လက်နက်ရှာဖွေတွေ့ရှိ၊ ဘုန်းတော်ကြီးကျောင်း မီးရှို့ခံရ၊ အရပ်သားတဦး သေနတ်ထိမှန်သေဆုံး
ဓည၀တီ (၈) ရပ်ကွက်တွင် လုံထိန်းနှင့် လက်နက်ကိုင် ဘင်္ဂါလီများအကြား အပြန်အလှန်ပစ်ခတ်မှုများ ယခု သတင်းရေးသားချိန် မွန်းလွဲပိုင်းတွင် ဖြစ်ပွားလျှက်ရှိသည်ဟု စစ်တွေမြို့ခံက ပြောသည်။
အပြန်အလှန်ပစ်ခတ်မှုများ အတွင်း ယင်း(၈) ရပ်ကွက် မူဆလင်သင်္ချိုင်းအနီး အသက် (၂၂) နှစ်ရွယ် ရခိုင်အရပ်သား တဦးသေနတ်မှန်ကာ ယင်းဒဏ်ရာဖြင့် သေဆုံးသွားသည်ဟုလည်း ၎င်းမြို့ခံက ပြောသည်။
ဘုန်းကြီးကျောင်း မီးရှို့ခံရ
စစ်တွေမြို့ ရှိ စန္ဒလောက၊ ဇေယျမင်္ဂလာနှင့် ရတနာ့ဗိမာန် ဘုန်းတော်ကြီးကျောင်းတို့ ယနေ့ မီးရှို့ခံထားရကြောင်း သိရသည်။
စစ်တွေမြို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်အလုံအလောက်မရှိပဲ အချိန်မရွေး နေအိမ်များ မီးတင်ရှို့ခံရနိုင်ကာ အသက်အန္တရာယ်လည်း ရှိနေသည့်အခြေအနေဖြစ်သည်ဟု စစ်တွေမြို့ခံများက YPI သို့ပြောသည်။
လက်ပစ်ဗုံးနှင့် လက်နက်များရှာဖွေတွေ့ရှိ
ယနေ့နံနက် စစ်တွေမြို့မှ နောက်ဆုံးရ သတင်းများအရ မောလိပ်ရပ်ကွက်ရှိ ဒိုင်နမိုပြင်သူ ဦးညိုမှိုင်းထံမှ လက်ပစ်ဗုံး အလုံး ၁၀၀ ၀န်းကျင် သိမ်းဆည်းရမိထားတယ်လို့ ရဲစခန်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်များက ဆိုပါတယ်။ ဦးညိုမှိုင်းဟာ အာရ်အက်စ်အိုလို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့နဲ့ ဆက်စပ်မှုရှိ မရှိကို စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခြားသတင်းတရပ်မှာလည်း မောင်တောမှရန်ကုန်သို့ ပြန်လာတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ၀န်ထမ်း ဒေါ်မြနန္ဒာအောင်ဆိုသူကို မောင်တောမှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ သံသယရှိတာကြောင့် ရန်ကုန်သို့သွားမယ့် လေယာဉ်ပေါ်မတက်ရောက်မီ စစ်တွေလေဆိပ်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့မှာပဲ ဗလီအဆောက်အဦတခုရဲ့ နဘေးမှာ လက်နက်သေတ္တာ (၂) လုံးတွေ့ရှိရတယ်ဆိုတဲ့ သတင်းလည်း ရဲသတင်းရပ်ကွက်ကပဲ ရရှိပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်တွေရဲစခန်းကို ဆက်သွယ်မေးမြန်း ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ။
YPI













No comments:
Post a Comment