Links

clock

Tuesday, August 4, 2015

ရေဘေးကူညီရန် ရွှေမြန်မာလေကြောင်း အခမဲ့ ပို့ဆောင်ပေးမည်

 ရွှေမြန်မာလေကြောင်း လိုင်းသည် ရေဘေးသင့် ဒေသများအနက် စစ်တွေနှင့် ကလေးမြို့များသို့ ကယ်ဆယ်ရေးပစ္စည်း များနှင့် ပရဟိတအနေဖြင့် သွားရောက် ကူညီလိုသူများအား အခမဲ့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

စစ်တွေနှင့် ကလေးမြို့များ သို့ ရန်ကုန်၊ မန္တလေးတို့မှတစ်ဆင့် အခမဲ့ပို့ပေးမည်ဖြစ်ပြီး ပို့ဆောင်ရေးအတွက် အကူအညီပေးရာ တွင် မော်တော်ကား၊ လေယာဉ် တို့ဖြင့် သွားရောက်ရန် ခက်ခဲ သည့်ဒေသများသို့ ရဟတ်ယာဉ် များ၊ မော်တော်ဘုတ်များဖြင့် သွားရောက်လှူဒါန်းနိုင်ရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရွှေမြန်မာလေကြောင်းလိုင်း အနေဖြင့် ရေဘေးသင့်ဒေသများသို့ အခမဲ့ ပို့ဆောင်ပေးခြင်းအပြင် CB Bank ဖောင်ဒေးရှင်း၊ KMA ဖောင်ဒေးရှင်းတို့နှင့်လည်း ပူးပေါင်း၍ ရေဘေးသင့်ဒေသများ သို့ ကျပ်သိန်း ၁၁,၀၀၀ ကို လိုအပ်သည့်အကူအညီများအတွက် ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ခရီးစဉ်တွေကို တစ်နေ့ တစ်ခေါက်နှုန်းနဲ့ ပုံမှန်ပြေးဆွဲပေးသွားပါမယ်။ အဓိကကတော့ ပစ္စည်းတွေကို သယ်ပေးမှာပါ။ ပရဟိတအနေနဲ့ ကူညီပေးမယ့် လူတွေလိုက်ချင်တယ်ဆိုရင်လည်း တစ်ဖွဲ့ကို  အများဆုံး  နှစ်ယောက်လောက်အထိ လိုက်လို့ ရနိုင်ပါတယ်’’ဟု ရွှေမြန်မာ လေကြောင်းမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။
 အခမဲ့  ပို့ဆောင်ပေးမည့် လေကြောင်းလိုင်း ခရီးစဉ်များမှာ ရန်ကုန် - စစ်တွေ ခရီးစဉ်တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် ကြာသပတေးနေ့တို့၌ နေ့လယ် ၁၁ နာရီတွင် ပို့ဆောင်ပေးမည်ဖြစ်ပြီး မန္တလေး-ကလေး ခရီးစဉ်တွင် အင်္ဂါ၊ ကြာသပတေး၊ သောကြော၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် ညနေ ၄ နာရီ၌ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment