Links

clock

Monday, June 11, 2012

ရခိုင်ပြည်နယ်တွင်ဒုက္ခသည်ဦးရေ တစ်သောင်းကျော်အထိရှိလာ

ယခုရက်သတ္တပတ်အတွင်းရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျှက်ရှိသောအကြမ်းဖက်မှု့များကြောင့်ပြည်နယ်တစ်ခုလုံးတွင်ဒုက္ခသည်ပေါင်း၁၂၀၇၄ဦးရှိသွား ပြီဖြစ်ကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှယနေ့မွန်းလွဲ၂နာရီအထိ ကောက်ခံထားသော စာရင်းများအရသိရသည်။ ပါတီတာဝန်ရှိသူများပြောကြားချက်အရဒုက္ခသည်ဦးရေမှာထပ်မံတိုးလာ ဖွယ်ရှိနေသေးပြီး မောင်တောမြို့နယ်တွင် ၃၈၇၄ဦး၊ စစ်တွေမြို့နယ်တွင် ၄၉၀၀ဦး၊ဘူးသီးတောင်တွင်၁၃၀၀ဦးနှင့်ရသေ့တောင်မြို့နယ်တွင်၂၀၀၀ဦးခန့်ရှိပြီးဒုက္ခသည်အများစုမှဘင်္ဂါလီလူမျိုးများ၏မီးရှို့ဖျက်ဆီးမည့် ရန်ကိုစိုးရိမ်ကြောက်ရွံ့ကာရွာများကိုစွန့်ခွာထွက်ပြေးလာသူများအများဆုံးဖြစ်သည်ဟုသိရသည်။ဒုက္ခသည်စခန်းအများစုကိုဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် အချို့နေရာများတွင် ရဲတပ်ဖွဲ့စခန်းများတွင်ဖွင့်လှစ်ထားသည်ဟု အဆိုပါပါတီမှသိရသည်။

No comments:

Post a Comment