Links

clock

Saturday, June 16, 2012

ယနေ့ နံနက်ပိုင်းချိန်ထိ စစ်တွေနှင့်မောင်းတောအခြေအနေ တည်ငြိမ်လျှက်ရှိ

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဈေးဆိုင်အချို့သည် ယမန်နေ့က နံနက်ပိုင်းမှ နေလည့် ၁၂ နာရီအချိန် ခန့်အထိ ဖွင့်လှစ်လာကြောင်း သိရပါသည်။ထို့အတူ မောင်တော မြို့၏ အခြေအနေမှာလည်း ယနေ့ နံနက်ပိုင်းတွင် တည်ငြိမ်နေကြောင်းနှင့် မောင်တောမြို့ ပတ်ဝန်းကျင်ရှိ အကူအညီလိုအပ်နေသော ကယ်ဆယ်ရေးစခန်းများသို့ ရိက္ခာများကိုလည်း မောင်တောမြို့မှ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ မောင်တောမြို့ ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များသည် ၄င်းတို့၏ သက်ဆိုင်ရာရွာမျာသို့ ပြန်လည်သွားရောက်နေထိုင်ရန် စိုးရွံ့နေကြောင်း မောင်တော မြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်းတွင် ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး အခြေအနေငြိမ်သက်နေ၊ ကယ်ဆယ်ရေးစခန်းများ၌ လူဦးရေ သောင်းချီခိုလှုံလျက်ရှိပြီး အချို့နေရာများ၌ စားနပ်ရိက္ခာခက်အခဲဖြစ်ပေါ် နေသည်ဟုလည်းသိရပါတယ်။

No comments:

Post a Comment