Links

clock

Tuesday, August 4, 2015

အရောင်ဆိုးထားတဲ့ ခရိုနီတစ်ဦးရဲ့ အလှူဒါန



ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့  စေတနာရှင်အလှူရှင်တစ်ဦးမှ ဆန်အိတ် (၉၀၀၀) လှူဒါန်းခဲ့ဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီး သိသမျှ ပြောပြရမယ်ဆိုရင် …..
၎င်းတို့ရဲ့ စေတနာရှင် အလှူရှင်တစ်ဦးဆိုသူမှာ NLD ပါတီ အမာခံ ခရိုနီကြီး ဧဒင် ကုမ္ပဏီ အုပ်စုကြီး၏ မန်နေဂျင်း ဒါရိုက်တာ ဦးချစ်ခိုင် ပဲဖြစ်ပါတယ်။ ကဉ္စနကျွန်းသာ ကုမ္ပဏီသည် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ Gold Delta ကုမ္ပဏီ၏ အမည်ခွဲ ကုမ္ပဏီ တခုဖြစ်ပြီး၊ ဦးချစ်ခိုင်သည် ဧဒင် Group ဆောက်လုပ်ရေး လုပ်ငန်းအပြင် မြန်မာရှေ့ဆောင်ဘဏ် လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်သည်။

