Links

clock

Sunday, March 18, 2012

NLD ပါတီဝင်များဘိန်းချက်၊မီးသွေးခိုးဖုတ်၊အရက်ပုန်းရောင်းနေပြီးမူးယစ်ယမ်းကားကအခြားပြိုင်ဘက်ပါတီများအားနှောင့်ယှက်နေပြန်

ဘိန်းချက်၊မီးသွေးခိုးဖုတ်၊အရက်ပုန်းရောင်းနေသောမြိတ်၊ကျွန်းစုမြိုနယ်က NLDပါတီဝင်များ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအုပ်စု ၀ါးအော်ကျေးရွာတွင် စိုက်ထူထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်သန်း၏ မဲဆွယ်ကြေညာ ပိုစတာဆိုင်းဘုတ်အား ၁၂-၃-၂၀၁၂ တနင်္လာနေ့ ည (၁၀)နာရီခွဲ အချိန်တွင် မူးယစ်ရမ်းကားပြီး ဖျက်ဆီး ခံခဲ့ရသည်။ ထိုသို့ ဖျက်ဆီးသူများမှာ ၀ါးအော်ကျေးရွာ NLD အဖွဲ့ဝင် မင်းယု၊ (ဘ) ဦးထွန်းလွယ်၊ အသက် (၂၈)နှစ်၊ ၊ NLD အဖွဲ့ဝင် အိုပိုင် (ဘ) ဦးလှိုင်ရွှေ၊ အသက် (၂၈)နှစ် နှင့် နောက်ပါ (၃) ဦး တို့ ပါဝင်ကြောင်း သိရှိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်းယုနှင့် အိုပိုင်တို့ နှစ်ဦးသည် (၁၄-၃-၂၀၁၂) ရက်နေ့တွင် စခန်းသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင် ရှေ့မှောက်တွင် ၄င်းတို့မှာ ဘိန်းစာမှုန့်နှင့် အရက် သောက်စား မူးယစ်ကာ ဖျက်ဆီး မိကြောင်း ၀န်ခံကတိပြုပြီး နောက်နောင် ထိုသို့ မလုပ်ဆောင်တော့ပါကြောင်း ၀န်ခံလက်မှတ် ရေးထိုး တောင်းပန်ခဲ့ကြောင်း သိရှိရသည်။ ကျွန်းစုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့်လည်း အဆိုပါ NLD လူငယ်နှစ်ဦးအား ဥပဒေအရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျွန်းစုမြို့နယ် NLD အဖွဲ့ဝင် အများစုမှာ ကျေးရွာအတွင်း ဘိန်းစာမှုန့် စားသုံးရောင်းဝယ်ခြင်း၊ တရား မ၀င် မီးသွေးခိုးဖုတ်ခြင်း၊ အရက်ခိုးချက်ခြင်း၊ စသည့် လုပ်ငန်းများ လုပ်ဆောင်နေသူ အများစု ပါဝင်ကြောင်းနှင့် ၄င်းတို့မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာပါက ဒီမိုကရေစီ ရရှိပြီ ဖြစ်သဖြင့် မိမိတို့ နှစ်သက်သလို ဆောင်ရွက်နိုင်ကြောင်း ဘာစည်းမျဉ်းစည်းကမ်းမှ လိုက်နာရန် မလိုကြောင်း စသည့် စည်းရုံးမှုများအပေါ် သဘောကျ နှစ်ခြိုက်ပြီး NLD ပါတီဝင် ပါဝင်ကြကြောင်း ပြည်သူများက ဝေဖန်လျက်ရှိသည်။ 
မြိတ်ပုလဲမြေ

No comments:

Post a Comment