Links

clock

Saturday, June 9, 2012

ရခိုင်ပြည်နယ်က ပြဿနာများအား ဒေါက်တာအေးမောင်ရဲ့ ဝေဖန်ချက်အပေါ် ပြည်သူတစ်ဦးရဲ့အမြင်


     ၂၀၁၂ခုနှစ်၊ မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မသီတာထွေး (၂၆ နှစ်) ဟာ ကျောက်ထရံရွာနဲ့ သပြေချောင်းရွာကြားမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ မေလ ၂၉  ရက်နေ့ မနက် ၉  နာရီလောက်မှာ မသီတာထွေး အလောင်းကို ပြန်တွေ့ပြီး မသီတာထွေးမှာ မုဒိန်းကျင့်ခံထားရတယ်လို့ သိရပါတယ်။ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်ပြီး ၀တ်ထားတဲ့ ရွှေထည်တွေကိုပါ ပျောက်ဆုံးနေကြောင်းတွေ့ရပါ တယ်။ ရဲအဖွဲ့ရဲ့ ကြိုးစားဖော်ထုတ်မှုနဲ့ ဒေသခံများ ပူးပေါင်းပါဝင်မှုကြောင့် မုဒိန်းကျင့်၊ လူသတ်၊ ပစ္စည်းယူသူ တရားခံ၃ ဦးကို မေလ ၂၉  ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေရဲ့ ရင်ထဲက အမုန်းမီးကတော့ ဆက်လက်တောက်လောင်နေဆဲပါပဲ။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာတော့ တောင်ကုတ်မြို့မှာ မွတ်ဆလင်ကုလား ၁၀ ယောက်အသတ်ခံခဲ့ရပါတယ်။ အသတ်ခံခဲ့ရသူတွေက ရိုးမသစ္စာကားကို စီးနင်းလိုက်ပါလာကြပြီး မသီတာထွေး အသတ်ခံရတာကို မကျေနပ်ကျတဲ့ တောက်ကုတ်သားတွေက မြို့ထဲကို ကုလားမ၀င်ရဆိုပြီး စာကပ်ထားတာကို မြို့ရှောင်လမ်းကနေမသွားပဲ တောင်ကုတ်မြို့ထဲ ၀င်ရောက်ရာမှ မြို့ခံရခိုင်များနှင့် ပြဿနာဖြစ်ပြီး ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်။ တောင်ကုတ်မှာ ကုလား ၁၀ ယောက်အသတ်ခံရတာနဲ့ ပတ်သတ်ပြီး မကျေနပ်လို့ ဇွန်လ ၅ ရက်နေ့က ရန်ကုန်ဆူးလေဗလီမှာ မွတ်ဆလင်ကုလားတွေက တောင်ကုတ်ကိစ္စအား တရားမျှတစွာအရေးယူပေးရန် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်သူများအနေနဲ့ ရင်ထဲက အမုန်းမီးတောက်များကို ဖုံးဖိထားခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့က ဗလီတက်ပြီး အပြန်ကုလားတွေက လူစုပြီး မောင်းတောမြို့နယ်ခန်းမအနီးက ရခိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၎င်းနောက် မောင်းတောမြို့နယ်ထဲက ရခိုင်ရွာတွေကို ဘင်္ဂလီကုလားတွေက လိုက်လံဖျက်ဆီးပြီး ကုလားမှ လွဲ၍ ကျန်လူမျိုးများအားလုံးကို သတ်ဖြတ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဘင်္ဂလီကုလားတွေရဲ့ ရက်စက်ယုတ်မာမှုများ ကြောင့် တစ်ရက်ထဲ ရခိုင်လူမျိုး ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၀ ဦး၊ အိမ်ခြေ ၆၀၀လုံး၊ ဈေးဆိုင်များနဲ့ တည်းခိုခန်း ၁ ခန်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒေါက်တာအေးမောင်

ဒီလိုအကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်မှ ယခုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားရခြင်းမှာ အစိုးရတွင် တာဝန်ရှိကြောင်းပြောကြားခဲ့ပါတယ်။ ဒေါက်တာအေးမောင်သည် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်တွေရဲစခန်းအား ရခိုင်ပြည်သူများမှ ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ရာတွင် လာရောက်ဖျန်ဖြေပေးခဲ့သော်လည်း လူထုကလက်မခံပဲခဲများနှင့်ပေါက်သောကြောင့် ရဲစခန်းထဲဝင်ရောက်ခဲ့ပေမယ့် လူထုကရဲစခန်းကို ခဲနဲ့ပေါက်ပြီးဖျက်ဆီးဖို့ ကြိုးစားခဲ့ရာ ရဲများမှ သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရပါတယ်။ ဒီအချိန်မှာတော့ ဒေါက်တာအေးမောင်ဟာ သူ့ကိုထိခိုက်မှာစိုးလို့ရဲစခန်းစားပွဲအောက်တွင် ၀င်ရောက်ပုန်းအောင်းနေခဲ့ကြောင်း မျက်မြင်များကပြောကြားခဲ့ပါတယ်။ ဒေါက်တာအေးမောင်သည် ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ၀န်ထမ်းအဖွဲ့များအား ချုံ့ခြင်း၊ ချဲ့ခြင်း အသစ်ဖွဲ့စည်းခြင်းများအား စနစ်တကျပြုရေး အဆိုတင်သွင်းခဲ့ကြောင်း၊ ၎င်းအဆိုတွင် ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ဦးတည်နေသော အချိန်ဖြစ်သဖြင့် လုံထိန်းတပ်များအားလျော့ချပေးစေလိုကြောင်း၊ ရဲတပ်ရင်းများအားလည်း ရခိုင်ပြည်နယ်အတွင်း မလိုအပ်ပဲ တိုးချဲ့ဖွင့်လှစ်ထားသဖြင့်လျော့ချပေးနိုင်ရန် တင်ပြတောင်းဆိုခဲ့ပါတယ်။ ဒီတင်ပြချက်အပေါ်မကွေးတိုင်းမဲဆန္ဒနယ်မှ ဦးလှဆွေက ဘူးသီးတောင်- မောင်းတောဒေသဟာ ဘင်္ဂလီလူမျိုးများ ၀င်ရောက်ကျူးကျော်နေသဖြင့် တားဆီးရန်လိုအပ်ကြောင်း၊ ဒါကြောင့်ရဲတပ်ရင်းများ တိုးချဲ့ထားရှိကာ တားမြစ်ရမှာ ဖြစ်ကြောင်း၊ ကျူးကျော်မှုကို မတားမြစ်နိုင်ပါက  ဘင်္ဂလီများ စိမ်မ့်ဝင်ပြီး ရခိုင်ပြည်နယ်မှ ကုလားပြည်နယ် ဖြစ်သွားမှာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ ဒေါက်တာအေးမောင်တင်သွင်းသောအဆိုနှင့်ပတ်သတ်ပြီး အမျိုးသားစီမံကိန်းဌာနမှ ဒုဝန်ကြီးဒေါက်တာကံဇော်က ပြန်လည်ဖြေရှင်းပေးခဲ့လို့ လွှတ်တော်မှ မှတ်တမ်းတင်ထားရှိခဲ့ပါတယ်။ ဒေါက်တာအေးမောင်ပြောသလို ရဲတပ်ရင်းတွေကိုသာ လျော့ချပေးခဲ့မယ်ဆိုရင် ယမန်နေ့ကအကြမ်းဖက်မှုများတွင် ရခိုင်လူမျိုးမြောက်များစွာ သေကြေရမှာ ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးမှာ အဆင့်လိုက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရပ်ကွက်အဆင့်နဲ့ ဖြေရှင်းလို့ရရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဖြေရှင်းပေးပြီး မရပါက မြို့နယ်အဆင့်စသည်ဖြင့် အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ မြိ့ပြအုပ်ချုပ်ရေးတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်ရပြီး ရဲတပ်ဖွဲ့မှ ထိန်းမရပါက မြို့ပြအုပ်ချုပ်ရေးမှစစ်တပ်ကို ၀င်ရောက်ထိန်းသိမ်းပေးရန် အကုအညီတောင်းမှသာ စစ်တပ်က ၀င်ရောက်ထိန်းသိမ်းရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ကတော့စစ်တပ်ကို မြို့ပြအုပ်ချုပ်ရေးမှာ မပါဝင်စေပဲ ကင်းကင်းရှင်းရှင်းနေစေချင်ပါတယ်။ မလွဲမရှောင်သာသော အချိန်မှ စစ်တပ်က ၀င်ရောက်ထိန်းသိမ်းပေးစေလိုပါတယ်။ တကယ်တန်းလိုအပ်လာပါက စစ်တပ်ဟာ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း ပြည်သူ၊ အစိုးရနဲ့ နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။
