KIA ဗဟိုမှဗိုလ်လဆိုင်းနဲ့ လူတွေက မနေ့ည ၁နာရီခွဲလောက်တုန်းက နော့လန်ရွာသို့ ရောက်လာပြီး ရွာမှ
ရွာသား၎ဦးကို တပ်သားသစ်အဖြစ် အတင်းအဓမ္မလူသစ် စုဆောင်း သွားခဲ့ ပါတယ်။ နော့လန်ရွာမှ မနက် ၂နာရီမှာဆကားပါရွာသို့ထွက်ခွါသွားပြီး ဆကားပါရွာမှ ရွာသား ၅ ဦးကိုလဲတပ်သားသစ်အဖြစ်အတင်းအဓမ္မ စုဆောင်းခဲ့တယ်လို့ ဆကားပါရွာသားများကပြောပါတယ်။KIAအခုလိုမျိုးညအချိန်မတော်လူတွေအိပ်ချိန်မှာ အတင်းအဓမ္မဖမ်းဆီးပြီးလူသစ်စုဆောင်းနေတာတွေက တော်တော်လေးများနေပါပြီးရွာတွေမှာရှိတဲ့ ယော

ကျာင်္းလေးတေကွ အိမ်မှတောင်မအိပ်ရတော့ဘဲ တောထဲမှာ မြွေတွေကင်းတွေမကြောက်ဘဲသွားရောက်ပြီး ပုန်းခိုအိပ်နေကြရပါတယ်။ ကချင်ရွာသားတွေက အိပ်ကောင်းချင်း မအိပ်ရစားကောင်းချင်းမစားရဘဲ မိသားစုစားဝတ်နေရေးကိုလုပ်ဆောင်ခြင်းမရှနိုင်ဘဲKIAရဲ့အတင်းအဓမ္မစုဆောင်းခြင်းကိုမခံရအောင်စိတ်
ဆင်းရဲကြီးစွာနဲ့နေထိုင်နေရတယ်လို့ ဆကားပါရွာကသားတစ်ယောက်ရဲ့ မိခင်တစ်ဦးမှ KDN သတင်းကိုလိုက်လံယူဆောင်ပေးနေတဲ့သူတစ်ဦးအား ပြောပြခဲ့ပါတယ်။

No comments:
Post a Comment