Links

clock

Sunday, December 23, 2012

သဘာဝတို့လည်း ပြုပြင်ပြောင်းလဲရေးဆန္ဒပြပြီ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့တက်ရောက်၍ အာဆီယံနှင့်
အိန္ဒိယ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုပြောဆိုဆွေးနွေးခဲ့ပါသည်။ထို့အပြင် မြန်မာ့စီးပွားရေးဇုန်များဖြစ်သော ထားဝယ်၊သီလ၀ါ၊ ကျောက်ဖြူ စသည့် ရေနက်ဆိပ်ကမ်းများတွင်လည်း လာရောက်ရင်းနှီးမြုတ်နှံဖို့ဆွေးနွေးမှုများပြုလုပ်ခဲ့
ပါသည်။အိန္ဒိယရောက် ရွေှ့မြန်မာများသည့်ရသည့်အခွင့်အရေးကိုလက်လွှတ်မခံ သူများတွေဆန္ဒပြနေကြသည်။သမ္မတကြီး
ရောက်တုံးဆန္ဒပြလိုက်ကြပါသေးတယ်။သူတို့လိုလားချက်အတိအကျကိုမသိရပါ။သူများက လက်ပံတောင်းတောင်ဆိုလို့
သာလက်ပံတောင်းတောင်ဟုအော်လိုက်ကြသည်။လက်ပံတောင်းတောင် ဘယ်နားရှိမှန်းတောင်သိပုံမရပါ။ဘာကြောင့်ယ
ခုလိုလက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကြီးထွားလာရလဲ ဇစ်မြစ်ကျကျ မသိပါ။အပြေုာင်းအလဲကိုလိုလားသည်၊ ဆ
န္ဒပြပွဲဆိုလျင်ပါလိုက်မည်။ဆန္ဒပြခွင့်ရှိတုံး ဘာဖြစ်ဖြစ်ဆန္ဒပြမည်၊ ဘာကိုမှဆန္ဒပြစရာမရှိလျင် ခွေးနှစ်ကောင်းပူးတာလည်း
ပြမည်ဆိုသည့်ပြုပြင်ပြောင်းလဲရေးလိုလားသည့် ရှေ့ဆောင်ဆန္ဒပြသမားတို့၏ရည်ရွယ်ချက်က ကြီးမားလှပါသည်။
ဆန္ဒပြခွင့်ရတုံးဘုန်းကြီးပါမကျန်ဆန္ဒပြလိုက်ကြပါသေးတယ်။
            ပြည်သူအများသည် မြန်မာပြည်ကြီးပြောင်းလဲရေးကိုလိုလားမက်မောခဲ့ကြပါသည်။မြန်မာနိုင်ငံသည် ပြောင်းလဲမှု
များဖြင့် ရှေ့သို့ခြေလှမ်းကျဲကျဲဖြင့်တိုးတက်နေအောင် တာဝန်ရှိသူအဆင့်ဆင့်တို့မှကြိုးစားလုပ်ကိုင်လျက်ရှိကြပါသည်။ထို့
အတူ ပြည်သူတွေအလိုကျ ဒေါ်စုကြည်ကိုပင် လွှတ်တော်တွင်နေရာပေး၍သော်လည်းကောင်း အခြားသောအဓိကအရေးပါ
သည့်နေရာများတွင်လည်းတာဝန်စေခိုင်းလုပ်ကိုင်စေလျက်ရှိပါသည်။မြန်မာပြည်သည် အမှန်တကယ်ပင်တိုးတက်ပြောင်း
လဲလျက်ရှိနေပါသော်လည်းမြန်မာလူမျိုးတို့များ မည်သို့သောအပြောင်းအလဲကိုလိုလား၍ ယခုကဲ့သို့တရှိန်ထိုး
ပြောင်းလဲမှုကိုလက်မခံနိုင်ကြပါလဲဟုစဉ်းစားစရာဖြစ်လာပါပြီ်။ ထားဝယ်ရေနက်ဆိပ်ကမ်း၊ မြစ်ဆုံ၊ ယခုလက်ပံတောင်း
တောင်စသည့်ကိစ္စရပ်တို့တွင်အုပ်အော်သောင်းနင်းဆန္ဒပြခဲ့ကြပါသည်။
            အမှန်တကယ်တော့ယခုလိုဆန္ဒပြနေကြသည်မြန်မာပြည်သူတို့လိုလားသည့်အပြောင်းအလဲ ဆိုသည်မှာ ဘာအလုပ်မှမလုပ်ရပဲ ထိုင်နေရုံနှင့်စားသောက်ချမ်းသာနိုင်မည့်အပြောင်းအလဲ၊ ၄င်းပြည်သူများကိုဘာအလုပ်မှမလုပ်ပဲ
ချမ်းသာအောင်စေလုပ်ပေးနိုင်မည့်အပြောင်းအလဲမျိုးကိုပြုလုပ်ပေးနိုင်မည့်အစိုးရ စသည့်အပြောင်းအလဲတို့ကိုသာအမှန်
စင်စစ်မျှော်လင့်နေကြခြင်းဖြစ်ပါသည်။ပြည်သူတွေအတွက်လိုလားသည့်ပြောင်းလဲမှုများထဲမှ ယခုပြောင်းလဲနေသည့်အ
ပြောင်းအလဲများထဲတွင် အဓိကလုပ်ဆောင်ရမည့်အပိုင်းမှာ ဆန္ဒပြပြည်သူတွေ၏အခြေခံစိတ်ဓါတ်ကိုပါထပ်မံပြောင်းလဲ
ပေးရန်လိုအပ်နေပါပြီ။ခံယူချက်မရှိသည့် ပြည်သူများကိုနိုင်ငံသားကောင်းပီပီခံယူချက်ပြည့်ဝစေရန် စိတ်ဓါတ်မြင့်တင်ပေး
နိုင်မှ အများလိုအပ်သည့်အပြောင်းအလဲသည့်ဆူးညှောင့်ခလုပ်မရှိပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့် သဘာဝ တို့
လည်း ဆန္ဒပြပြည်သူတို့၏အခြေခံ ခံယူချက်စိတ်ဓါတ်များကောင်းမွန်မြင့်မားစေရန်၎င်းတို့၏စိတ်ဓါတ်များ
အားပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြလိုပါသည်။

No comments:

Post a Comment