ဒါ့အပြင် ဒေါက်တာအေးမောင်က လွှတ်တော်မှာ နိုင်ငံတော်ဘဏ္ဍာကို ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အများအပြား မသုံးစွဲပဲ ၀န်ကြီးဌာနများသို့ ခွဲဝေပေးချင်းကိုလည်း ကန့်ကွက်ခဲ့တဲ့အပြင် ခုလို အကြမ်းဖက်မှုဖြစ်ပွားရခြင်းမှာ အစိုးရကြောင့်သာဖြစ်ပွားခဲ့ရတာလို့ စွပ်စွဲပြောဆိုနေတာတွေ့ရပါတယ်။ ခုလိုမိမိလူမျိုးများ မတရားသတ်ဖြတ်ခြင်း ခံနေရတာတောင် ဘင်္ဂလီလူမျိုးများတွေဘက်ကလိုက်ပြီးပြောပေးနေသေးတယ်။ အမျိုးသားအကျိုးစီးပွားကို မကာကွယ်ပဲ ဘင်္ဂလီများထံမှ လာဘ်ငွေများရယူထားပြီး အစိုးရမကောင်းကြောင်းကိုသာ တွင်တွင်ပြောနေခဲ့တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အခြေခံဥပဒေကို ဖောက်ဖျက်ပြီး ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးသင့်ကြောင်း၊ ဒီလိုအကြမ်းဖက်မှုများကို ရခိုင်လူမျိုးများကသာကာကွယ်ပေး သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီကုလား စိမ့်ဝင်နေမှုမှာ တစ်နေ့တခြားများပြားလာကြောင်းနဲ့ ၎င်းဘင်္ဂလီကုလားများရဲ့ ရန်မှကာကွယ်ရန်မှာ မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမည်ဆိုတဲ့ စကားလုံးကို ကျမ်းသစ္စာကျိန်ဆိုခဲ့သူဖြစ်ပါတယ်။ ယခုအခါ ဒေါက်တာအေးမောင် ပြောဆိုခဲ့တဲ့ မောင်းတောဒေသမှာ အရေးအခင်း အပေါ်ဝေဖန်ပြောဆိုမှုတွေထဲမှာ လုံခြုံရေးစီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာတာဝန်ရှိတယ်။ ကျွန်တော်တို့ကလည်း တောင်းဆိုသွားမှာ“ ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သုပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲအပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေ လက်ထဲအပ်ဖို့လိုတယ်။ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုတယ်။ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်အောင်ပါ ” လို့ပြောကြားခဲ့ပါတယ်။ ဒီစကားရပ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀ မှာပါရှိတဲ့ “နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စု နယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများများစသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ”ဆိုတဲ့အချက်နဲ့ ကိုက်ညီမှုမရှိပါဘူး။ ပြည်ထောင်စုပြိုကွဲရေးအတွက်ဦးတည်နေပြီး သဘောထားမမှန်ကန်တာတွေ့ရပါတယ်။ လွတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ တောင်းဆိုမှုတွေကို ဝေဖန်မပြောဆိုသင့်ပါဘူး။ တရားလက်လွတ် တာဝန်မဲ့စွာ ပြောဆိုနေတာကိုတွေ့ရပါတယ်။
ရခိုင်ပြည်နယ်ကြီး ခွဲထွက်သွားလို့ ရခိုင်ပြည်နယ်ကို ရခိုင်သားတွေနဲ့ပဲကာကွယ်မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ ကုလားပြည်နယ် ဖြစ်သွားပါလိမ့်မယ်။ အခုဆိုရင်တောင် ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဘင်္ဂလီလူမျိုးအရေအတွက်ဟာ ခုတောင် ၃၅%ကျော်နေပါပြီ။ သူတို့ရဲ့မွေးဖွားနှုန်းနဲ့ဆိုရင် သိပ်မကြာခင်မှာ တိုင်းရင်းသားလူဦးရေထက် ပိုများသွားပါလိမ့်မယ်။ ဒေါက်တာအေးမောင်ရဲ့ ပြောဆိုတဲ့စကားတွေကို ပြန်ပြီးတော့ လေ့လာကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ကို ဘင်္ဂလီကုလားတွေလက်ထဲရောင်းစားမယ့် အစီအမံတွေရှိနေကြောင်းကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတော်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီကုလားတွေ စိုးမိုးခွင့် မရရှိရေးဟာ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပြီး ပြည်သူအားလုံးမှ ၀ိုင်းဝန်းပါဝင်ကြဖို့ နှိုးဆော်လိုက်ရပါတယ်……

No comments:

Post a Comment