်....

No comments:

Post a Comment