မနေ့(၁၇)ရက်နေ့မနက်ပိုင်းကဟောလီးဝုဒ်ရှိ နာမည်ကျော် သရုပ်ဆောင် ဖြစ်သူ George Clooney မှာ ဝါရှင်တန် ဒီစီရှိ ဆူဒန် သံရုံး ပြင်ပတွင် ဆန္ဒပြမှုပြုလုပ်နေစဉ် အတွင်း အဖမ်း ခံလိုက်ရပြီ ဖြစ်သည်။ အသက် ၅၀ ရှိပြီ ဖြစ်သည့် Clooney မှာ ဆူဒန် နိုင်ငံတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ပွင့်လင်းစွာ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ကာ သံတမန် ရေးရာအရ ကြားဝင် စေ့စပ်ရန်လည်း ဖိအားပေး တိုက်တွန်းခဲ့သူ ဖြစ်သည်။ George Clooney မှာ ဆူဒန် ခရီးစဉ်ကို မိတ်ဆွေများနှင့် အတူ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ကွန်ဂရက် ရှေ့မှောက်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ
ဆူဒန် နိုင်ငံတွင် ကြောက်လန့်စရာ အခြေအနေများ ဆက်တိုက် ဖြစ်ပွားနေရပြီ ဖြစ်ကြောင်း ဆီးနိတ် နိုင်ငံခြား ဆက်သွယ်ရေး ကော်မစ်တီသို့ လည်း ပြောခဲ့ပြီး ကလေးငယ်များမှာလည်း ဗုံးစများ ထိမှန်ခံရသည့် ကလေးငယ်များကို တွေ့ခဲ့ရကြောင်းနှင့် အသက် ၉ နှစ် အရွယ် ကလေးငယ်မှာ ၎င်း၏ လက်နှစ်ဖက်လုံး ပြတ်နေသည်ကို တွေ့ခဲ့ရကြောင်းလည်း ပြောခဲ့သည်။ ယခု ဖြစ်ရပ်မှာ George Clooney အတွက် ခက်ခဲသည့် ရက်သတ္တပတ် တစ်ခု ဖြစ်ခဲ့ရပြီး လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ ညက ဝါရှင်တန်တွင် အိုဘားမားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းတို့နှင့် အတူ ညစားစားရန် ဖိတ်ကြားခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။ ဒီလိုအကျော်အမော်မင်းသားပေမယ့်လည်းဒီမိုကရေစီထွန်းကားပါတယ်ဆိုပြီးဟစ်ကြွေးနေတဲ့အမေရိကန်နိုင်ငံကဆန္ဒပြလို့ဖမ်းဆီးခဲ့ တာပါ။မြန်မာပြည်ကနိုင်/ကျဉ်းတွေလွှတ်ပေးပါ၊ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူများရှိနေပါသေးတယ်လို့ဆိုနေပေမယ့်လဲအဲဒီ လိုပြောနေတဲ့နိုင်ငံ၊ဒီမိုကရေစီထွန်းကားနေတဲ့နိုင်ငံမှာဆန္ဒပြလို့ဖမ်းဆီးသွားတာကိုမြန်မာ့အတိုက်အခံတွေကဘာလို့များမသိခြင်ရောင် ဆောင်နေတာလားမသိပဲမသိတာလား။ဟောလိဝုဒ်ကကမ္ဘာကျော်မင်းသားသမ္မတနှင့်ဝန်ကြီးချုပ်တို့ကတောင်ညစာစားပွဲဖိတ်ခြင်းခံရ သူကိုတောင်ဆန္ဒပြလို့ဖမ်းဆီးတယ်ဆိုလျင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကနိုင်ငံကျော်မင်းသား၊ပါချီပါချက်လောက်နိုင်ငံရေးလုပ်လို့ ဆန္ဒပြလို့အဖမ်းခံရမယ်ဆိုရင်တော့သူတောင်းစားတွေမအော်အောင်ကြိုတင်အသိပေးထားခြင်းဖြစ်ပါတယ်။သရုပ်ဆောင်လည်းနိုင်ငံတော်ကိုဆူပူအောင်လုပ်ဆောင်လျှင်အဖမ်းခံရမှာပဲ၊မြန်မာပြည်ကသရုပ်ဆောင်တွေလည်းမြင်ယောင်နေပြီ။














No comments:
Post a Comment