အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF )ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းသည် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်မှ ပါတီ ခေါင်းဆောင်ရာထူးသို့ ပြောင်းလဲ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း NDF ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦး က ပြောကြားသည်။
ပါတီခေါင်းဆောင်ဖြစ်သူ ဦးခင်မောင်ဆွေမှာ ပါတီခေါင်းဆောင် အဖြစ်မှ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌရာထူးသို့ ပြောင်းလဲတာဝန် ယူမည်ဖြစ်သည်။
"အန်ကယ့်အသက်အရွယ်နဲ့ ကျန်းမာရေးက သိပ်ပြီးတော့ တက်တက်ကြွကြွလုပ်ဖို့ ခွင့်မပြုတော့ဘူး။ ဦးခင်မောင်ဆွေက ငယ်သေးတဲ့အပြင် ကျန်းမာရေးလည်း ကောင်းတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဆိုတာ အလုပ်ပိုလုပ်နိုင်တဲ့သူ ဖြစ်ဖို့လိုပါတယ်" ဟု ဒေါက်တာသန်းငြိမ်းက ရာထူး တာဝန်ပြောင်းလဲ ထမ်းဆောင်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှာ ၂၀၁၁ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက် ထားခြင်းမရှိခဲ့သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှခွဲထွက်၍ နိုင်ငံရေး ပါတီအဖြစ် ထူထောင်ခဲ့သော ပါတီဖြစ် သည်။

No comments:
Post a Comment