Links

clock

Friday, June 15, 2012

ILO ဆန်ရှင်ရုပ်သိမ်းမှူ ဒေါ်စုကြောင့် မဟုတ် ၊ အစိုးရသစ်ကြောင့်ဖြစ်သည်ဟု ILO ကြေငြာခဲ့


ILO ဆန်ရှင် ရုပ်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လိုပတ်သက်သလဲ
(ဇွန်လ ၁၃ ရက်နေ့တွင် ရေးသည်)

ဒီမေးခွန်းဟာ စိတ်ဝင်စားစရာ မကောင်းသေးဘူး။ ကောင်းလာတော့မှာ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ILO မှာ မိန့်ခွန်းပြောတော့မှာမလို့ ဖြစ်တယ်။ အခု မပြောသေးဘုးနော်။ မိန့်ခွန်းပြောတာနဲ့ ရုပ်သိမ်းတဲ့သတင်း ရောထွက်လာတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပဲ ILO ဆန်ရှင် ရုပ်သိမ်းသွားသလိုလို အမြတ်ထုတ်မှာ ကြိုမြင်နေလို့ အခုလို ရေးလိုက်တာပဲ။
 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှ မဆိုင်ဘူး။
ဒီလင့်မှာ ကြည့် ။ ILO ကလည်း ဒဲ့ကို ရေးထားတယ်။
 http://www.ilo.org/global/about-the-ilo/press-and-media-centre/news/WCMS_183287/lang--en/index.htm
 “The decision, taken by the International Labour Conference during its annual meeting in Geneva, comes a day before Daw Aung San Suu Kyi, the Chairperson of the National League for Democracy (NLD) and Member of Parliament in Myanmar, addresses the Conference’s plenary on Thursday 14 June.”
 အဲဒါက မြန်မာအစိုးရသစ်ကြောင့်ပဲ။ ဘယ်သူ့ကြောင့် ရုပ်သလဲ။ မြန်မာအစိုးရသစ်ကြောင့် ရုပ်တယ်။ အဖြေက ဒါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်နေသူတွေ ၀ိုင်းပြီး အမွှမ်းတင်မှာ ကြိုသိနေလို့ သူ မိန့်ခွန်းမပြောခင် ကြိုပြီးရေးလိုက်တာပဲ ဖြစ်တယ်။ ဒါတွေဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ စွမ်းဆောင်ချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဘူး။ ရှင်းအောင် ဒီမှာ ထပ်ရှင်းပြမယ်-
 ဇွန်လ ၇ ရက်နေ့ ILO အစည်းအဝေးမှာ မြန်မာနိုင်ငံက ၀န်ကြီးဦးအောင်ကြည်နဲ့အတူ အလုပ်ရှင်၊ အလုပ် သမား ကိုယ်စားလှယ်တွေ တက်တယ်။ အဲဒီမှာ ဆန်ရှင်ကြောင့် ဘယ်လိုထိခိုက်နစ်နာနေရတယ် ဆိုတာကို အလုပ်ရှင်ကိုယ်စားလှယ်က တင်ပြတယ်။ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းပြီး ဘယ်လိုတိုးတက်မှုတွေ ရှိလာပြီဆိုတာကို အလုပ်သမား ကိုယ်စားလှယ်က ရှင်းတယ်။
ဦးအောင်ကြည်ရဲ့ ရှင်းလင်းချက်မှာ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဆောင်နေတယ်။ အစိုးရသစ် လ်ကထက်မှာ ဘယ်လိုမျိုးတွေ ဆောင်ရွက်နေတယ ဆိုတာကို တစ်ချက်ချင်း ရှင်းထားတယ်။ ILO နဲ့ မြန်မာနိုင်ငံအကြားမှာ ထားရှိခဲ့တဲ့ ကတိက၀တ်တွေ၊ ကွန်ဗင်းရှင်းတွေအပေါ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက်အလေးထားပြီး ဆောင်ရွက်ခဲ့တယ် ဆိုတာကို ရှင်းပြတယ်။ ဒါတွေက တစ်ကယ်လုပ်မှ ရှင်းနိုင်တာ။ တစ်ကယ်မလုပ်ရင် ILO ကလည်း သိနေတာပဲ မဟုတ်လား။ ပြီးတော့ ဦးအောင်ကြည်က တားမြစ်ချက်တွေ ရုပ်သိမ်းပေးဖို့ အချိန်တန်နေပြီ ဖြစ်ကြောင်း တောင်းဆိုခဲ့တယ်။ ဒါကို ဇွန်လ ၁၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားတာကို တွေ့ရှိနိုင်ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ် ၁၀၁ ကြိမ်မြောက် ညီလာခံမှာ ILO ရဲ့ Resolution concerning the measures on the subject of Myanmar adopted under article 33 of the ILO Constitution မှာ မြန်မာနိုင်ငံအပေါ် ILO က ပိတ်ဆို့တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးလိုက်တယ်။ ဒါကိုလည်း ILO က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှမဆိုင်ကြောင်း သိသာ ထင်ရှားအောင် သတင်းထုတ် တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောခင် (၁)ရက်အလို ဆိုပြီး ဒဲ့ကြီးကို ထည့်သွင်းဖော်ပြ ထားတာ တွေ့ရှိရတယ်။
ဒါဆိုရင် ရှင်းမယ် ထင်ပါတယ်။ ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပဲ ရုပ်သလိုလို ရောကြိမ်ပြီး ကျိန်းသေ အမှတ်ယူတော့မှာ ကြိုသိနေတဲ့အတွက် ရှင်းလင်းအောင် ကြိုပြီး အသိပေးထားတာနော်။ ကြိုပြောထားရဲ့သားနဲ့ အသားယူလာရင်၊ ဦးသိန်းစိန် လုပ်တာ သူပဲလုပ်သလိုလို အချောင်နှိုက်လာရင် ပိုးစက်ပက်စက် ပြောလိုက်မယ် ဆိုတာ ကြိုပြီး ကြေညာလိုက်တာပဲ ဖြစ်တယ်။
မောင်ကျောက်ခဲ

No comments:

Post a Comment