Links

clock

Saturday, October 27, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပိုလန်သမ္မတနိုင်ငံ၊ ဆီးနိတ်လွှတ်တော်ဥက္ကဌ H.E.Mr. Bogdan Borusewicz ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ




နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ နံနက် ၁၀ နာရီတွင် ပိုလန်သမ္မတနိုင်ငံ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ H. E. Mr. Bogdan Borusewicz ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးမောင်နှင့် ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဆီးနိတ် လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ပိုလန်နိုင်ငံသံအမတ်ကြီး H. E. Mr. Jerzy Bayer နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာ၌ မြန်မာ-ပိုလန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုသာမက ကဏ္ဍစုံတွင်ပူးပေါင်း ဆောင်ရွက်ရေး၊ ဝန်ထမ်းများ အရည်အချင်း မြင့်မားစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ နောက်ဆက်တွဲ လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
 နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment