ဇွန်လ ၈ ရက်
မှော်ဘီမြို့နယ်၊သင်တောရိုးကျေးရွာ၊ သီတင်းသုံး နေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ လူမှုကိစ္စတွေမှာ ပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တဲ့ အလုပ်တွေ လုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်း တိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ ဒါကလဲ အကြိမ်ကြိမ် သတိပေး ထားလျက်နဲ့ ဘုရားဟောမဟုတ်တဲ့ တရားတွေကို ထည့်သွင်း ဟောပြောနေလို့ ကြည့်မြင်တိုင်မှာ နေခွင့်မရခဲ့တာပါ။ အခုမှော်ဘီ ကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်တော့လဲ ရွှေည၀ါ ဘုန်းတော်ကြီးအနေနဲ့ သတိပြုဆင်ခြင်တာမတွေ့ရပါဘူး။ မှော်ဘီမှာ လဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ် သံဃာ့နာယကဆရာတော်က ရွှေည၀ါဆရာတော် အနေဖြင့် ဆန္ဒပြ အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့် လက်ခံပါ သော်လည်း ရေည၀ါဆရာတော် ကိုယ်တိုင် အလုပ်သမားထုရှေ့မှာ ထွက်မရပ်ဖို့နဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ဖို့ သတိပေးခဲ့တယ်လို့လဲ သိရပါတယ်။ ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ ရဟန်းရှင်လူတွေရဲ့ လျှောက်ထားလွှာ တော်တော်များများမှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက် ထားတွေများပါတယ်။ အရင်တုန်းကတော့ စစ်အစိုးရမို့ ဆန့်ကျင်တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခုဟာကဒီမိုကရေစီအစိုးရဆိုတော့ အစိုးရ ဆန့်ကျင်ရေး ဟောပြောတာမျိုးတွေဟာ အခြေအနေအချိန်အခါမဟုတ်တော့ဘူးလို့ပဲလျှောက်ထားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိ ဒီမိုကရေစီအစိုးရဖြစ်နေပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်နေပြီမဟုတ်လား ။
ရွှေည၀ါဆရာတော်ဦးပညာသီဟကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ပြည်သစ်ညွန့်ဝေ အဖွဲ့)နဲ့ အခြားအဖွဲ့အစည်းတွေက ငွေကျပ်သိန်းရာချီပြီးပေးပို့လှူဒါန်းထားတဲ့အတွက် အခုလိုမျိုး လူမှုရေးတွေ လုပ်နေရ တာလို့လည်း သိရပါတယ်။ ပြည်သစ်ညွန့်ဝေဆိုတာ ဟိုးအစိုးရအဆက်ဆက်ကထဲက ပြည်ပမှာ နေပြီးဆန့်ကျင်ရေး တွေလုပ်နေတာပါ။ နိုင်ငံခြားမှာ အဆက်အသွယ်ကောင်းတွေရပြီး ကြီးပွားချမ်းသာနေတဲ့သူ တစ်ယောက်ပါ။ ဒီမိုကရေစီ အရေးအကြောင်းပြပြီး ကမ္ဘာအရပ်ရပ်ကလှူဒါန်းငွေတွေထဲမှ ဗမာပြည်ကဒီလိုမျိုး ဦးဆောင်နိုင်သူတွေကိုဆယ်ပုံပုံ၊ တစ်ပုံ လောက်ပေးတဲ့ငွေကြေးဖြစ်ပါတယ်။ လူခိုင်းသမျှ ဘုန်းကြီးကလုပ်နေရတဲ့အဖြစ်မျိုးက မသင့်တော်ပါဘူး။
ဒါကိုရွှေည၀ါဆရာတော်အနေနဲ့ အဟုတ်ကြီးထင်ပြီး ဗုဒ္ဓရဲ့သာသနာသုံးရပ်ပြန့်ပွားအောင်မလုပ်ဘဲ လူမှုရေးတွေ လျှောက်လုပ်နေတာမျိုးကတော့ ဘုန်းကြီးတွေ လုပ်ရမယ့် အလုပ်မဟုတ်တော့ပါဘူး။ထင်ပေါ်ကျော် ကြားလိုမှုတစ်ခု ထဲနဲ့တော့ သာသနာကို မထိခိုက်စေချင်ပါဘူး။ ထင်ပေါ်ကျော်ဇောလိုမှုကိုမျှော်မှန်းပြီး ဆန္ဒပြအလုပ်သမားတွေ ရှိတဲ့နေရာ သွားလိုက်၊ လာဘ်လာဘရလိုမှုကို မျှော်ကိုးပြီး ပြည်တွင်းပြည်ပက အစိုးရဆန့်ကျင်ရေးသမားတွေနဲ့ တွေ့လိုက်လုပ်နေ တာဟာဖြင့် ဘယ်နည်းနဲ့မှ ကြားလို့ မကောင်းတဲ့ အဖြစ်တွေပဲဖြစ်ပါတယ်။ လူကလူအလုပ် လုပ်၊ မြင်းကမြင်းအလုပ် လုပ်၊ ဘုန်းကြီးလဲ ဘုန်းကြီးအလုပ်လုပ်နေမယ်ဆိုရင်တော့ မြတ်စွာဘုရားရဲ့တရားတော်နဲ့လဲ ညီညွတ်မယ်။ ဗုဒ္ဓသာသနာ လဲ ရောင်ဝါနေလို ထွန်းလင်းနေပါလိမ့်မယ်။ စိတ်လက်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့၊ ဖြာဖြာဆုလာဘ်၊ ရစေတတ်ဖို့ ဆိုရင်တော့ နိုင်ငံရေးမပါတဲ့ တရားတွေဟောပြောခြင်းဖြင့် သာသနာပြုစေချင်ပါတယ်။
ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒ သာသနာသုံးရပ်စလုံးကို ကျင့်ကြံအားထုတ်ဖို့ ဆိုတာ ဆရာတော်ရဲ့ ပင်မအလုပ်ပါ။ နိုင်ငံရေးမပါတဲ့တရားဆိုတာဘယ်လိုဟာမျိုးလဲလို့ မေးနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေး ရန်ညှိုးမထားတဲ့ တရားလို့ အလွယ်ဆုံး ဖြေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့မှာပါတဲ့ အတိုင်းပြောရယင် “ဆင်းရဲလို ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ“ ဆိုတာမျိုး၊ ဒေါသကင်းတဲ့ အဟောအပြောမျိုးပဲဖြစ်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ သံသရာမှာ အပယ်ဘုံကို ရောက်နေမှာစိုးလို့ ဒီလိုမျိုးရေးသားတင်ပြနေတာဖြစ်ပါတယ်။













No comments:
Post a Comment