ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော် အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မေတ္တာပို့ ဆုတောင်းခဲ့ကြောင်းနှင့် ထို့အတူ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်လိုသူအချို့က မြို့တော်ခန်းမရှေ့တွင် စာတမ်းများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖေါ်ရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်မှုကြောင့် ဆန္ဒပြခွင့် မရခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆူးလေစေတီတော်နှင့် မြို့တော်ခန်းမ အနီးတစ်ဝိုက်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားသည်ကို တွေ့ရှိရပါသည်။အမှန်တကယ်တွင် ရခိုင်ပြည်နယ်တွင်
ဖြစ်ပွားနေသော အကြမ်းဖက်မှု့များပပျောက်စေလျင်၊သို့မဟုတ် ရခိုင်များကို စာနာလျင်၊ရခိုင်ပြည်နယ်ကိုသွားပီးကူညီမှု့ပေးပါ၊သို့မဟုတ် ရခိုင်လူမျိုးများအတွက် လိုအပ်တဲ့အကူအညီပေးသင့်ပါတယ်။ဘုရားမှာစုတောင်းပီးစုရုံးစုရုံးလုပ်ကာ အုပ်စုဖွဲခြင်းမျိုးတွေမလုပ်သင့်တော့ပါဘူး။ဒီအချိန်မှာဆန္ဒထုပ်ဖော်နေရုံနှင့် ရခိုင်ပြည်နယ်က ရခိုင်တွေငြိမ်းချမ်းမှာမဟုတ်သလို၊ဒေါ်စု
ကြည်လို မယောင်ရာဆီလူးတော့မလုပ်သင့်ပါဘူး။

No comments:
Post a Comment