ဇူလှိုင်လ ၃ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် အိမ်စီးမော်တော်ယာဉ်ပိုင်ရှင်များထံမှ ဇွန် ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံနေကြောင်း ယာဉ်ပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။
ဖားကန့်ဒေသအတွင်း အိမ်စီးမော်တော်ယာဉ် ပိုင်ရှင်များအား
၎င်းတို့ပိုင်ဆိုင်သော ယာဉ်အမှတ် ၊ ယာဉ်အမျိုး အစား ၊ နေရပ်လိပ်စာနှင့် အတူ
ယာဉ်တစ်စီးလျှင်(၃)သိန်း ကျပ်နှုန်းဖြင့် KIA အဖွဲ့မှ ဇွန် ၂၅ ရက်နေ့မှ
စတင်၍ ဆက်ကြေးငွေများ အတင်းအကြပ်ကောက် ခံနေကြောင်း သိရ သည်။
KIA အဖွဲ့မှ ယခုကဲ့သို့ ဆက်ကြေးကောက်ခံခြင်းနှင့်ပတ်သက်၍ အိမ်စီး မော်တော်ယာဉ်များအား ယခင် ဆက်ကြေးကောက်ခံမှုမရှိဘဲ ယခုမှ ကောက်ခံခြင်းဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင် ကောက်ခံခြင်း မရှိသေးဘဲ ဒီမှော်ဒေသကျေးရွာများအတွင်းမှာ စတင်စာရင်းပြုစုပြီး ဆက်ကြေးငွေများ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပါသည်။
KIA အဖွဲ့မှ ဆက်ကြေးငွေကောက်ခံခြင်းပတ်သက်၍ ဒေသခံယာဉ် ပိုင်ရှင်များ အနေဖြင့် လုပ်ငန်းလိုအပ်ချက် အရ မော်တော်ယာဉ်များ အသုံးပြုနေသော်လည်း ဆက်ကြေးငွေ ပေးဆောင်ရန် အခက်အခဲ များရှိနေကြောင်း မှော်ဒေသကျေးရွာယာဉ်ပိုင်ရှင်တစ်ဦးမှ ပြောကြား သွားခဲ့သည်။
Kachin Daily News
ဆိုင်နော်(ဖားကန့်)

No comments:
Post a Comment