ဦးချစ်ခိုင်သည် မိန်းမနှင့် ကားအကောင်းစားများကို ကြိုက်နှစ်သက်သူဟု ကျော်ကြားသော ခရိုနီ တစ်ဦး၊ ယခင် စစ်အုပ်ချုပ်ရေးတွင် စစ်တပ်၏ ခေါင်းဆောင်ပိုင်းကြီးများဖြင့် အဆင်သင့်အောင် ပေါင်းသင်းနေထိုင်သူဖြစ်ပြီး၊ ဒေါ်စုကြည် အိမ်သို့ သွားရောက် လည်ပတ် ခဲ့ခြင်း၊ အလှူငွေ ပေးအပ်ခဲ့ခြင်းများနှင့် ပတ်သက်၍ အခြေမလှ အမျက်မာန်ရှ ခံခဲ့ရသည်ဟုလည်း ဆိုကြပြန်သည်။ သူ၏ လုပ်ရပ်အတွက် အဆိုပါ ပုဂ်္ဂိုလ်မှာ မနည်းတောင်းပန်ခဲ့ရသော်လည်း နောက်ပိုင်း နိုင်ငံခြားသား တချို့နှင့် တွေ့ဆုံသည့် အခါ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အား သူ“၀ယ်” လိုက်ကြောင်း ကိုယ်ရည် သွေးကာ ကြွားလုံး ထုတ်ခဲ့သည်အထိဖြစ်ခဲ့ဖူးသူ ဖြစ်ပါသည်။
နိုဝင်ဘာလ ၂၀၁၁ ခုနှစ် တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နေပြည်တော်သို့ သမိုင်းဝင် ခရီး လာရောက် လည်ပတ် ရာတွင် ဦးချစ်ခိုင် ပိုင်ဆိုင်သော ဟိုတယ်များ ထဲမှ ဟိုတယ် တစ်ခုတွင် တည်းခို ခဲ့သည်။ ခရီးစဉ် အပြီး သိပ်မကြာ မီမှာပင် ဦးချစ်ခိုင်မှာ အမေရိကန်သို့ သွားရန် ဗီဇာ ရရှိ ခဲ့သည်။ ၄င်းသည် စစ်အုပ်ချုပ်ရေးတွင် စစ်တပ်၏ ခေါင်းကြီးပိုင်းများနှင့် ထဲထဲဝင်ဝင်တွဲ၍ ၄င်းအကျိုးစီးပွားများကို ရအောင် ရှာခဲ့သူဖြစ်ပြီး၊ မကြာသေးမှီက ဗိုလ်ရှုသဘင် ပရော်ဂျက်ကို တစ်ဦးတည်း ရအောင်ဖန်တီးယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၄င်းကိစ္စအတွက် NLD ပါတီ၏ အမျက်ဒေါသကိုလည်း ခံခဲ့ရသူဖြစ်သည်။ အရင်စနစ်ဟောင်းတွင် ကြီးစိုးခဲ့သော ခရိုနီကြီးများတွင် ၄င်းကိုယ်တိုင်ပါဝင်ခဲ့ပါသည်။
ယခု အရပ်သားအစိုးရခေတ်တွင်လည်း ၄င်းတို့ ခရိုနီအုပ်စုမှာ ဆက်လက်ပြီး လက်ဝါးကြီး အုပ်ထားဆဲပင်ဖြစ်ပါသည်။ ဇူလိုင်လ ၂၀၁၀ ခုနှစ် တနင်္သာရီတိုင်း ဆန်တင်ပို့မှုကိစ္စအား လက်ဝါးကြီးအုပ်ခဲ့သည့် ကုမ္ပဏီ ၂ ခုတွင် ဦးချစ်ခိုင်၏ ကဉ္စနကျွန်းသာ ကုမ္ပဏီသည်လည်း အပါအ၀င်ပင်ဖြစ်ပါသည်။ ၄င်းတို့၏ ဗိုလ်ကျစိုးမိုးမှုကြောင့် လက်ငုတ်ပွဲရုံတွေ တခြားအလုပ်ပြောင်း လုပ်ရသည့် အခြေအနေအထိကို ဖြစ်ခဲ့ရပါသည်။
ယခုအခါတွင် ဦးချစ်ခိုင်သည် NLD ပါတီ အမာခံဖြစ်သည့်အလျှောက် ၄င်းမှ ငွေကြေးများစိုက်ထုတ်ပြီး၊ ၄င်းအမည်မဖေါ်လိုသည့် အတွက် စေတနာရှင်တစ်ဦးဟု ခေါင်းစဉ်တပ်ကာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ၄င်းအပြင် NLDပါတီမှ ဗဟိုအမှုဆောင်ကလည်း အလှူခံခဲ့ကြောင်းလည်း သတင်းများရရှိခဲ့ပါသည်။
ဦးချစ်ခိုင်၏ ဆန်အိတ် ၉၀၀၀ အလှူသည် နိုင်ငံ ရပ်ခြားတွင် ကာစီနိုလောင်း ကစားရုံ၌ တစ်ညတာ သုံးစွဲသော ဒေါ်လာ တစ်သိန်းကျော် (ကျပ်သိန်း တစ်ထောင် ကျော်) နှင့် နှိုင်းယှဉ်လျှင် ခရိုနီကြီး၏ အသေးသုံး ပိုက်ဆံသာဖြစ်ပါသည်။
ဦးချစ်ခိုင်တို့ မြန်မာနိုင်ငံအပေါ်မှာ ရယူထားသည့် အကြွေးများအနက် ဆန်အိတ် ၉၀၀၀မှာ ပြောပသည့် အလှူငွေစာရင်းမဟုတ်သကဲ့သို့၊ NLD ပါတီအပေါ် မျှော်လင့်ချက်များစွာဖြင့် ယခင်ကကဲ့သို့ပင် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ခြင်းများပြုလုပ်နိုင်ရေးအတွက် ပေးအပ်ခဲ့ခြင်း သာဖြစ်ပါသည်။ ရေဘေးသင့်ပြည်သူများအတွက် များစွာမှပင်ဝမ်းသာစရာဖြစ် သော်လည်း ၄င်းတို့ဒုက္ခပေးခဲ့သည်က ရေဘေးထက်ပင်ပိုခဲ့သည်မှာ တနင်္သာရီမှ ပြည်သူများ၊ ပြည်မြို့နယ်နှင့် ကံမမြို့နယ်မှ ဆန်ကုန်သည်များ၊ နေပြည်တော်နှင့် အခြားမြို့များမှ ဆောက်လုပ်ရေးကုန်သည်များအားလုံးပင် သိရှိကြပါသည်။
#ဒေါက်တာဆိတ်ဖွား

No comments:

Post a Comment