Links

clock

Tuesday, August 4, 2015

ရေဘေးကြောင့် ဆန်မပြတ်လပ်စေရန် ပြည်ပတင်ပို့မှု ခေတ္တရပ်ဆိုင်းမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦး ပလတ်စတစ်ပုံးကိုအသုံးပြု၍ ရေမနစ်အောင်သွားလာနေသည်ကို သြဂုတ် ၃ ရက်က တွေ့ရစဉ် / ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

 ရေဘေးအန္တရာယ်ရင် ဆိုင်နေရသည့်ဒေသများတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာမှု ထိန်း ညှိရေး ပြည်ပသို့ ဆန်တင်ပို့မှု တစ်လခွဲခန့် ရပ်နားထားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်မှ သတင်းရရှိသည်။

‘‘မိုးတွင်း ဖြစ်နေတော့ သင်္ဘောအတင်အချလည်း နည်း တယ်။ တရုတ်အ၀ယ်လည်း နည်း နေတော့ ပြည်ပကို ဆန်ရောင်းမှု ရပ်ဖို့ ကုန်သည်တွေအားလုံး ညှိ နှိုင်းသဘောတူထားပါတယ်’’ ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲ မင်းအောင်က ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း၌ ရေကြီးမှုကို စိုးရိမ်ပြီး ငွေကြေး တတ်နိုင်သူများက ဆန်ဝယ်ယူ စုဆောင်းမှုများကြောင့် ပြည်တွင်း ဆန်ဈေး ဆက်တိုက်မြင့်တက် လာသည်။ ထိုသို့ ၀ယ်ယူမှုများ ကြောင့် ဆန်ဈေးမြင့်တက်ပြီး ဆန် ပြတ်လပ်မည်ကို စိုးရိမ်နေကြ သဖြင့် ပြည်ပသို့တင်ပို့မှု ရပ်ဆိုင်း ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဦးရဲမင်းအောင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်သြ ဂုတ်၊ စက်တင်ဘာလများ၌ ဆန်ရှားပါးလေ့ရှိပြီး ယခုနှစ်တွင် ပြည်ပတင်ပို့မှုများခြင်းကြောင့် ဆန်ပြတ်လပ်မည်ကို ပြည်သူများ စိုးရိမ်ခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန်လက်ကျန်ရှိမှုအခြေအနေကို စာရင်းပြုစုမှု များ ဇူလိုင်တွင် ပြုလုပ်ခဲ့သည်။
ယခုကဲ့သို့ ပြည်ပသို့ ဆန် တင်ပို့မှုခေတ္တရပ်ဆိုင်းခြင်းကြောင့် ပြည်တွင်းမှ ဆန်ဈေးနှုန်းများ ပြန်လည် ကျဆင်းလာနိုင်ကြောင်း ဘုရင့်နောင်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
ပြည်တွင်း၌ ပုံမှန်ဈေးကွက် တွင် ဆန်ဈေးသည် ဆန်ကြမ်းရှယ်တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ မှ ၂၅,၀၀၀ ကြား ဈေးရှိနေကြောင်း ၎င်းက ပြောကြားသည်။
ပြည်ပသို့ ဆန်တင်ပို့မှုသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆန် တန်ချိန် ၁၈ သိန်းကျော်ဖြင့် စံချိန် တင် တင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင် ငံမှ ပြည်ပသို့ ဆန်ရောင်းချရာတွင် တရုတ်နိုင်ငံသည် အများဆုံးဖြစ် ပြီး ပြီးခဲ့သည့်နှစ်က တန်ချိန် ၁၃ သိန်းကျော်တင်ပို့ခဲ့သည်။
လက်ရှိ ရေကြီးမှုများ ကြုံ တွေ့နေရသော ကလေးမြို့တွင် ဆန်တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်ဖြင့် ရောင်းချနေပြီး ပုံမှန် ထက် တစ်အိတ်လျှင် ကျပ် ၃၀,၀၀၀ ကျော်ဈေးမြင့်တက်လာကြောင်း သိရသည်။ ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့သော ကောလင်းမြို့နယ်တွင် လက်ရှိဆန်တစ်အိတ်၏ ဈေးနှုန်းသည် ကျပ် ၃၅,၀၀၀ ကျော်ရှိနေပြီး ပုံမှန်အချိန်တွင် ကျပ် ၂၆,၀၀၀ ခန့်သာ ရှိနေကြောင်း သိရသည်။ လက်ရှိ ပွင့်ဖြူမြို့နယ်တွင် တစ်တင်းခွဲဝင် ဆန်တစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ ကျော်ရှိနေပြီး ပုံမှန်ထက်ကျပ် ၁,၀၀၀ မှ ၂,၀၀၀ ကြားသာ ဈေးမြင့်တက်ကြောင်း ၎င်းက ပြောကြားသည်။
ထို့အပြင် ရေကြီးမှု စတင်နေသော အောင်လံမြို့နယ်တွင်လည်း ဆန်တစ်အိတ်လျှင် ကျပ် ၂၃,၀၀၀ မှ ၂၆,၀၀၀ သို့ မြင့်တက်လာသည်။
7 day

No comments:

Post a Comment