Links

clock

Wednesday, August 5, 2015

"မြန်မာ့ရေဘေးအတွက် ဩစတြေးလျ ဒေါ်လာ နှစ်သန်း လှူဒါန်း"


ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ရေဘေးဒုက္ခနှင့်ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက် အရေးပေါ်အထောက်အပံ့အဖြစ် ဒေါ်လာ နှစ်သန်းကို သြစတြေးလျက ပေးအပ်လှူဒါန်းလိုက်သည်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်သည် ဩဂုတ် ၅ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်တွင် အာဆီယံဝန်ကြီးအဆင့် ညီလာခံတစ်ရပ်၌ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံခဲ့ပြီး ရေဘေးသင့် ပြည်သူများအတွက် စာနာစကား ပြောကြားခဲ့သည်။
သည်းထန်စွာ ရွာသွန်းသည့် မုတ်သုံမိုးကြောင့် မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၄၆ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၁၅၀၀၀၀ ကျော်မျှ ရေဘေးဒဏ် သက်ရောက်ခြင်း ခံခဲ့ရသည်။ လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိနေသော်လည်း ဝေးလံသီခေါင်သည့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့နိုင်ရန် အခက်အခဲများစွာ ရှိနေဆဲ ဖြစ်သည်။ 7 Day
_Ref: AAP

No comments:

Post a Comment