Links

clock

Saturday, March 17, 2012

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံ တို့ ၏ ၆နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရန် ပူးပေါင်း လုပ်ဆောင်မည်

မြောက်ကိုရီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ ၆နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့ အတူတကွ ပူးပေါင်း လုပ်ဆောင်သွားကြဖို့
သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီ သဘောတူညီမှုကို မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Ri Yong Ho နဲ့ ရုရှား ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Andrey Denisov တို့  ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ ခေါင်းဆောင်နှစ်ဦးဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသလို ၆နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင်ဖို့ကိုလည်း နီးနီကပ်ကပ် လုပ်ဆောင်သွားဖို့ သဘောတူခဲ့ ကြပါတယ်။ မြောက်ကိုရီးယား နိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ၎င်းရဲ့ ယူရေနီယမ်သန့်စင်တဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားဖို့နဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီမှ စုံစမ်းစစ်ဆေးရေး အရာရှိတွေကို လာရောက်ကြည့်ရှု စစ်ဆေးဖို့ကို လက်ခံ ခဲ့ပါတယ်။

အဲဒီလို လက်ခံခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံကို စားနပ်ရိက္ခာတွေ ပြန်လည် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို မြောက်ကိုရီး ယားနိုင်ငံ ရဲ့ ဆောင်ရွက်ချက်တွေကို  ရုရှားနိုင်ငံက ကြိုဆိုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို ဖြတ်သန်းကာ ရုရှားအရှေ့ပိုင်း ဒေသကနေ တောင်ကိုရီးယားနိုင်ငံကို သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း ဖောက်လုပ်ဖို့ကိုလည်း ၀န်ကြီးနှစ်ဦးက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

MRTV-4


No comments:

Post a Comment