
ကျွန်တော်တို့ မြန်မာပြည်တွင် ယဉ် ကျေးမှုနှင့် ပတ်သက်၍ ““အမျိုးသား ယဉ်ကျေးမှု”” ဆိုသည့် အသုံးအနှုန်းကိုပဲ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဝေါဟာရအဖြစ် သတ်မှတ်ပြောဆိုကြပါ သည်။ လူမှုရေးဦးတည်ချက် (၄) ရပ်တွင် လည်း ““အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မား ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင်ရှောက်ရေး”” ဆိုသည့်အချက်ပါဝင်ပါသည်။ ၎င်းင်းအချက် သည် နိုင်ငံတော်အတွက် အလွန်အရေး ကြီးပါသည်။ ယဉ်ကျေးမှု ပျောက်ကွက် သွားလျင်လူမျိုးပျောက်ကွက်သွားနိုင်ပါ သည်။ ယဉ်ကျေးမှုတွင် ၀တ်စားဆင်ယင် မှုက အဓိကကြပါသည်။ အမျိုးသားများ နှင့် အမျိုးသမီးများတွင် မည်သူကပို၍ ယဉ်ကျေးမှုကို ထိန်းသိမ်းကြသနည်းဆို သည့် မေးခွန်းမေးချင်ပါသည်။ ကျွန်တော် တို့ငယ်ငယ်က ကျောင်းတွင် စကားရည် လုပွဲများကျင်းပခဲ့ကြပါသည်။ ယခုလို အချိန်အခါမှာလည်း စကားရည်လုပွဲများ ရှိလျှင် ““ယဉ်ကျေးမှုကို အမျိုးသားများနှင့် အမျိုးသမီးများ မည်သူကပို၍ ထိန်းသိမ်း စောင့်ရှောက်ပါသလဲ”” ဆိုသည့် ခေါင်း စဉ်ဖြင့် ယှဉ်ပြိုင်လိုက်ချင်ပါသေးသည်။ ကျွန်တော်တို့အမျိုးသားများမှာ
ရှပ်အင်္ကျီ လည်တုံးတိုက်ပုံအင်္ကျီပုဆိုးတို့သည်မြန်မာ အမျိုးသားများ၏ အမျိုးသားဝတ်စုံဖြစ် သလိုအမျိုးသမီးများကလည်း လက်ရှည် အင်္ကျီပုဝါထမိန်(လုံချည်)တို့သည် မြန်မာ အမျိုးသမီးများအတွက် ယဉ်ကျေးမှုဝတ် စုံဖြစ်ပါသည်။ မြန်မာအမျိုးသားများသည် မည်မျှပင် သရုပ်ပျက်ဝတ်စားဆင်ယင်မှု ဇာတ်ကားများကို ကြည့်ရပါစေ ဇာတ် ကားထဲကအတိုင်းလိုက်၍ သရုပ်ပျက်ဝတ် ဆင်မှုကို အတုမခိုးကြပါ။ အမျိုးသားများ သည် မောင်နှင့်နှမ၊ သားနှင့် အမိ မကြည့် ၀ံ့အောင်မျက်နှာလွဲရသည့် ယဉ်ကျေးမှု မရှိ (မရှက်မရှိ) သည့် ၀တ်စားဆင်ယင် မှုမျိုးမ၀တ်ကြပါ။ တချို့ အမျိုးသမီးများ ကတော့ (အမျိုးကောင်းသမီးများမပါ) ရုပ်မြင်သံကြား ကိုရီးယားဇာတ်လမ်းတွဲ မှ ကိုရီးယားမများ၏ အကွဲ၊ အမြဲ၊ ဒူးပေါ် ပေါင်ပေါ်ရုံတင်မကဘဲ ပေါင်ရင်းထိရောက် နေတဲ့ ဖင်ပေါ်လုပေါ်ခင် စကပ်အတို လေးဝတ်၊ အပေါ်ပိုင်းကျတော့ အင်္ကျီမပါ လုံချည်ရင်လျားထားသည့်မသေးမျှင်ဒီဇိုင်း မျိုးနဲ့ မောင်နှင့်နှမသားနှင့် အမိ ရဟန်း ရှင်လူတွေကြားထဲဘယ်လိုမှ သွားလာ ရန်မသင့်တော်ဆင်ယင်မှုများကို ရန်ကုန် မြို့ထဲနေရာအနှံ့မြင်တွေ့နေရသည်မှာ အော့နှလုံးနာစရာကောင်းလှပါသည်။ ယိုသူမရှက်မြင်သူရှက်ဖြစ်နေရသည်။ သူတို့ကတော့ ပတ်ဝန်းကျင်တွင် လူသူ မရှိသည့်အတိုင်းခတ်တည်တည်သွားလာ နေကြသည်မှာ ပတ်ဝန်ကျင်းကိုမခန့်လေး