Links

clock

Wednesday, August 5, 2015

“ပြည်မြို့တွင်ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်”


ပြည်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်၂၉၀၀ အထက် ၅၅ စင်တီမီတာတွင် နှစ်ရက်ခန့် ရပ်တန့်နေရာမှ သြဂုတ် ၅ရက် မနက် ၆နာရီခွဲမှစတင်၍ ပြန်လည်မြင့်တက်လာခဲ့သည်။

မြစ်ရေသည် နံနက်၁၁ခွဲအချိန် တိုင်းတာချက်အရ ၆၂ စင်တီမီတာ(၂ပေ)အထိ မြင့်တက်လာသည်။ ပြည်မြို့တွင် မိုးမရွာတော့သည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း အထက်ဘက်မှ ရေများကျလာသဖြင့် မြစ်ရေမြင့်တက်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ မြစ်ရေ ဆက်လက်မြင့်တက်လာသဖြင့် ဆင်ဆုရပ်ကွက် ဗူးခါးမြောင်း ရေဆိုးထုတ်ပြွန်များ ရေမထုတ်နိုင်တော့ဘဲ ရပ်တန့်လိုက်ရခြင်းကြောင့် မြို့တွင်းရေမြောင်းရေများသည် ပြည်မြို့လမ်းမတော်လမ်းရှိ ဗဟိုမီးသတ်စခန်းနှင့် ထွန်းသီရိရုပ်ရှင်ရုံရှေ့ရှိ ကန်လမ်းနှင့် ပြည်ဟိုတယ်ဟောင်းနေရာတို့တွင် ရေများဝင်ရောက်လာသည်။ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ဆက်လက်မြင့်တက်နိုင်ပြီး နောက်သုံးရက်အတွင်း လက်ရှိရေအမှတ်ထက် ပေ၀က်ခန့်တက်နိုင်ပြီး စိုရိမ်ရေအမှတ်အထက်တွင် ဆက်တည်ရှိနိုင်သည်ဟု ပြည် မိုး/ဇလမှသိရသည်။
ပြည်မြို့တွင် ရေဘေးသင့်ပြည်သူ ၄၃၀၀ ကျော် ရှိနေပြီး ဒုက္ခသည်စခန်း ၅ခု ဖွင့်လစ်ထားရှိကာ အရပ်ဘက်အဖွဲ့စည်းများ၊လူမှုရေးအဖွဲ့များ၊ဌာနဆိုင်ရာများမှဒေသခံများမှ ကူညီစောင့်ရှောက်မှုများ ပေးနေသည်မှာ ၈ရက်ခန့်ရှိပြီဖြစ်သည်။

7 Day

No comments:

Post a Comment