Links

clock

Saturday, July 4, 2015

တပ်မတော်နဲ့ "၀" တပ်ဖွဲ့တွေထိပ်တိုက်ရင်ဆိုင်လျက်ပင်ရှိနေပြီး တပ်မတော်မှ အကူလက်ရုံး တပ်များစွာထပ်မံတိုးချဲ့ချထား








*********************************************************
    "၀" တပ်ဖွဲ့ဘက်က သစ်ခိုးထုတ်ရာကနေဖြစ်လာတဲ့ တပ်မတော်နဲ့ ၀ တပ်ဖွဲ့တို့အ
ကြားတင်းမာမှုဟာ ပြေလည်သွားခြင်းမရှိသေးပဲ နှစ်ဖက်အသင့်အနေအထားဖြင့် ရင်ဆိုင်လျက်
သာရှိနေပါသေးတယ်။ ၀ တပ်ဖွဲ့အနေဖြင့် အင် အား သုံးသောင်း ကျော်ရှိတယ်လို့သိရှိရပြီး
တရုတ်ဘက်မှာလည်း သင်တန်းတက်နေတဲ့အင်အားတစ်သောင်းကျော်ရှိတယ်လို့သိရပါ

တယ်။ ၀ တပ်ဖွဲ့ဟာ တပ်မတော်ကို နည်းမျိုးစုံဖြင့်အကဲစမ်းနေပြီးအစိုးရကိုလည်း ပြည်နယ်ဖွဲ့
စည်းခွင့်ရဖို့တောင်းဆိုနေတာတွေရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ
အင်းအားအကောင်းဆုံးလို့ဆိုရပေမယ့် နိုင်ငံကာကွယ်ရေးတပ်မတော်ကိုတော့မှီမှာမဟုတ်ပါ
ဘူး။ လူမျိုးစုတစ်ခုတည်းဖြင့်သာဖွဲ့စည်းထားသော ၀ တပ်ဖွဲ့ဟာယခင်က ရှမ်းလူမျိုးများ၏
နယ်မြေကိုလုယူနေထိုင်ခဲ့ကြတာကိုရှမ်းလူမျိုးများကလည်းမကျေနပ်နိုင်ခဲ့ကြပါဘူး။ မူးယစ်
ဆေးဝါးထုတ်လုပ်ရောင်းချပြီး လက်နက်အင်အားဖြည့်တင်းနေတဲ့ ၀ တပ်ဖွဲ့မှာ အမေရိကန်တို့
အလိုရှိနေတဲ့ မူးယစ်ဆေးဝါးမောင်ခိုသမား ဆယ်ဦးထိရှိနေတယ်လို့သိရပါတယ်။ ထိုဆယ်ဦး
ကလည်း ၀ တပ်ဖွဲ့ကခေါင်းဆောင်းပိုင်းတွေကလို့သိရပါတယ်။ ဘိန်းစိုက်ပျိုးခြင်း၊ အခြားမူး
ယစ်ဆေးဝါးများထုတ်လုပ်ရောင်းချခြင်း၊ သဘာဝသယံဇာတဖြစ်သော သစ်များခိုးထုတ်ခြင်း၊
စသည်တို့ဖြင့် ၀င်ငွေရရှိနေသော ၀ တပ်ဖွဲ့သည် လက်နက်အင်အားဖြည့်တင်းရာတွင်လည်း
မူးယစ်ဆေးဝါးရောင်းချခြင်းရမှရရှိသောငွေကြေးများဖြင့်သာအဓိက ၀ယ်ယူနေကြောင်းသိရ
ပါတယ်။
    ယခုအခြေအနေမှာ တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်လျက်ရှိပြီး တင်းမာမှုကိုငြိမ်း
ချမ်းစွာအဖြေရှာဖို့နေပြည်တော်မှာလာရောက်ဆွေးနွေးပေမယ့်  ၀ အဖွဲ့ဟာတပ်တွေကိုပြန်
လည်ယုတ်သိမ်းသွားခြင်းမရှိသေးပါဘူး။ ဒါကြောင့်တပ်မတော်မှ နောက်ထပ်တပ်မ တစ်ခု၊
သံချပ်ကာတပ်များ၊ တင့်တပ်ရင်းများ၊ လေကြောင်းရန်တပ်ရင်းများ၊ အမြောက်တပ်ရင်းများ
ကို ထပ်မံအင်အားဖြည့်တင်းထားပါတယ်။ ဒါ့အပြင် နယ်မြေခံတပ်ရင်းအားလုံး( လက်ရုံးတပ်
ဖွဲ့များပါအပါအ၀င်) အသင့်အနေအထားဖြင့် စောင့်ကြည့်ခိုင်းထားးးပါတယ်။ ၀ တပ်ဖွဲ့အနေ
ဖြင့် တပ်မတော်ကိုအကဲစမ်းချင်၍လား၊ ဒါမှမဟုတ် မိမိအင်အားကိုပဲအထင်ကြီးနေ၍လား
တပ်မတော်နှင့်ထိပ်တိုက်ရင်ဆိုင်ထားသည်ကတော့ ၀ တပ်ဖွဲ့အတွက် အကောင်းဖြစ်လာ
မှာတော့မဟုတ်ပါဘူး။ ကိုးကန့်ကဖုန်ကြားရှင် တောင် နိုင်ငံတကာကကြေးစားစစ်သားငှား
တိုက်တာ မြန်မာပြည်တွင်း လောက်ကိုင်မြို့ကိုတောင်ဖြတ်ကျော်နိုင်ခြင်းမရှိခဲ့တာ ၀ တပ်ဖွဲ့
သတိထားရမဲ့အချက်ပါ။ ထိုင်းနိုင်ငံကလည်းသူတို့ဘက်မှာတပ်စွဲထားတဲ့ ၀ စခန်း ၇ ခုကိုပြန်
လည်ရုတ်သိမ်းပေးဖို့အစိုးရကိုတောင်းဆိုနေပြီ။ တပ်မတော်နဲ့တိုက်ပွဲဖြစ်လာလျှင်တော့ ထို
စခန်း ၇ ခုကလည်းထိုင်းတို့လက်ချက်အောက်မှာအသက်ပျောက်သွားမယ့်အနေအထားပါ။
ဒါကြောင့် ၀ တပ်ဖွဲ့တွေ တပ်မတော်ကိုခြေရာခြင်းလာမတိုင်းဖို့လိုပါတယ်။တပ်မတော်မှာ အင်
အားတွေမြောက်များစွာရှိပါတယ်။ လက်နက်ပေါင်းစုံရှိပါတယ်။ (ကြည်း၊ လေ၊ တင့်) ပူးပေါင်း
စစ်ဆင်နိုင်တယ်။ လေတပ်ကလည်း အဆင့်သင့်ပါပဲ။

1 comment:

  1. ကိုးကန့်အင်အားလက်တဆုပ်လောက်ကိုတောင် မြန်မာစစ်တပ်ပိုးစိုးပက်စက်သေနေတာ
    အင်အားအဆမတန်သာလို့သာနိုင်တာတဲ့စောင့်ပေါတပ်မတော်

    ReplyDelete