စားစော်ကားရာရောက်နေပါသည်။ ကိုယ့် အိမ်ထဲမှာ ကိုယ့်အခန်းထဲမှာ အရှက်မရှိ လို့ ကိုယ်တုံးလုံးပဲနေနေ နေကြပါ။ စီးပွား ရေးလုပ်ငန်းအရ ဒီလိုပုံစံမျိုးဝတ်စားဆင် ယင်ရပါတယ်ဆိုရင်လည်း မိမိစီးပွားရေး လုပ်သည့် နေရာဌာနနေတွေမှာသာဝတ် ဆင်ကြပါ။ ““အကျင့်စာရိတ္တပျက်စီးလျှင် ဘ၀ပျက်စီးတတ်သည်”” ကိုသိစေချင် သည်။ ရဟန်ရှင်လူတွေ သွားလာနေကြ တဲ့ အများပိုင်နေရာများကိုတော့ ဟိရိ သြတ္ထပတရားလေးနဲ့ နည်းနည်းလေးတော့ ဆင်ချင်ကြစေချင်ပါတယ်။ တွက်ပီနှင့် ဗိုက်ကလေးကြိမ်လုံးနှင့် လိုက်ရိုက်သလို ရိုက်သလို ရိုက်ချင်ပါသည်။
ရုင်မြင်သံကြားသည် အလွန်အရေး ကြီးပါသည်။ လူငယ်များသည် ကောင်း တာကို အတုခိုးချင်းထက် မကောင်းတာ ကိုပဲ အကောင်းထင်ပြီးအတုခိုးမှားတတ် ကြသည်မှာ ဓမ္မတာပဲဖြစ်ပါသည်။ ကိုရီး ယားဇာတ်ကားတစ်ကားတွင် တီးဝိုင်း မိန်းကလေး ၄ယောက် အိမ်ရှေ့ခန်းမှာ ဘောင်းဘီအတိုစကပ်အတိုများနှင့် လက် ထဲတွင် အရက်ပုလင်းများကိုင်ပြီး သောက် နေကြသည့် အခန်းပါလာသည်။ အရက် ပုလင်းကို သောက်သည့်အခါကျမှ ဆင် ဆာရေးရေးလေးဖြတ်ထားပါသည်။ ည ဘက်အချိန်မတော်မှ မူးပြီးအိမ်ပြန်လာ သည့် အခန်းများလည်း ခဏ ခဏပါလာ တာတွေ့နေရသည်။ မြန်မာဇာတ်ကား တွင် ဆေးလိပ်သောက်ခန်းမထည့်ရ သော်လည်း ရုင်မြင်သံကြား၊ ကိုရီးယား ဇာတ်ကားတွင် မိန်းကလေးများအရက် သောက်ပြနေသည့်အခန်းများကိုတော့ ပြသနေချင်မှာလုံးဝမဖြစ်သင့်ပါ။ လွန်ခဲ့ သော နှစ် ၃၀-၄၀ ကျော်က မြန်မာ မိန်းကလေးများ လက်ဖက်ရည်ဆိုင်မထိုင် ရဲကြသော်လည်း ယနေ့ မိန်းကလေးတချို့ ကတော့ စားသောက်ဆိုင်ဘီယာဆိုင်များ ကိုတောင် အမျိုးသားများနှင့် ရင်ဘောင် တန်း၍ ရဲတင်းစွာဝင်ထွက်စားသောက် နေကြသည်မှာ ခေတ်ဆန်သည်ဟု ဂုဏ် ယူဝင့်ကြွားစွာပြောဆိုနေကြပါသည်မှာ ခေတ်ဆန်ခြင်းသည် မကောင်းသော လမ်းကြောင်းသို့ ဦးတည်နေပါသည်။ ခေတ်မီခြင်းဖြစ်မှသည်သာ ကောင်းမွန် ပါမည်။
ဒီလိုမျိုးတွေဘာကြောင့် ဖြစ်လာနေ ရသလဲဆိုတော့ အဓိက တရားခံက မြန်မာ့ ဓလေ့စရိုက်ယဉ်ကျေးမှုနှင့် မကိုက်ညီ သော ၀တ်စားဆင်ယင်မှုတွေဖောက်ပြန် ပျက်စီးနေသော အိမ်ထောင်ရေးလူမှုရေး စရိုက်တွေပါဝင်နေသည့် ကိုရီးယားဇာတ် ကားများကြောင့်သာဖြစ်သည်။ ယောက်ျား လေးတစ်ယောက်ကို မိန်းကလေးနှစ်ယောက် က အမြိုင်လုကြိုက်မယားရှိလင်ကိုလဲ အတင်းလုကြိုက်။ တစ်လင် တစ်မယား စနစ်နဲ့ အိမ်ထောင်ရေးသာယာတဲ့ဇာတ် ကားတစ်ကားမှမရှိ။ အနိဋ္ဌာရုံတွေပဲဖြစ် နည်းနည်းမှအတုယူစရာမရှိ။ ဒီလိုဇာတ် ကားမျိုးတွေပဲ ဆက်ပြနေမည်ဆိုပါက ဘယ်မှာလာအမျိုးဂုဏ်ဇာတိဂုဏ်မြင့်မား လာမှာလဲ။
HOT NEWS
No comments:
Post a Comment