Links

clock

Thursday, June 14, 2012

ရခိုင်ပြည်နယ်မှာ အုပ်ချုပ်မှု ယန္တရား ပုံမှန်လည်ပတ်

နိုင်ငံတော်အစိုးရ၏စွမ်းဆောင်ချက် တပ်မတော်သား တို့၏ဆောင်ရွက်ချက် ပြည်သူများ၏ ကူညီမှုတို့ကြောင့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည် ၁၂၀၀၀ ခန့်ရှိနေသော်လည်း မကြာမှီနေသို့ပြန်လည်ရွေ့ပြောင်းနိုင်မည်ဟုသိရပြီး
အုပ်ချုပ်မှုယန္တရားများလည်းပုံမှန်လည်ပတ်နိုင်တော့မည်ဟုသိရပါတယ်။

"ယနေ့ဆိုလျှင် မနေ့ကထက်ပိုပြီးတော့ အခြေအနေကောင်းတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ခန်းများလည်း ပြန်လည်ဖွင့်လှစ်သလို ဘဏ်တွေလည်းပြန်လည်ဖွင့်လှစ်ပါတယ
်။ လုပ်ငန်းတွေ အုပ်ချုပ်မှု ယန္တရားလည်း လည်ပတ်နိုင်အောင် ကျနော်တို့ စီမံထားပါတယ်။ ကယ်ဆယ်ရေးအတွက်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရင်းနဲ့ တစ်ပြိုင်နက်ထဲ အုပ်ချုပ်မှုယန္တရားပါ ပြန်လည် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကိုလည်း လက်ရှိထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။" (ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်း မှ ယနေ့ညနေသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခြင်းဖြစ်သည်။

No comments:

Post a Comment