Links

clock

Tuesday, June 12, 2012

ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာ၇ီထိ ရခိုင်ပြည်နယ်သတင်းအနှစ်ချုပ်

နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦး၏ ဖေ့ဘွတ်တွင် ရိုဟင်ဂျာနှင့် အယ်ကိုင်ဒါ ဆက်စပ်မှုများကို တင်ပြလျက်ရှိ။
စနေနေ့ညက မောင်တောတွင် သေနတ် အလက် ၈၀ ရိုဟင်ဂျာများထံမှ ဖမ်းမိခဲ့သည်ဟု Yangon Media Group မှ သတင်းဖော်ပြခဲ့။
အယ်ကိုင်ဒါနှင့် ဆက်နွယ်သော ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ထွန်းအောင် (ခ) နူရ်ဟောက်နှင့် သမီးကို သက်ဆိုင်ရာက ဖမ်းဆီးကြောင်း ဆက်စပ်သတင်းများ The Voice နဲ့ EMG တွင်ဖော်ပြခဲ့။

စစ်တွေမြို့ ရဲနွယ်စုရပ်ကွက် လောကနန္နာဘုးရားရှေ့ ဗလီ အနီးတွင် နေထိုင်သော မာမွတ်ဟာဆိန်း (ခ) ဦးကျော်လှအောင် AZG admin officer ၏ နေအိမ်မှ လက်နက်သေတ္တာ နှစ်လုံးတွေ့ကြောင်း သတင်းရရှိ။

ယမန်နေ့ညက မောင်တောမြို့ AZG ခေါ် NGO ရိုး စတိုးခန်းအတွင်း မှ မိုဟာမက်အာရွတ် (အဖ အမည်။ ဖော်ဘီအာမက်) AZG ၀န်ထမ်း သိုဝှက်ထားသည့် လက်ပစ်ဗုံး နှစ်လုံးတွေ့။

ဘင်္ဂလီရိုဟင်ဂျာများတွင် အယ်ကိုင်ဒါက ထောက်ပံ့သော သေနတ်လက်နက်များ လက်ဝယ်ရှိနေပြီ ဖြစ်ကြောင်း အောက်ပါ The Voice သတင်းက ထပ်မံ အတည်ပြုနိုင်။
The Voice Weekly
စစ်တွေမြို့ချင်းပျံလမ်းရှိ ရခိုင်လူမျိုးများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော ဘင်္ဂါလီလူမျိုးများအား စစ်တပ်မှ ၀င်ရောက် ထိမ်းသိမ်းရာတွင် ဘင်္ဂါလီလူမျိုးများက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ၀င်ရောက်ထိမ်းသိမ်းလာသူ တပ်မတော်သားတစ်ဦးမှာ ထိခိုက်ဒါဏ်ရာရ ရှိသွားပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

No comments:

Post a Comment